Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 4, 2015

လူမႈကြန္ရက္ေပၚတြင္ ေ၀ဖန္မႈမ်ိဳးစံု ျဖစ္ေနေသာ မႏၲေလးက ယာဥ္ထိန္းရဲ အသတ္ခံရမႈ ေနာက္၀ယ္

မႏၲေလးၿမိဳ႔၌ ယာဥ္ထိန္းရဲ တပ္ဖြဲ႔၀င္ တစ္ဦးအား ဆုိင္ကယ္ ေမာင္းႏွင္လာသူမွ ဓားႏွင့္ထုိး သတ္မႈေၾကာင့္ ယာဥ္ထိန္း ရဲတပ္ဖြဲ႔မွ ရဲတပ္ဖြဲ႔၀င္ တစ္ဦး စက္တင္ဘာ ၂၄ ရက္က ေသဆံုးခဲ့ရသည္။

အဆုိပါ ယာဥ္ထိန္းရဲ ေသဆံုးခဲ့သည့္ သတင္း ဓာတ္ပံုမ်ား လူမႈကြန္ရက္ ေပၚတြင္ ပ်ံႏွ႔ံခဲ့သလုိ လူသတ္တရားခံ အျဖစ္ စြပ္စြဲခံထားခဲ့ရသူႏွင့္ ပတ္သက္သည့္ ဓာတ္ပံုမ်ား၊ ေ၀ဖန္ စကားေျပာဆုိသံမ်ား ပ်ံႏွ႔ံခဲ့သည္။

အဆိုပါ လူသတ္မႈႏွင့္ ပတ္သက္၍ လူသတ္သမားဟု စြပ္စြဲခံထားရသူ အေနျဖင့္ အရက္ေသစာ ေသာက္စားမူးရစ္ေနၿပီး ဓားျဖင့္ ထုိးခဲ့ျခင္းျဖစ္သည္ဟူ၍ လည္းေကာင္း၊ ယာဥ္ထိန္းရဲက စတင္၍ ကုိယ္ထိလက္ေရာက္ က်ဴးလြန္ခဲ့သည္ ဟူ၍ လည္းေကာင္း ေ၀ဖန္မႈမ်ားစြာ ထြက္ေပၚလာခဲ့သည္။

အခင္းျဖစ္ပြားပံု

မႏၲေလး တုိင္းေဒသႀကီး ေအာင္ေျမသာစံ ၿမိဳ႕နယ္ ၁၉လမ္း မီးပြိဳင့္တြင္ စက္တင္ဘာ ၂၄ရက္ နံနက္ပုိင္းတြင္ ယာဥ္စည္းကမ္း လမ္းစည္းကမ္း စစ္ေဆးရန္ တာ၀န္ ထမ္းေဆာင္ေနစဥ္ ဆုိင္ကယ္ စီးနင္းလာသူ ဦးလွမ်ဳိးထြန္း ဆုိသူ၏ ဆုိင္ကယ္အား စစ္ေဆးရာတြင္ ဦးလွမ်ဳိးထြန္းထံမွ ယာဥ္ေမာင္း လုိင္စင္ႏွင့္ ဆုိင္ကယ္ လိုင္စင္တုိ႔အား ေတာင္းခံရာတြင္ ယာဥ္လုိင္စင္(အ၀ုိင္း) မပါသျဖင့္ ယာဥ္ေမာင္း လုိင္စင္အား သိမ္းယူၿပီး ခ်လံျဖတ္ခုိင္းရာ စကား အေခ်အတင္မ်ားခဲ့ၿပီး ကိုလွမ်ဳိးထြန္း ဆုိသူက ခ်လံမျဖတ္ဘဲ ျပန္သြားခဲ့ကာ အစ္ကုိျဖစ္သူ ေဒါက္တာလွစုိးထြန္း ႏွင့္အတူ ျပန္လည္ေရာက္ရွိ လာၿပီး ဆက္လက္၍ သိမ္းထားသည့္ ယာဥ္ေမာင္း လုိင္စင္အား ျပန္လည္ ေတာင္းယူကာ ခ်လံ မျဖတ္ႏုိင္ေၾကာင္း အခ်င္းမ်ား ရန္ျဖစ္ခဲ့ရာမွ ကိုလွမ်ဳိးထြန္းက လက္သီးႏွင့္ ထုိး၍ တိမ္းေရွာင္ရာ လဲက်သြားေသာ ရဲတပ္သား ေက်ာ္ဇင္ဦးကုိ အစ္ကုိျဖစ္သူ ေဒါက္တာလွစုိးထြန္းက ပါလာေသာ ဓားျဖင့္ ထုိးခဲ့ျခင္းေၾကာင့္ ယာဥ္ထိန္း ရဲတပ္သား ေက်ာ္ဇင္ဦး ေသဆံုးခဲ့ျခင္း ျဖစ္သည္။

စြပ္စြဲေျပာဆုိ

လူသတ္တရားခံဟု စြပ္စြဲခံထားရသူ ေဒါက္တာလွစုိးထြန္းမွာ အရက္ေသစာ ေသာက္စားထားသူ တစ္ဦး ျဖစ္ေၾကာင္း၊ လူသတ္ရန္ တမင္ ႀကံစည္၍ ဓားအား ကုိင္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း ေ၀ဖန္ ေျပာဆုိသံမ်ားလည္း ထြက္ခဲ့သည္။

“ကၽြန္ေတာ့္ သူငယ္ခ်င္းက လူသတ္လုိက္တယ္ ဆုိေပမယ့္ လြတ္ၿငိမ္း ခ်မ္းသာခြင့္နဲ႔ လြတ္လာတဲ့ တရားခံ မဟုတ္ဘူး။ ေနာက္ၿပီး သူက ဆရာ၀န္တစ္ေယာက္ ျဖစ္တယ္။ လြန္ခဲ့တဲ့ ရွစ္ႏွစ္ေက်ာ္၊ ေက်ာင္းတုန္းက အရက္ ေသာက္ခဲ့ေပမယ့္ ေက်ာင္းတုန္းကလည္း မူး႐ူး ရန္ျဖစ္ ရမ္းကားတယ္ ဆုိတဲ့ အျဖစ္အပ်က္မ်ဳိး မရွိခဲ့ဖူးဘူး။ သူအရက္ကုိ ျဖတ္ခဲ့တာလည္း ခုနစ္ႏွစ္ ေက်ာ္သြားပါၿပီ။ အရက္ေသာက္လုိ႔၊ မူး႐ူးရမ္းကားလုိ႔ဆုိၿပီး အင္တာနက္ေပၚမွာ တခ်ဳိ႔က စြပ္စြဲ ေျပာဆုိေနပါတယ္” ဟု ေဒါက္တာလွစုိးထြန္း၏ သူငယ္ခ်င္း တစ္ဦးျဖစ္သူက ရွင္းျပသည္။

ေဒါက္တာလွစုိးထြန္းမွာ ေဆးခန္း ဖြင့္လွစ္ထားသည့္ ဆရာ၀န္တစ္ဦး ျဖစ္ၿပီး သူ၏ ညီျဖစ္သူ ဦးလွမ်ဳိးထြန္းမွာ ရတနာပံု တကၠသုိလ္မွ တတိယႏွစ္ စီးပြားေရး ေက်ာင္းသားတစ္ဦး ျဖစ္ေၾကာင္းကုိလည္း သိရသည္။

ဓာတ္ပံု႐ုိက္တာက ျပႆနာ အစ

အခင္း ျဖစ္ပ်က္မႈမ်ားႏွင့္ ပတ္သက္ၿပီး ပတ္၀န္းက်င္ အသုိင္းအ၀ုိင္းမွ ထြက္ေပၚလာသည့္ စကားသံမ်ားကလည္း အျဖစ္မွန္အေပၚ ေ၀ခြဲရခက္မႈမ်ား ျဖစ္ေပၚေစခဲ့သည္။

“ပထမကတည္းက စၿပီး စကားမ်ားတဲ့ ယာဥ္ထိန္းရဲ ေက်ာ္ဇင္ဦးက အက်ႌကို ခၽြတ္ပစ္လိုက္ခ်ိန္မွာ ဆိုင္ကယ္ အဖမ္းခံရသူက လက္သီးနဲ႔ လွမ္းထိုးလိုက္တယ္ ေနာက္တစ္ေယာက္ရဲ႔ လက္ထဲမွာ ဓားပါတာကို ျမင္တဲ့အခ်ိန္ အျခားရဲေတြက ေနာက္ဆုတ္သြားတယ္။ လက္သီးနဲ႔ ထိုးတာကို ေရွာင္လိုက္တဲ့ ယာဥ္ထိန္းရဲကေတာ့ ေရွာင္လိုက္တဲ့ အရွိန္နဲ႔ လဲအက်မွာ ဓားကိုင္ထားတဲ့ သူက ေနာက္ေက်ာကို ဓားနဲ႔ ထိုးတာပါ”ဟု ေအာင္ေျမသာစံ ၿမိဳ႔နယ္ အမွတ္(၁) ရဲစခန္းမွ တာ၀န္ရွိသူကလည္း ေျပာသည္။

ယာဥ္ထိန္း ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ လူႏွစ္ဦး စကားမ်ားေနခ်ိန္မွ စ၍ ေဘးနားရွိ ပတ္၀န္းက်င္ လူမ်ားမွလည္း စိတ္၀င္တစား ရွိခဲ့ေၾကာင္း၊ အခင္းျဖစ္ပြားခ်ိန္တြင္ လူႏွစ္ေယာက္ရွိသည့္ အထဲမွ တစ္ဦးျဖစ္သူက “ဆိုင္ကယ္လိုင္စင္က အိမ္မွာရွိတယ္။ ခ်လံျဖတ္စရာ မလိုဘူးေျပာတာ နားမလည္ဘူးလား”ဟု ေအာ္ေျပာေနသည့္ အသံမ်ားကိုလည္း ၾကားရေၾကာင္း၊ ထိုအသံမ်ားေၾကာင့္ ယာဥ္ထိန္း ရဲတပ္ဖြဲ႔၀င္မ်ား ေရာက္ရွိလာခဲ့ျခင္း ျဖစ္ေၾကာင္း အမွတ္(၁) ရဲစခန္း တာ၀န္ရွိသူမွ ပတ္၀န္းက်င္ရွိ မ်က္ျမင္သက္ေသမ်ား၏ ထြက္ဆိုခ်က္မ်ား ေျပာၾကားခဲ့သည္။

“ကၽြန္ေတာ္တုိ႔ သိတာက လူက လုိင္စင္ပါတယ္။ ဆုိင္ကယ္ လုိင္စင္က ေပ်ာက္ေနတဲ့ အခ်ိန္မွာ ဖမ္းမိေတာ့ ခ်လံျဖတ္ခုိင္းတာကုိ မျဖတ္ဘဲ ယာဥ္ေမာင္းလိုင္စင္ကို သိမ္းတယ္။ အဲ့ဒီမွာ လွမ်ိဳးထြန္းက သူ႔အစ္ကုိကုိ သြားေခၚၿပီး လာညိႇတယ္။ ရဲတပ္ဖြဲ႔က သိမ္းထားတဲ့့ ခ်လံကို ျပန္ေတာင္းတာ မရဘူး အေျခတင္ စကားမ်ားၿပီး ႐ုန္းရင္းဆန္ခတ္ ျဖစ္ကုန္ကာ ညီျဖစ္တဲ့သူက ယာဥ္ထိန္းရဲကုိ စထုိးတယ္။ အစ္ကုိျဖစ္တဲ့ သူက တားေသးတယ္။ ယာဥ္ထိန္းရဲ အဖြဲ႔က လူအင္အား ေတာင့္တင္းတယ္။ အဲဒီထဲကမွ ေက်ာ္ဇင္ဦးက ယူနီေဖာင္း ခၽြတ္ၿပီးေတာ့ ေနာက္က အဖြဲ႔၀င္ေတြကလည္း ညီျဖစ္တဲ့ သူကို ၀ုိင္းထုိးတယ္။ သူတို႔က အုပ္စုမ်ားတဲ့ အတြက္ ေဒါက္တာ လွစိုးထြန္းက ျပန္မလုပ္နဲ႔ေတာ့ ထိုးတဲ့သူေတြကို ဖုန္းနဲ႔ ဓာတ္ပုံ ႐ိုက္ၿပီးရင္ ျပန္မယ္ဆိုၿပီး ေဒါက္တာ လွစုိးထြန္းက သူ႔ညီကုိ ေျပာၿပီး သူ႔ညီက ဓာတ္ပုံ႐ိုက္ၿပီး လွည့္အျပန္မွာ ေဒါက္တာလွစုိးထြန္း တုိ႔ဆီက ဖုန္းကင္မရာကုိ ယာဥ္ထိန္း ရဲေတြက ျပန္လုတယ္။ ၿပီးေတာ့ ဒုတိယအႀကိမ္ အုပ္စုလုိက္ သူ႔ညီကုိ ၀ုိင္းထုိးၾကတယ္”ဟု တရားခံဟု စြပ္စြဲခံထားရသူ ေဒါက္တာလွစုိးထြန္း၏ သူငယ္ခ်င္းျဖစ္သူက ရွင္းျပခဲ့သည္။

ထုိ႔ေနာက္ ေဒါက္တာ လွစုိးထြန္း အေနျဖင့္ ညီျဖစ္သူ ကိုလွမ်ဳိးထြန္းအား ယာဥ္ထိန္း ရဲတပ္ဖြဲ႔မွ ၀ုိင္း၀န္းထုိး ေနသည္ကုိ မခံႏုိင္ေတာ့ဘဲ အသင့္ပါလာေသာ ဓားအား ထုတ္လုိက္စဥ္ တျခားယာဥ္ထိန္း ရဲတပ္ဖြဲ႔၀င္မ်ား ေနာက္ဆုတ္သြားၿပီး ရဲတပ္သား ေက်ာ္ဇင္ဦး အသက္(၂၅)ႏွစ္ မွာေတာ့ ႐ုန္းရင္းဆန္ခတ္ အရွိန္ျဖင့္ ေနာက္သုိ႔ လဲက်သြားစဥ္ ေဒါက္တာလွစုိးထြန္းမွ ဓားျဖင့္ ထုိးခဲ့ျခင္းျဖစ္သည္ဟု ၄င္းက ဆက္လက္ေျပာသည္။

လူရမ္းကားမဟုတ္

“ကၽြန္ေတာ့္ သူငယ္ခ်င္းက လူရမ္းကား တစ္ေယာက္လည္း မဟုတ္ပါဘူး။ အခုခ်ိန္မွာ မႈခင္းေတြ ျဖစ္ေနတဲ့အခ်ိန္လည္း ျဖစ္တယ္။ ေနာက္ၿပီး သူ႔ညီ လာေခၚတဲ့ အခ်ိန္မွာ ဓားကုိ ယူသြားတယ္ ဆုိတာကလည္း တစ္စံုတရာ အႏၲရာယ္ ျဖစ္လာခဲ့ရင္ လူတစ္ေယာက္ကုိ ဟန္႔တားႏုိင္ဖို႔ အတြက္ ယူသြားတာပါ။ သတ္ခ်င္ ျဖတ္ခ်င္စိတ္နဲ႔ ယူသြားတာ မဟုတ္ဘူးလို႔ေတာ့ ထင္ပါတယ္” ေဒါက္တာလွစုိးထြန္း၏ သူငယ္ခ်င္းဆိုသူ တစ္ဦးကလည္း ေျပာခဲ့သည္။

တရားခံဟု စြပ္စြဲခံရသူ ေဒါက္တာ လွစုိးထြန္းမွာ အသက္ (၃၀)ခန္႔ရွိ ဆရာ၀န္တစ္ဦး ျဖစ္ကာ အသက္ တစ္ႏွစ္ နီးပါးအရြယ္ သားသမီးတစ္ဦး ရွိေၾကာင္းႏွင့္ သူ၏ ဇနီးျဖစ္သူမွာလည္း ဆရာ၀န္မ တစ္ဦးျဖစ္ေၾကာင္း သိရသည္။

ႏွစ္ဖက္စလံုးမွားခဲ့သလား

ျပည္သူတစ္ေယာက္ အေနျဖင့္လည္း ျပည္သူ တစ္ေယာက္၏ က်င့္၀တ္ႏွင့္အညီ ျပႆနာ တစ္ခုအား ေအးေဆး တည္ၿငိမ္စြာျဖင့္ မေျဖရွင္းဘဲ ျပည္သူ႔က်င့္၀တ္ႏွင့္ မညီသည့္ လက္နက္ကုိင္ ေဆာင္လာျခင္း၊ ယာဥ္ထိန္း ရဲတပ္ဖြဲ႔၏ ဥပေဒမဲ့ လုပ္ေဆာင္မႈ ျဖစ္ခဲ့ပါကလည္း ဥပေဒနဲ႔အညီ တုိင္ၾကားမႈ ျပဳလုပ္ႏုိင္ျခင္း မျပဳဘဲ ဥပေဒမဲ့ ေျဖရွင္းခဲ့ျခင္းေၾကာင့္ ျပည္သူ႔က်င့္၀တ္နဲ႔ မညီသည့္ အတြက္ မွားယြင္းသည္ဟု ယူဆမိေၾကာင္း၊ ယာဥ္ထိန္း ရဲတပ္ဖြဲ႔ အေနႏွင့္လည္း ဥပေဒ ခ်ဳိးေဖာက္သူအား မည္သည့္အတြက္ ဖမ္းဆီးျခင္း ျဖစ္ေၾကာင္း တာ၀န္အရ အေရးယူမႈကုိ ေျပလည္ နားလည္မႈ ရွိေစရန္ ေသခ်ာစြာ ရွင္းျပျခင္း မရွိခဲ့ေၾကာင္း၊ ဥပေဒနဲ႔အညီ အေရးယူမႈ ျပဳရမည့္အစား ယူနီေဖာင္းခၽြတ္ၿပီး လက္တံု႔ျပန္ခဲ့ျခင္း၊ မိမိတုိ႔ ရဲတပ္ဖြဲ႔ အေနျဖင့္ ဒီမိုကေရစီ စနစ္သို႔ က်င့္သုံးေနသည့္ ႏိုင္ငံ ျဖစ္သည့္အတြက္ ဥပေဒႏွင့္အညီ မွန္ကန္စြာ ေဆာင္ရြက္ပါက မည္သုိ႔ပင္ ဓာတ္ပံု ႐ုိက္ကူးပါေစ မတားျမစ္သင့္ေၾကာင္း၊ ထုိ႔ေၾကာင့္ ယာဥ္ထိန္းရဲ အေနျဖင့္ကလည္း ၀န္ထမ္းက်င့္၀တ္ႏွင့္ မညီၫြတ္ျခင္းေၾကာင့္ မွားယြင္းခဲ့ျခင္း ျဖစ္သည္ဟု ယင္းျဖစ္စဥ္ကုိ သိရွိ ေတြ႔ႀကံဳခဲ့သူတုိ႔က သံုးသပ္ၾက သည္။

မည္သုိ႔ပင္ဆုိေစ ျပႆနာကုိ စတင္အေျခခံခဲ့သည့္ႏွစ္ဦးႏွစ္ ဖက္က နားလည္မႈ၊ ခြင့္လႊတ္ သည္းခံမႈမ်ား မျပဳလုပ္ႏုိင္ခဲ့ျခင္း၏ ေနာက္ကြယ္တြင္ေတာ့ တစ္ဦးက အသက္ကုိ ေပးဆပ္လုိက္ရၿပီး ေနာက္တစ္ဦးက တရားဥပေဒ၏ အဆံုးအမကုိ ခံယူရန္ အေျခအေနသုိ႔ ေရာက္ရွိခဲ့ၿပီ ျဖစ္သည္။

ေဇယ်ာ
.....................
လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုမျိုးစုံ ဖြစ်နေသော မန္တလေးက ယာဉ်ထိန်းရဲ အသတ်ခံရမှု နောက်ဝယ်.

မန္တလေးမြို့၌ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် တစ်ဦးအား ဆိုင်ကယ် မောင်းနှင်လာသူမှ ဓားနှင့်ထိုး သတ်မှုကြောင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦး စက်တင်ဘာ ၂၄ ရက်က သေဆုံးခဲ့ရသည်။

အဆိုပါ ယာဉ်ထိန်းရဲ သေဆုံးခဲ့သည့် သတင်း ဓာတ်ပုံများ လူမှုကွန်ရက် ပေါ်တွင် ပျံနှ့ံခဲ့သလို လူသတ်တရားခံ အဖြစ် စွပ်စွဲခံထားခဲ့ရသူနှင့် ပတ်သက်သည့် ဓာတ်ပုံများ၊ ဝေဖန် စကားပြောဆိုသံများ ပျံနှ့ံခဲ့သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ လူသတ်သမားဟု စွပ်စွဲခံထားရသူ အနေဖြင့် အရက်သေစာ သောက်စားမူးရစ်နေပြီး ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်ဟူ၍ လည်းကောင်း၊ ယာဉ်ထိန်းရဲက စတင်၍ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည် ဟူ၍ လည်းကောင်း ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။

အခင်းဖြစ်ပွားပုံ

မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ၁၉လမ်း မီးပွိုင့်တွင် စက်တင်ဘာ ၂၄ရက် နံနက်ပိုင်းတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးရန် တာဝန် ထမ်းဆောင်နေစဉ် ဆိုင်ကယ် စီးနင်းလာသူ ဦးလှမျိုးထွန်း ဆိုသူ၏ ဆိုင်ကယ်အား စစ်ဆေးရာတွင် ဦးလှမျိုးထွန်းထံမှ ယာဉ်မောင်း လိုင်စင်နှင့် ဆိုင်ကယ် လိုင်စင်တို့အား တောင်းခံရာတွင် ယာဉ်လိုင်စင်(အဝိုင်း) မပါသဖြင့် ယာဉ်မောင်း လိုင်စင်အား သိမ်းယူပြီး ချလံဖြတ်ခိုင်းရာ စကား အချေအတင်များခဲ့ပြီး ကိုလှမျိုးထွန်း ဆိုသူက ချလံမဖြတ်ဘဲ ပြန်သွားခဲ့ကာ အစ်ကိုဖြစ်သူ ဒေါက်တာလှစိုးထွန်း နှင့်အတူ ပြန်လည်ရောက်ရှိ လာပြီး ဆက်လက်၍ သိမ်းထားသည့် ယာဉ်မောင်း လိုင်စင်အား ပြန်လည် တောင်းယူကာ ချလံ မဖြတ်နိုင်ကြောင်း အချင်းများ ရန်ဖြစ်ခဲ့ရာမှ ကိုလှမျိုးထွန်းက လက်သီးနှင့် ထိုး၍ တိမ်းရှောင်ရာ လဲကျသွားသော ရဲတပ်သား ကျော်ဇင်ဦးကို အစ်ကိုဖြစ်သူ ဒေါက်တာလှစိုးထွန်းက ပါလာသော ဓားဖြင့် ထိုးခဲ့ခြင်းကြောင့် ယာဉ်ထိန်း ရဲတပ်သား ကျော်ဇင်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

စွပ်စွဲပြောဆို

လူသတ်တရားခံဟု စွပ်စွဲခံထားရသူ ဒေါက်တာလှစိုးထွန်းမှာ အရက်သေစာ သောက်စားထားသူ တစ်ဦး ဖြစ်ကြောင်း၊ လူသတ်ရန် တမင် ကြံစည်၍ ဓားအား ကိုင်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဝေဖန် ပြောဆိုသံများလည်း ထွက်ခဲ့သည်။

“ကျွန်တော့် သူငယ်ချင်းက လူသတ်လိုက်တယ် ဆိုပေမယ့် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်လာတဲ့ တရားခံ မဟုတ်ဘူး။ နောက်ပြီး သူက ဆရာဝန်တစ်ယောက် ဖြစ်တယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်၊ ကျောင်းတုန်းက အရက် သောက်ခဲ့ပေမယ့် ကျောင်းတုန်းကလည်း မူးရူး ရန်ဖြစ် ရမ်းကားတယ် ဆိုတဲ့ အဖြစ်အပျက်မျိုး မရှိခဲ့ဖူးဘူး။ သူအရက်ကို ဖြတ်ခဲ့တာလည်း ခုနစ်နှစ် ကျော်သွားပါပြီ။ အရက်သောက်လို့၊ မူးရူးရမ်းကားလို့ဆိုပြီး အင်တာနက်ပေါ်မှာ တချို့က စွပ်စွဲ ပြောဆိုနေပါတယ်” ဟု ဒေါက်တာလှစိုးထွန်း၏ သူငယ်ချင်း တစ်ဦးဖြစ်သူက ရှင်းပြသည်။

ဒေါက်တာလှစိုးထွန်းမှာ ဆေးခန်း ဖွင့်လှစ်ထားသည့် ဆရာဝန်တစ်ဦး ဖြစ်ပြီး သူ၏ ညီဖြစ်သူ ဦးလှမျိုးထွန်းမှာ ရတနာပုံ တက္ကသိုလ်မှ တတိယနှစ် စီးပွားရေး ကျောင်းသားတစ်ဦး ဖြစ်ကြောင်းကိုလည်း သိရသည်။

ဓာတ်ပုံရိုက်တာက ပြဿနာ အစ

အခင်း ဖြစ်ပျက်မှုများနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ ထွက်ပေါ်လာသည့် စကားသံများကလည်း အဖြစ်မှန်အပေါ် ဝေခွဲရခက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

“ပထမကတည်းက စပြီး စကားများတဲ့ ယာဉ်ထိန်းရဲ ကျော်ဇင်ဦးက အကျႌကို ချွတ်ပစ်လိုက်ချိန်မှာ ဆိုင်ကယ် အဖမ်းခံရသူက လက်သီးနဲ့ လှမ်းထိုးလိုက်တယ် နောက်တစ်ယောက်ရဲ့ လက်ထဲမှာ ဓားပါတာကို မြင်တဲ့အချိန် အခြားရဲတွေက နောက်ဆုတ်သွားတယ်။ လက်သီးနဲ့ ထိုးတာကို ရှောင်လိုက်တဲ့ ယာဉ်ထိန်းရဲကတော့ ရှောင်လိုက်တဲ့ အရှိန်နဲ့ လဲအကျမှာ ဓားကိုင်ထားတဲ့ သူက နောက်ကျောကို ဓားနဲ့ ထိုးတာပါ”ဟု အောင်မြေသာစံ မြို့နယ် အမှတ်(၁) ရဲစခန်းမှ တာဝန်ရှိသူကလည်း ပြောသည်။

ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် လူနှစ်ဦး စကားများနေချိန်မှ စ၍ ဘေးနားရှိ ပတ်ဝန်းကျင် လူများမှလည်း စိတ်ဝင်တစား ရှိခဲ့ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် လူနှစ်ယောက်ရှိသည့် အထဲမှ တစ်ဦးဖြစ်သူက “ဆိုင်ကယ်လိုင်စင်က အိမ်မှာရှိတယ်။ ချလံဖြတ်စရာ မလိုဘူးပြောတာ နားမလည်ဘူးလား”ဟု အော်ပြောနေသည့် အသံများကိုလည်း ကြားရကြောင်း၊ ထိုအသံများကြောင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း အမှတ်(၁) ရဲစခန်း တာဝန်ရှိသူမှ ပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ သိတာက လူက လိုင်စင်ပါတယ်။ ဆိုင်ကယ် လိုင်စင်က ပျောက်နေတဲ့ အချိန်မှာ ဖမ်းမိတော့ ချလံဖြတ်ခိုင်းတာကို မဖြတ်ဘဲ ယာဉ်မောင်းလိုင်စင်ကို သိမ်းတယ်။ အဲ့ဒီမှာ လှမျိုးထွန်းက သူ့အစ်ကိုကို သွားခေါ်ပြီး လာညှိတယ်။ ရဲတပ်ဖွဲ့က သိမ်းထားတဲ့့ ချလံကို ပြန်တောင်းတာ မရဘူး အခြေတင် စကားများပြီး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကာ ညီဖြစ်တဲ့သူက ယာဉ်ထိန်းရဲကို စထိုးတယ်။ အစ်ကိုဖြစ်တဲ့ သူက တားသေးတယ်။ ယာဉ်ထိန်းရဲ အဖွဲ့က လူအင်အား တောင့်တင်းတယ်။ အဲဒီထဲကမှ ကျော်ဇင်ဦးက ယူနီဖောင်း ချွတ်ပြီးတော့ နောက်က အဖွဲ့ဝင်တွေကလည်း ညီဖြစ်တဲ့ သူကို ၀ုိင်းထိုးတယ်။ သူတို့က အုပ်စုများတဲ့ အတွက် ဒေါက်တာ လှစိုးထွန်းက ပြန်မလုပ်နဲ့တော့ ထိုးတဲ့သူတွေကို ဖုန်းနဲ့ ဓာတ်ပုံ ရိုက်ပြီးရင် ပြန်မယ်ဆိုပြီး ဒေါက်တာ လှစိုးထွန်းက သူ့ညီကို ပြောပြီး သူ့ညီက ဓာတ်ပုံရိုက်ပြီး လှည့်အပြန်မှာ ဒေါက်တာလှစိုးထွန်း တို့ဆီက ဖုန်းကင်မရာကို ယာဉ်ထိန်း ရဲတွေက ပြန်လုတယ်။ ပြီးတော့ ဒုတိယအကြိမ် အုပ်စုလိုက် သူ့ညီကို ၀ုိင်းထိုးကြတယ်”ဟု တရားခံဟု စွပ်စွဲခံထားရသူ ဒေါက်တာလှစိုးထွန်း၏ သူငယ်ချင်းဖြစ်သူက ရှင်းပြခဲ့သည်။

ထို့နောက် ဒေါက်တာ လှစိုးထွန်း အနေဖြင့် ညီဖြစ်သူ ကိုလှမျိုးထွန်းအား ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ၀ုိင်းဝန်းထိုး နေသည်ကို မခံနိုင်တော့ဘဲ အသင့်ပါလာသော ဓားအား ထုတ်လိုက်စဉ် တခြားယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ နောက်ဆုတ်သွားပြီး ရဲတပ်သား ကျော်ဇင်ဦး အသက်(၂၅)နှစ် မှာတော့ ရုန်းရင်းဆန်ခတ် အရှိန်ဖြင့် နောက်သို့ လဲကျသွားစဉ် ဒေါက်တာလှစိုးထွန်းမှ ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောသည်။

လူရမ်းကားမဟုတ်

“ကျွန်တော့် သူငယ်ချင်းက လူရမ်းကား တစ်ယောက်လည်း မဟုတ်ပါဘူး။ အခုချိန်မှာ မှုခင်းတွေ ဖြစ်နေတဲ့အချိန်လည်း ဖြစ်တယ်။ နောက်ပြီး သူ့ညီ လာခေါ်တဲ့ အချိန်မှာ ဓားကို ယူသွားတယ် ဆိုတာကလည်း တစ်စုံတရာ အန္တရာယ် ဖြစ်လာခဲ့ရင် လူတစ်ယောက်ကို ဟန့်တားနိုင်ဖို့ အတွက် ယူသွားတာပါ။ သတ်ချင် ဖြတ်ချင်စိတ်နဲ့ ယူသွားတာ မဟုတ်ဘူးလို့တော့ ထင်ပါတယ်” ဒေါက်တာလှစိုးထွန်း၏ သူငယ်ချင်းဆိုသူ တစ်ဦးကလည်း ပြောခဲ့သည်။

တရားခံဟု စွပ်စွဲခံရသူ ဒေါက်တာ လှစိုးထွန်းမှာ အသက် (၃၀)ခန့်ရှိ ဆရာဝန်တစ်ဦး ဖြစ်ကာ အသက် တစ်နှစ် နီးပါးအရွယ် သားသမီးတစ်ဦး ရှိကြောင်းနှင့် သူ၏ ဇနီးဖြစ်သူမှာလည်း ဆရာဝန်မ တစ်ဦးဖြစ်ကြောင်း သိရသည်။

နှစ်ဖက်စလုံးမှားခဲ့သလား

ပြည်သူတစ်ယောက် အနေဖြင့်လည်း ပြည်သူ တစ်ယောက်၏ ကျင့်ဝတ်နှင့်အညီ ပြဿနာ တစ်ခုအား အေးဆေး တည်ငြိမ်စွာဖြင့် မဖြေရှင်းဘဲ ပြည်သူ့ကျင့်ဝတ်နှင့် မညီသည့် လက်နက်ကိုင် ဆောင်လာခြင်း၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၏ ဥပဒေမဲ့ လုပ်ဆောင်မှု ဖြစ်ခဲ့ပါကလည်း ဥပဒေနဲ့အညီ တိုင်ကြားမှု ပြုလုပ်နိုင်ခြင်း မပြုဘဲ ဥပဒေမဲ့ ဖြေရှင်းခဲ့ခြင်းကြောင့် ပြည်သူ့ကျင့်ဝတ်နဲ့ မညီသည့် အတွက် မှားယွင်းသည်ဟု ယူဆမိကြောင်း၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ အနေနှင့်လည်း ဥပဒေ ချိုးဖောက်သူအား မည်သည့်အတွက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း တာဝန်အရ အရေးယူမှုကို ပြေလည် နားလည်မှု ရှိစေရန် သေချာစွာ ရှင်းပြခြင်း မရှိခဲ့ကြောင်း၊ ဥပဒေနဲ့အညီ အရေးယူမှု ပြုရမည့်အစား ယူနီဖောင်းချွတ်ပြီး လက်တုံ့ပြန်ခဲ့ခြင်း၊ မိမိတို့ ရဲတပ်ဖွဲ့ အနေဖြင့် ဒီမိုကရေစီ စနစ်သို့ ကျင့်သုံးနေသည့် နိုင်ငံ ဖြစ်သည့်အတွက် ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ပါက မည်သို့ပင် ဓာတ်ပုံ ရိုက်ကူးပါစေ မတားမြစ်သင့်ကြောင်း၊ ထို့ကြောင့် ယာဉ်ထိန်းရဲ အနေဖြင့်ကလည်း ၀န်ထမ်းကျင့်ဝတ်နှင့် မညီညွတ်ခြင်းကြောင့် မှားယွင်းခဲ့ခြင်း ဖြစ်သည်ဟု ယင်းဖြစ်စဉ်ကို သိရှိ တွေ့ကြုံခဲ့သူတို့က သုံးသပ်ကြ သည်။

မည်သို့ပင်ဆိုစေ ပြဿနာကို စတင်အခြေခံခဲ့သည့်နှစ်ဦးနှစ် ဖက်က နားလည်မှု၊ ခွင့်လွှတ် သည်းခံမှုများ မပြုလုပ်နိုင်ခဲ့ခြင်း၏ နောက်ကွယ်တွင်တော့ တစ်ဦးက အသက်ကို ပေးဆပ်လိုက်ရပြီး နောက်တစ်ဦးက တရားဥပဒေ၏ အဆုံးအမကို ခံယူရန် အခြေအနေသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ဇေယျာ

No comments:

Post a Comment