Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

နစ္နာေၾကး က်ပ္သိန္းတစ္ေထာင္ခန္႔ မေပးဘဲ တိမ္းေရွာင္ေနသူကို သတင္းေပးပါက ဂီတအစည္းအ႐ံုး က်ပ္ဆယ္သိန္းေပးမည္ဆို

Byဇြဲဉာဏ္On  Thu, 2015-10-22 06:30Location ရန္ကုန္

 မႏၲေလးတြင္ ခုိးကူးေခြ ေရာင္းခ်မႈျဖင့္ နစ္နာေၾကးက်ပ္ သိန္းကိုးရာေက်ာ္မေပးဘဲ တိမ္း ေရွာင္ေနသူအား ဖမ္းဆီးႏိုင္ရန္ ေနရာအတိအက်သတင္းေပးသူ ကို ဆုေငြက်ပ္ဆယ္သိန္းခ်ီးျမႇင့္ေပးမည္ဟု ျမန္မာႏိုင္ငံဂီတအစည္း အ႐ံုးမူပိုင္ခြင့္ခ်ဳိးေဖာက္မႈကာ ကြယ္တားဆီးေရးေကာ္မတီ အတြင္းေရးမွဴးသားစိုးကေျပာ သည္။

‘‘ဖမ္းဆီးလို႔မိၿပီဆုိတာနဲ႔ ဆုေငြခ်ီးျမႇင့္မွာပါ။ ေနာက္ၿပီး သတင္းေပးသူရဲ႕လံုၿခံဳေရးအတြက္လည္း အျပည့္အဝတာဝန္ယူပါတယ္’’ ဟု ၎ကေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၃ ဇန္နဝါရီ က မႏၲေလးတိုင္း ခ်မ္းေအးသာစံ ၿမိဳ႕နယ္တြင္ ထြန္းႏိုင္ Mobile Phone ႏွင့္ DVD အေခြအေရာင္း ဆိုင္မွ တရားမဝင္ခိုးကူးေခြျမန္မာ သီခ်င္းအခ်ပ္ေရ သံုးေထာင္ဖမ္းဆီးရမိခဲ့ၿပီး ဆိုင္ပိုင္ရွင္ထြန္းႏိုင္ကို အမွတ္ (၆) နယ္ေျမရဲတပ္ဖြဲ႕စခန္းတြင္ ဗီဒီယုိအက္ဥပေဒပုဒ္မ ၃၂(ခ)အရအမႈဖြင့္ခဲ့သည္။

ယင္းအမႈအတြက္ ၂၀၁၄ ဇူလိုင္တြင္ မႏၲေလးခ႐ိုင္တရား႐ံုး က ထြန္းႏိုင္အား နစ္နာေၾကးက်ပ္ သိန္း ကိုးရာ့သံုးဆယ္ ေပးေလ်ာ္ ရန္စီရင္ခ်က္ခ်ခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ နစ္နာေၾကးမေပးေဆာင္ဘဲ တိမ္းေရွာင္ေနဆဲျဖစ္သည္ဟု သားစုိးကေျပာသည္။

‘‘ေလာေလာဆယ္ တ႐ုတ္ နယ္စပ္ကိုေရာက္ေနတယ္လို႔ ေတာ့ၾကားပါတယ္’’ဟု ၎က ေျပာသည္။

ခိုးကူးေခြေရာင္းခ်ျခင္းႏွင့္ ပတ္သက္၍ ဂီတအစည္းအ႐ံုးသို႔ ဓာတ္ပံုႏွင့္တကြ သတင္းေပးႏိုင္ ရန္ ဗုိက္ဘာနံပါတ္ ၀၉ ၇၈၆၈၂၀၀၂၇ ကို ေအာက္တိုဘာ ၂၀ ရက္မွ စတင္ဖြင့္ထားေသာေၾကာင့္ ထြန္းႏိုင္ႏွင့္ပတ္သက္၍ သတင္း ရရွိပါက ယင္းဗုိက္ဘာနံပါတ္သို႔ သတင္းေပးႏိုင္သည္ဟု ၎က ေျပာသည္။
http://7daydaily.com/story/49199
...............................
နစ်နာကြေး ကျပ်သိန်းတစ်ထောင်ခန့် မပေးဘဲ တိမ်းရှောင်နေသူကို သတင်းပေးပါက ဂီတအစည်းအရုံး ကျပ်ဆယ်သိန်းပေးမည်ဆို

Byဇွဲဉာဏ်On  Thu, 2015-10-22 06:30Location ရန်ကုန်

 မန္တလေးတွင် ခိုးကူးခွေ ရောင်းချမှုဖြင့် နစ်နာကြေးကျပ် သိန်းကိုးရာကျော်မပေးဘဲ တိမ်း ရှောင်နေသူအား ဖမ်းဆီးနိုင်ရန် နေရာအတိအကျသတင်းပေးသူ ကို ဆုငွေကျပ်ဆယ်သိန်းချီးမြှင့်ပေးမည်ဟု မြန်မာနိုင်ငံဂီတအစည်း အရုံးမူပိုင်ခွင့်ချိုးဖောက်မှုကာ ကွယ်တားဆီးရေးကော်မတီ အတွင်းရေးမှူးသားစိုးကပြော သည်။

‘‘ဖမ်းဆီးလို့မိပြီဆိုတာနဲ့ ဆုငွေချီးမြှင့်မှာပါ။ နောက်ပြီး သတင်းပေးသူရဲ့လုံခြုံရေးအတွက်လည်း အပြည့်အဝတာဝန်ယူပါတယ်’’ ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ဇန်နဝါရီ က မန္တလေးတိုင်း ချမ်းအေးသာစံ မြို့နယ်တွင် ထွန်းနိုင် Mobile Phone နှင့် DVD အခွေအရောင်း ဆိုင်မှ တရားမဝင်ခိုးကူးခွေမြန်မာ သီချင်းအချပ်ရေ သုံးထောင်ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ပိုင်ရှင်ထွန်းနိုင်ကို အမှတ် (၆) နယ်မြေရဲတပ်ဖွဲ့စခန်းတွင် ဗီဒီယိုအက်ဥပဒေပုဒ်မ ၃၂(ခ)အရအမှုဖွင့်ခဲ့သည်။

ယင်းအမှုအတွက် ၂၀၁၄ ဇူလိုင်တွင် မန္တလေးခရိုင်တရားရုံး က ထွန်းနိုင်အား နစ်နာကြေးကျပ် သိန်း ကိုးရာ့သုံးဆယ် ပေးလျော် ရန်စီရင်ချက်ချခဲ့သော်လည်း လက်ရှိအချိန်အထိ နစ်နာကြေးမပေးဆောင်ဘဲ တိမ်းရှောင်နေဆဲဖြစ်သည်ဟု သားစိုးကပြောသည်။

‘‘လောလောဆယ် တရုတ် နယ်စပ်ကိုရောက်နေတယ်လို့ တော့ကြားပါတယ်’’ဟု ၎င်းက ပြောသည်။

ခိုးကူးခွေရောင်းချခြင်းနှင့် ပတ်သက်၍ ဂီတအစည်းအရုံးသို့ ဓာတ်ပုံနှင့်တကွ သတင်းပေးနိုင် ရန် ဗိုက်ဘာနံပါတ် ၀၉ ရ၈၆၈၂၀၀၂၇ ကို အောက်တိုဘာ ၂၀ ရက်မှ စတင်ဖွင့်ထားသောကြောင့် ထွန်းနိုင်နှင့်ပတ်သက်၍ သတင်း ရရှိပါက ယင်းဗိုက်ဘာနံပါတ်သို့ သတင်းပေးနိုင်သည်ဟု ၎င်းက ပြောသည်။

No comments:

Post a Comment