Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 29, 2015

ေရြးေကာက္ပဲြ ေအးခ်မ္းစြာၿပီးဆုံးရန္ ဆုေတာင္းသူမ်ား

ေရြးေကာက္ပဲြက်င္းပ ရန္ ၁၁ ရက္သာ လိုေတာ့သည့္အ ခ်ိန္တြင္ က်ေရာက္ေသာ သီတင္း ကြၽတ္လျပည့္ေန႔၌ ရန္ကုန္ၿမိဳ႕ရွိ တန္ခုိးႀကီး ေရႊတိဂုံေစတီသို႔ လာ ေရာက္ဖူးေျမာ္သူမ်ားထဲတြင္ ေရြး ေကာက္ပဲြေအးခ်မ္းစြာၿပီးဆုံးရန္ ဆုေတာင္းသူမ်ား ရွိခဲ့သည္။

ေရႊတိဂုံေစတီသို႔ လာေရာက္ဖူးေျမာ္သူ ၃၇ဦးကို ေရြးေကာက္ပဲြ ႏွင့္ပတ္သက္၍ 7Day သတင္းစာက က်ပန္းေမးျမန္းခဲ့ရာ ၁၂ဦးကေရြးေကာက္ပဲြ ေအးခ်မ္းစြာၿပီးဆုံး ရန္ႏွင့္ ေကာင္းမြန္သည့္ အစိုးရတစ္ရပ္တက္လာရန္ ဆုေတာင္းခဲ့ၿပီး ၁၀ ဦးက အမ်ဳိးသား ဒီမုိကေရစီအဖဲြ႕ခ်ဳပ္ အႏုိင္ရရန္ ဆုေတာင္းခဲ့ေၾကာင္းႏွင့္ ၁၅ ဦးက မိသားစုႏွင့္ ေဆြမ်ဳိးမ်ားအတြက္ ဆုေတာင္း ခဲ့ေၾကာင္း ျပန္လည္ေျဖၾကားသည္။

‘‘ျပည္သူလူထုအေပၚ တ ကယ္ေကာင္းမယ့္ တကယ္အ လုပ္အေကြၽးျပဳမယ့္၊ စိတ္ရင္းေစ တနာေကာင္းမယ့္၊ ပုဂၢိဳလ္မ်ဳိးကို တက္လာေစခ်င္တယ္။ ဒီမနက္ ဘုရားမွာ ဆုေတာင္းျဖစ္တာ လည္း အဲဒါပါပဲ။ ေနာက္တစ္ခု ကေတာ့ ေအးေအးခ်မ္းခ်မ္း ၿပီး ဆုံးဖို႔ေပါ့’’ဟု လား႐ႈိးၿမိဳ႕ေန တပ္မေတာ္အၿငိ္မ္း စား ဦးကိုကိုၿမိဳင္က ေျပာသည္။

ျပည္သူလူထုအမ်ားစုသည္ စား၀တ္ေနေရးအတြက္ ႐ုန္းကန္ ေနရၿပီး ေရြးေကာက္ပဲြ၌ ဆူပူအုံ ႂကြမႈျဖစ္မည္ကို စိုးရိမ္ေနေၾကာင္း ႏွင့္ ေအးခ်မ္းတည္ၿငိမ္စြာ ၿပီးဆုံး ေစရန္ ဆုေတာင္းမႈျပဳလုပ္ခဲ့ ေၾကာင္း သဃၤန္းကြၽန္းၿမိဳ႕နယ္မွ အသက္(၃၇)ႏွစ္အရြယ္ အမ်ဳိး သမီးတစ္ဦးက 7Day သတင္းစာအား ေျဖသည္။

‘‘ဆူဆူပူပူျဖစ္မွာကို စိုးရိမ္ တယ္။ ဒီေန႔ဘုရားလာတဲ့သူ အ မ်ားစုကလည္း ေအးေအးခ်မ္း ခ်မ္းၿပီးဆုံးဖို႔ပဲ ဆုေတာင္းၾကမွာ ပါ။ အဘြားလည္း အဲဒါပဲ’’ဟု သာေကတၿမိဳ႕နယ္မွ အသက္ (၆၂)ႏွစ္အရြယ္ ေဒၚျမင့္က ေျပာသည္။

ပါတီစဲြ၊ ပုဂၢိဳလ္စဲြမထားဘဲ ေရြးေကာက္ပဲြအဆင္ေျပေခ်ာ ေမြ႕စြာ ၿပီးဆုံးရန္ႏွင့္ ႏုိင္ငံႏွင့္လူ မ်ဳိးကို တုိးတက္ေအာင္ျပဳလုပ္ ေပးမည့္ ပါတီအစုိးရဖဲြ႕ႏုိင္ရန္ဆုေတာင္းသူ ငါးဦးရွိခဲ့သည္။

‘‘လြတ္လပ္ၿပီး တရားမွ်တ စြာနဲ႔ အႏုိင္ရတဲ့ပါတီကို လဲႊေပး တာမ်ဳိး ျဖစ္ေစခ်င္တယ္။ ဘယ္ သူရသြားပါေစလို႔ ဆုေတာင္းတာ မရွိပါဘူး။ အဓိကဆုေတာင္းျဖစ္ တာကေတာ့ ေကာင္းမြန္တဲ့ အစိုး ရတက္လာဖို႔ပဲ’’ဟု အသက္ (၄၃) ႏွစ္အရြယ္ ဦးသန္းလြင္က ေျပာ သည္။

‘‘အေမစုႏုိင္ဖုိ႔ပဲ ဆုေတာင္း ပါတယ္။ ေနာက္တစ္ခုက ေအး ေအးခ်မ္းခ်မ္းနဲ႔ ေအာင္ေအာင္ ျမင္ျမင္ၿပီးဆုံးဖို႔ ဆုေတာင္းတယ္။ တစ္မိသားစုလုံးလည္း ဒီခ်ဳပ္ကိုပဲ အားေပးတယ္’’ ဟု လမ္းမေတာ္ ၿမိဳ႕နယ္ေန မေမမ်ဳိးယဥ္ကေျပာသည္။

သီတင္းကြၽတ္လျပည့္ေန႔ တြင္ ေရႊတိဂံုေစတီသို႔ လာေရာက္ဖူးေျမာ္သူဦးေရမွာ ယမန္ႏွစ္က ထက္ ပိုမိုမ်ားျပားၿပီး ယခုႏွစ္တြင္ ႏွစ္သိန္းခန္႔ရွိခဲ့ေၾကာင္း ေဂါပက႐ုံးအဖြဲ႕မွဴး ဦးထြန္းေအာင္ေငြက ခန္႔မွန္းသည္။

7day daily
...................
ရွေးကောက်ပွဲ အေးချမ်းစွာပြီးဆုံးရန် ဆုတောင်းသူများ



ရွေးကောက်ပွဲကျင်းပ ရန် ၁၁ ရက်သာ လိုတော့သည့်အ ချိန်တွင် ကျရောက်သော သီတင်း ကျွတ်လပြည့်နေ့၌ ရန်ကုန်မြို့ရှိ တန်ခိုးကြီး ရွှေတိဂုံစေတီသို့ လာ ရောက်ဖူးမြော်သူများထဲတွင် ရွေး ကောက်ပွဲအေးချမ်းစွာပြီးဆုံးရန် ဆုတောင်းသူများ ရှိခဲ့သည်။

ရွှေတိဂုံစေတီသို့ လာရောက်ဖူးမြော်သူ ၃၇ဦးကို ရွေးကောက်ပွဲ နှင့်ပတ်သက်၍ 7Day သတင်းစာက ကျပန်းမေးမြန်းခဲ့ရာ ၁၂ဦးကရွေးကောက်ပွဲ အေးချမ်းစွာပြီးဆုံး ရန်နှင့် ကောင်းမွန်သည့် အစိုးရတစ်ရပ်တက်လာရန် ဆုတောင်းခဲ့ပြီး ၁၀ ဦးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရန် ဆုတောင်းခဲ့ကြောင်းနှင့် ၁၅ ဦးက မိသားစုနှင့် ဆွေမျိုးများအတွက် ဆုတောင်း ခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။

‘‘ပြည်သူလူထုအပေါ် တ ကယ်ကောင်းမယ့် တကယ်အ လုပ်အကျွေးပြုမယ့်၊ စိတ်ရင်းစေ တနာကောင်းမယ့်၊ ပုဂ္ဂိုလ်မျိုးကို တက်လာစေချင်တယ်။ ဒီမနက် ဘုရားမှာ ဆုတောင်းဖြစ်တာ လည်း အဲဒါပါပဲ။ နောက်တစ်ခု ကတော့ အေးအေးချမ်းချမ်း ပြီး ဆုံးဖို့ပေါ့’’ဟု လားရှိုးမြို့နေ တပ်မတော်အငြိ်မ်း စား ဦးကိုကိုမြိုင်က ပြောသည်။

ပြည်သူလူထုအများစုသည် စားဝတ်နေရေးအတွက် ရုန်းကန် နေရပြီး ရွေးကောက်ပွဲ၌ ဆူပူအုံ ကြွမှုဖြစ်မည်ကို စိုးရိမ်နေကြောင်း နှင့် အေးချမ်းတည်ငြိမ်စွာ ပြီးဆုံး စေရန် ဆုတောင်းမှုပြုလုပ်ခဲ့ ကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ အသက်(၃၇)နှစ်အရွယ် အမျိုး သမီးတစ်ဦးက 7Day သတင်းစာအား ဖြေသည်။

‘‘ဆူဆူပူပူဖြစ်မှာကို စိုးရိမ် တယ်။ ဒီနေ့ဘုရားလာတဲ့သူ အ များစုကလည်း အေးအေးချမ်း ချမ်းပြီးဆုံးဖို့ပဲ ဆုတောင်းကြမှာ ပါ။ အဘွားလည်း အဲဒါပဲ’’ဟု သာကေတမြို့နယ်မှ အသက် (၆၂)နှစ်အရွယ် ဒေါ်မြင့်က ပြောသည်။

ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ ရွေးကောက်ပွဲအဆင်ပြေချော မွေ့စွာ ပြီးဆုံးရန်နှင့် နိုင်ငံနှင့်လူ မျိုးကို တိုးတက်အောင်ပြုလုပ် ပေးမည့် ပါတီအစိုးရဖွဲ့နိုင်ရန်ဆုတောင်းသူ ငါးဦးရှိခဲ့သည်။

‘‘လွတ်လပ်ပြီး တရားမျှတ စွာနဲ့ အနိုင်ရတဲ့ပါတီကို လွှဲပေး တာမျိုး ဖြစ်စေချင်တယ်။ ဘယ် သူရသွားပါစေလို့ ဆုတောင်းတာ မရှိပါဘူး။ အဓိကဆုတောင်းဖြစ် တာကတော့ ကောင်းမွန်တဲ့ အစိုး ရတက်လာဖို့ပဲ’’ဟု အသက် (၄၃) နှစ်အရွယ် ဦးသန်းလွင်က ပြော သည်။

‘‘အမေစုနိုင်ဖို့ပဲ ဆုတောင်း ပါတယ်။ နောက်တစ်ခုက အေး အေးချမ်းချမ်းနဲ့ အောင်အောင် မြင်မြင်ပြီးဆုံးဖို့ ဆုတောင်းတယ်။ တစ်မိသားစုလုံးလည်း ဒီချုပ်ကိုပဲ အားပေးတယ်’’ ဟု လမ်းမတော် မြို့နယ်နေ မမေမျိုးယဉ်ကပြောသည်။

သီတင်းကျွတ်လပြည့်နေ့ တွင် ရွှေတိဂုံစေတီသို့ လာရောက်ဖူးမြော်သူဦးရေမှာ ယမန်နှစ်က ထက် ပိုမိုများပြားပြီး ယခုနှစ်တွင် နှစ်သိန်းခန့်ရှိခဲ့ကြောင်း ဂေါပကရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ခန့်မှန်းသည်။

7day daily

No comments:

Post a Comment