Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

အစြန္းေရာက္ အမ်ိဳးသားေရး ဝါဒ ျမန္မာ ေရြးေကာက္ပြဲ ကို ထိခိုက္ႏိုင္

ကုလသမဂၢအတြင္းေရးမႈး ခ်ဳပ္ရဲ့ ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပး Vijay Nambiar ။
 ျမန္မာႏိုင္ငံမွာ အစြန္းေရာက္ အမ်ိဳးသားေရးဝါဒ ႀကီးထြားလာေနတာကို တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ေတြ႔ေနရၿပီး ဒါဟာ မၾကာခင္ က်င္းပဖို႔ ျပင္ေနတဲ့ ေရြးေကာက္ပြဲ အတြက္ လံုၿခံဳစိတ္ခ်ရမႈကို ထိခိုက္ေစႏိုင္တယ္လုိ႔ ကုလသမဂၢအတြင္းေရးမႈး ခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပး Vijay Nambiar က ေျပာၾကားခဲ့ပါတယ္။

ေအာက္တုိဘာလ ၂၁ ရက္ေန႔က နယူးေရာက္ ကုလသမဂၢရံုးခ်ဳပ္မွာ လူမႈေရး၊ လူ႔အခြင့္အေရး နဲ႔ ယဥ္ေက်းမႈဆိုင္ရာ တတိယေကာ္မတီ ေရွ႕ေမွာက္ ျမန္မာႏိုင္ငံရဲ့ လူ႔အခြင့္ေရး အေျခေနေတြကို တင္ျပခ်ိန္မွာ ေျပာၾကားခဲ့တာပါ။ အျပည့္အစံု ကို ေဒၚခင္မ်ိဳးသက္ က ေျပာျပေပးမွာပါ။

ျမန္မာႏိုင္ငံရဲ့ လက္ရွိအေျခအေနေတြနဲ႔ ပါတ္သက္ၿပီး ၂၀၁၄ ခုႏွစ္ ၾသဂုတ္လကေန ၂၀၁၅ ၾသဂုတ္လ အတြင္း ဆန္းစစ္ခ်က္ေတြကို ကုလသမဂၢအတြင္းေရးမႈး ခ်ဳပ္ရဲ့ ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပး Vijay Nambiar က အစီရင္ခံစာ တင္သြင္းရာမွာ ႏိုဝင္ဘာလ ၈ ရက္ေန႔ က်င္းပဖို႔ လုပ္ေနတဲ့ ေရြးေကာက္ပြဲနဲ႔ ဒီမိုကေရစီ လုပ္ငန္းစဥ္ေတြ၊ ႏိုင္ငံတြင္းက ကြဲျပားေနတဲ့ အသိုင္းအဝိုင္းနဲ႔ လူ႔အခြင့္ေရးအေျခအေနေတြ၊ အစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္ေတြၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြနဲ႔ ပါတ္သက္ၿပီး အပိုင္း ၃ ပိုင္းခြဲတင္ျပခဲ့တာ ျဖစ္ပါတယ္။

မၾကာခင္က်င္းပေတာ့မယ့္ ေရြးေကာက္ပြဲ တည္တည္ၿငိမ္ၿငိမ္ က်င္းပႏိုင္ေရးကို ထိခိုက္ေစမယ့္ အမုန္စကားျပန္႔ပြါးေနတာနဲ႔ အစြန္းေရာက္ အမ်ိဳးသားေရး ဝါဒ ႏိုင္ငံတြင္း ႀကီးထြားလာေနတာကို စိုးရိမ္တႀကီးေတြ႔ေနရတယ္လို႔ မစၥတာ နမ္းဘီးယားက ေျပာပါတယ္။

"အစြန္းေရာက္ အမ်ိဳးသားေရး ဝါဒနဲ႔ မူစလင္ ဆန္႔က်င္ေရး ႀကီးမားလာမႈေတြနဲ႔ အတူ အမုန္းစကားေတြ ျပန္႔ပြါးလာေနတာအတြက္အထူးစိုးရိမ္ရပါတယ္။ အထူးသျဖင့္ ရခိုင္ေဒသမွာ ေတြ႔ေနရပါတယ္။ ကုလသမဂၢရဲ့ လူ႔အခြင့္ေရးကိုယ္စားလွယ္ မစၥ ရန္ဟီးလီကို ဒီႏွစ္အေစာပိုင္းမွာ ေစာ္ကားၿပီး ေျပာၾကားခဲ့ တာေတြ အတြက္ ႏိုင္ငံတကာက ေပၚေပၚထင္ထင္ပဲ ရႈံ႕ခ် ပစ္တင္တာေတြ ခံခဲ့ရတာပါ။ ႏိုင္ငံတြင္းမွာလည္း တခ်ိဳ႕ ဘာသာေရး အဖြဲ႔အစည္းေတြ က ေခါင္းေဆာင္ေတြ ကိုယ္တိုင္က ကိုယ့္ ဘာသာေရးကို ထိခိုက္ေစတဲ့ အျပဳအမူ အေျပာအဆိုေတြ လုပ္ေဆာင္ေနတာ ေတြ႔ရသလို ၿပီးခဲ့တဲ့လအတြင္း အမုန္းစကား ျပန္႔ပြါးလာတာကို တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ေတြ႔လာရပါတယ္။

ဒါဟာ စိတ္ခ်လံုၿခံဳမႈရွိတဲ့ ေရြးေကာက္ပြဲျဖစ္ေစမယ့္ အလားအလာကို ထိခိုက္ေစ ပါတယ္။ ဒါ့အျပင္ ၂၀၀၈ ဖြဲ႔စည္းပံုက ဘာသာေရးကို အသံုးမခ်ရဘူးလို႔ ခ်မွတ္ထား တာမို႔ ဒါကို ပါတီ၊ ႏိုင္ငံေရးသမားေတြနဲ႔ ဘုန္းေတာ္ႀကီးေတြပါမက်န္ လိုက္နာဖို႔ လိုၿပီးတကယ္လုိ႔ မလိုက္နာခဲ့ရင္ ေရြးေကာက္ပြဲကို ထိခိုက္ေစႏိုင္တဲ့ အျပင္ လူ႔အဖြဲ႔အစည္း အတြင္း တည္ၿငိမ္မႈကိုပါ ပ်က္ျပားေစႏုိင္ပါတယ္။ "

ပါတီေပါင္း ၉၀ ေက်ာ္ပါဝင္ ယွဥ္ၿပိဳင္မယ့္ ေရြးေကာက္ပြဲ အတြက္ ႏုိင္ငံတကာအဖြဲ႔ေတြ နဲ႔ ျပည္တြင္းေစာင့္ၾကည့္သူေတြကို ေရြးေကာက္ပြဲေကာ္မရွင္က ေစာင့္ၾကည့္ေလ့လာခြင့္ျပဳထားၿပီး ပြင့္လင္း လြတ္လပ္မႈ ရွိေစဖုိ႔ အတတ္ႏိုင္ဆံုး ၾကိဳးစားေန တာေတြ႔ရတာမို႔ ေက်နပ္ေပမယ့္ေရြးေကာက္ပြဲနဲ႔ ပါတ္သက္ၿပီး စိန္ေခၚမႈေတြကေတာ့ ႀကီးႀကီးမားမား ရွိေနဆဲပဲ လို႔လည္း ေျပာပါတယ္။

"ေရြးေကာက္ပြဲနဲ႔ ပါတ္သက္ၿပီး အႏွစ္သာရပိုင္းမွာေရာ လုပ္ငန္းစဥ္မွာပါ စိန္ေခၚမႈက ႀကီးႀကီးမားမား ရွိေနဆဲ ဆိုတာေတြ႔ရပါတယ္။ မဲေပးခြင့္ ပယ္ခ်ရုတ္ သိမ္းတာေတြ ေတြ႔ေနရၿပီး ဒါဟာလူနည္းစုေတြနဲ႔ ဘာသာေရးအဖြဲ႔ေတြ အထူးသျဖင့္ ဇူလိုင္လ တုန္းက ယာယီလက္မွတ္ေတြ ထုတ္ေပးတာကို ျပန္ရုတ္သိမ္းတာဟာ တကယ့္ ျပႆနာ တရပ္ ျဖစ္ေနတာပါ။ တခ်ိဳ႕ ၿမိဳ႕နယ္ေတြမွာ ဆိုရင္ ေရြးေကာက္ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္မယ့္လူေတြကို ေသေသခ်ာခ်ာ မစစ္ေဆးပဲ ဝင္ၿပိဳင္ဖုိ႔ လိုအပ္ခ်က္ေတြ နဲ႔ မကိုက္ညီဘူးဆိုၿပီး ပယ္ခ်ခဲ့တာေတြ႔ရပါတယ္။ ဒါဟာ လူနဲစု အမတ္ေတြ အထူးသျဖင့္ မူစလင္ေတြကို ထိခိုက္ေစပါတယ္။ ေရြးေကာက္ ပြဲ ေကာ္မရွင္ က တခ်ိဳ႕ကို ျပန္ၿပီး ျပင္ေပးတယ္ ဆိုေပမယ့္ စံနစ္က်မႈ မရွိပဲ အမတ္ အေတာ္မ်ားမ်ားအတြက္ အေရြးခံႏိုင္ခြင့္ မရခဲ့ပါဘူး။"

ျမန္မာႏိုင္ငံဟာ ၂၀၁၁ ခုႏွစ္ကစၿပီး ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေနတာဟာ တခါတေလမွာ အားနည္းေနတာ ေတြ႔ရေပမယ့္ ႏိုင္ငံတကာ အသိမွတ္ျပဳ ဒီမိုကေရစီစံႏႈံးေတြနဲ႔ အညီျပဳျပင္ေျပာင္းလဲမႈေတြကို ပံုမွန္ဆက္ လုပ္ေနတာေတြ႔ရတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ျပည္တြင္း အိုးအိမ္ေရႊ႕ေျပာင္းရသူေတြနဲ႔ ပါတ္သက္ၿပီး အထူးသျဖင့္ ရခိုင္မွာ ၂၀၁၂ ခုႏွစ္ အဓိကရုန္းျဖစ္ခ်ိန္က ေရႊ႕ေျပာင္းရသူေတြရဲ့ အေျခေနဟာ အခုအခ်ိန္အထိ ထူူးျခားမႈ မရွိေသးဘူးလို႔ လည္း ေျပာပါတယ္။ ဒါ့အျပင္ လူ႔အခြင့္ေရး အေျခေနကလည္း သိသိသာသာ တိုးတက္လာတာ မေတြ႔ရဘူးလို႔ ဆိုပါတယ္။

"ၿပီးခဲ့တဲ့ ႏွစ္ထဲမွာ ေနရာ အေတာ္မ်ားမ်ားမွာ တုိးတက္မႈေတြ ရွိခဲ့တယ္ ဆိုေပမယ့္ လူ႔အခြင့္ေရးအေျခေနက သိပ္မထူးတာကို ျမင္သာပါတယ္။ ႏိုင္ငံေရး အက်ဥ္းသား အေတာ္မ်ားမ်ားကို လႊတ္ေပးတာနဲ႔ တခ်ိန္ထဲ တက္ၾကြလႈပ္ရွားသူေတြ၊ ၿငိ္မ္းခ်မ္းစြာ ဆႏၵျပသူေတြကို က်ဖမ္း ဖမ္းဆီး အေရးယူေနတာမ်ိဳး ဆက္လုပ္ေနတာေတြ႔ရပါတယ္။ မတ္လတုန္းက ပညာေရး ျပဳျပင္ေျပာင္းလဲမႈ လုပ္ဖို႔ ဆႏၵျပ ေတာင္းဆို တဲ့ ေက်ာင္းသားေတြ ကို ျပင္းျပင္းထန္ထန္ ႏွိမ္နင္း တာေၾကာင့္ ႏိုင္ငံတကာ က ေဝဖန္မႈေတြ ခံခဲ့ရပါတယ္။ ေက်ာင္းသား ဆႏၵျပသူ ၁၂၇ ေယာက္အဖမ္းခံရၿပီး ခုထိ ဆက္ဖမ္းထားသူက ၃၅ ေယာက္ရွိေနပါတယ္။ ဒါ့အျပင္ ႏိုင္ငံေရး အက်ဥ္းသား ေနာက္ထပ္ ၄၀ ေလာက္လည္း ျမန္မာႏုိင္ငံ အက်ဥ္းေထာင္ေတြထဲမွာ ရွိေနတာပါ။"

ျပည္တြင္းစစ္ ႏွစ္ေပါင္း ၆၀ ေလာက္ျဖစ္ပြါးေနရာက အစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ ၈ ဖြဲ႔ၾကား ေအာက္တုိဘာလ ၁၅ ရက္ေန႔မွာ တႏိုင္ငံလံုး အတိုင္းအတာ နဲ႔ အပစ္ရပ္ေရး လက္မွတ္ေရးထိုး လိုက္ႏိုင္တာကိုေတာ့ ထူးျခားတဲ့ ေအာင္ျမင္မႈ တခုအျဖစ္ သတ္မွတ္္ပါတယ္။

ဒီ ၿငိမ္းခ်မ္းေရး လက္မွတ္ေရးထိုးခဲ့တဲ့ အဖြဲ႔ေတြေရာ လက္မွတ္ထိုးရာမွာ မပါဝင္တဲ့ အဖြဲ႔ေတြအားလံုး ပါ ေရွ႕ဆက္ၿပီး အျပဳသေဘာေဆာင္ လုပ္ေဆာင္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

လက္ရွိမွာ အဖြဲ႔အားလံုး ပါဝင္လက္မွတ္ေရးထိုးတာ မဟုတ္ေပမယ့္ ယံုၾကည္မႈ တခ်ိဳ႕ တည္ေဆာက္ႏိုင္တာနဲ႔ ဒီလက္မွတ္ေရးထိုးပြဲေနာက္ပိုင္း ႏိုင္ငံေရး ေဆြးေႏြးမႈေတြ စတင္ဖုိ႔ လုပ္မယ့္ အခ်က္ေတြ ပါဝင္တာအျပင္ တိုင္းရင္းသားေတြ ေတာင္းဆိုေနတဲ့ ဒီမိုကေရစီနည္းက် ဖက္ဒရယ္ ျပည္ေထာင္စု ပံုစံနဲ႔ သြားဖုိ႔ ညွိႏိႈင္းမႈေတြ လုပ္မယ္လို႔ အစိုးရဘက္က ကတိေပးခဲ့တာေတြနဲ႔ ပါတ္သက္ၿပီး ေကာင္းတဲ့ အလားအလာ အျဖစ္ရႈျမင္တာပါ။

ဒါေပမယ့္ ကခ်င္နဲ႔ ရွမ္းျပည္နယ္ေတြထဲမွာ လက္ရွိ တိုက္ခိုက္ေနမႈေတြကေတာ့ လံုးဝ ရပ္ဆိုင္းပစ္ဖုိ႔ လိုအပ္တယ္လို႔ ကုလသမဂၢအတြင္းေရးမႈး ခ်ဳပ္ရဲ့ ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပး Vijay Nambiar ကေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံ ဟာ ႏိုင္ငံတကာနဲ႔ ဆက္ဆံေရး တုိးျမင့္ဖို႔ ႀကိဳးစားေနတာေတြ ေတြ႔ရေပ မယ့္ ႏိုင္ငံတြင္းမွာ ကုလသမဂၢ လူ႔အခြင့္ေရး ကိုယ္စားလွယ္အတြက္ ရံုးဖြင့္ခြင့္ေတာ့ ခုထိ မရေသးဘူးလို႔ ဆိုပါတယ္။

​ေဒၚခင္မ်ဳိးသက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......................

ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar ။
 မြန်မာနိုင်ငံမှာ အစွန်းရောက် အမျိုးသားရေးဝါဒ ကြီးထွားလာနေတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တွေ့နေရပြီး ဒါဟာ မကြာခင် ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲ အတွက် လုံခြုံစိတ်ချရမှုကို ထိခိုက်စေနိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့က နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ လူမှုရေး၊ လူ့အခွင့်အရေး နဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မတီ ရှေ့မှောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေနေတွေကို တင်ပြချိန်မှာ ပြောကြားခဲ့တာပါ။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက် က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ပါတ်သက်ပြီး ၂၀၁၄ ခုနှစ် သြဂုတ်လကနေ ၂၀၁၅ သြဂုတ်လ အတွင်း ဆန်းစစ်ချက်တွေကို ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က အစီရင်ခံစာ တင်သွင်းရာမှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပဖို့ လုပ်နေတဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေ၊ နိုင်ငံတွင်းက ကွဲပြားနေတဲ့ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်ရေးအခြေအနေတွေ၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပါတ်သက်ပြီး အပိုင်း ၃ ပိုင်းခွဲတင်ပြခဲ့တာ ဖြစ်ပါတယ်။

မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲ တည်တည်ငြိမ်ငြိမ် ကျင်းပနိုင်ရေးကို ထိခိုက်စေမယ့် အမုန်စကားပြန့်ပွါးနေတာနဲ့ အစွန်းရောက် အမျိုးသားရေး ဝါဒ နိုင်ငံတွင်း ကြီးထွားလာနေတာကို စိုးရိမ်တကြီးတွေ့နေရတယ်လို့ မစ္စတာ နမ်းဘီးယားက ပြောပါတယ်။

"အစွန်းရောက် အမျိုးသားရေး ဝါဒနဲ့ မူစလင် ဆန့်ကျင်ရေး ကြီးမားလာမှုတွေနဲ့ အတူ အမုန်းစကားတွေ ပြန့်ပွါးလာနေတာအတွက်အထူးစိုးရိမ်ရပါတယ်။ အထူးသဖြင့် ရခိုင်ဒေသမှာ တွေ့နေရပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စ ရန်ဟီးလီကို ဒီနှစ်အစောပိုင်းမှာ စော်ကားပြီး ပြောကြားခဲ့ တာတွေ အတွက် နိုင်ငံတကာက ပေါ်ပေါ်ထင်ထင်ပဲ ရှုံ့ချ ပစ်တင်တာတွေ ခံခဲ့ရတာပါ။ နိုင်ငံတွင်းမှာလည်း တချို့ ဘာသာရေး အဖွဲ့အစည်းတွေ က ခေါင်းဆောင်တွေ ကိုယ်တိုင်က ကိုယ့် ဘာသာရေးကို ထိခိုက်စေတဲ့ အပြုအမူ အပြောအဆိုတွေ လုပ်ဆောင်နေတာ တွေ့ရသလို ပြီးခဲ့တဲ့လအတွင်း အမုန်းစကား ပြန့်ပွါးလာတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တွေ့လာရပါတယ်။

ဒါဟာ စိတ်ချလုံခြံုမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်စေမယ့် အလားအလာကို ထိခိုက်စေ ပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံက ဘာသာရေးကို အသုံးမချရဘူးလို့ ချမှတ်ထား တာမို့ ဒါကို ပါတီ၊ နိုင်ငံရေးသမားတွေနဲ့ ဘုန်းတော်ကြီးတွေပါမကျန် လိုက်နာဖို့ လိုပြီးတကယ်လို့ မလိုက်နာခဲ့ရင် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်တဲ့ အပြင် လူ့အဖွဲ့အစည်း အတွင်း တည်ငြိမ်မှုကိုပါ ပျက်ပြားစေနိုင်ပါတယ်။ "

ပါတီပေါင်း ၉၀ ကျော်ပါဝင် ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲ အတွက် နိုင်ငံတကာအဖွဲ့တွေ နဲ့ ပြည်တွင်းစောင့်ကြည့်သူတွေကို ရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်လေ့လာခွင့်ပြုထားပြီး ပွင့်လင်း လွတ်လပ်မှု ရှိစေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေ တာတွေ့ရတာမို့ ကျေနပ်ပေမယ့်ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး စိန်ခေါ်မှုတွေကတော့ ကြီးကြီးမားမား ရှိနေဆဲပဲ လို့လည်း ပြောပါတယ်။

"ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး အနှစ်သာရပိုင်းမှာရော လုပ်ငန်းစဉ်မှာပါ စိန်ခေါ်မှုက ကြီးကြီးမားမား ရှိနေဆဲ ဆိုတာတွေ့ရပါတယ်။ မဲပေးခွင့် ပယ်ချရုတ် သိမ်းတာတွေ တွေ့နေရပြီး ဒါဟာလူနည်းစုတွေနဲ့ ဘာသာရေးအဖွဲ့တွေ အထူးသဖြင့် ဇူလိုင်လ တုန်းက ယာယီလက်မှတ်တွေ ထုတ်ပေးတာကို ပြန်ရုတ်သိမ်းတာဟာ တကယ့် ပြဿနာ တရပ် ဖြစ်နေတာပါ။ တချို့ မြို့နယ်တွေမှာ ဆိုရင် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့်လူတွေကို သေသေချာချာ မစစ်ဆေးပဲ ဝင်ပြိုင်ဖို့ လိုအပ်ချက်တွေ နဲ့ မကိုက်ညီဘူးဆိုပြီး ပယ်ချခဲ့တာတွေ့ရပါတယ်။ ဒါဟာ လူနဲစု အမတ်တွေ အထူးသဖြင့် မူစလင်တွေကို ထိခိုက်စေပါတယ်။ ရွေးကောက် ပွဲ ကော်မရှင် က တချို့ကို ပြန်ပြီး ပြင်ပေးတယ် ဆိုပေမယ့် စံနစ်ကျမှု မရှိပဲ အမတ် အတော်များများအတွက် အရွေးခံနိုင်ခွင့် မရခဲ့ပါဘူး။"

မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်ကစပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာဟာ တခါတလေမှာ အားနည်းနေတာ တွေ့ရပေမယ့် နိုင်ငံတကာ အသိမှတ်ပြု ဒီမိုကရေစီစံနှုံးတွေနဲ့ အညီပြုပြင်ပြောင်းလဲမှုတွေကို ပုံမှန်ဆက် လုပ်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်းရသူတွေနဲ့ ပါတ်သက်ပြီး အထူးသဖြင့် ရခိုင်မှာ ၂၀၁၂ ခုနှစ် အဓိကရုန်းဖြစ်ချိန်က ရွှေ့ပြောင်းရသူတွေရဲ့ အခြေနေဟာ အခုအချိန်အထိ ထူူးခြားမှု မရှိသေးဘူးလို့ လည်း ပြောပါတယ်။ ဒါ့အပြင် လူ့အခွင့်ရေး အခြေနေကလည်း သိသိသာသာ တိုးတက်လာတာ မတွေ့ရဘူးလို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့ နှစ်ထဲမှာ နေရာ အတော်များများမှာ တိုးတက်မှုတွေ ရှိခဲ့တယ် ဆိုပေမယ့် လူ့အခွင့်ရေးအခြေနေက သိပ်မထူးတာကို မြင်သာပါတယ်။ နိုင်ငံရေး အကျဉ်းသား အတော်များများကို လွှတ်ပေးတာနဲ့ တချိန်ထဲ တက်ကြွလှုပ်ရှားသူတွေ၊ ငြိ်မ်းချမ်းစွာ ဆန္ဒပြသူတွေကို ကျဖမ်း ဖမ်းဆီး အရေးယူနေတာမျိုး ဆက်လုပ်နေတာတွေ့ရပါတယ်။ မတ်လတုန်းက ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ ဆန္ဒပြ တောင်းဆို တဲ့ ကျောင်းသားတွေ ကို ပြင်းပြင်းထန်ထန် နှိမ်နင်း တာကြောင့် နိုင်ငံတကာ က ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ကျောင်းသား ဆန္ဒပြသူ ၁၂၇ ယောက်အဖမ်းခံရပြီး ခုထိ ဆက်ဖမ်းထားသူက ၃၅ ယောက်ရှိနေပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသား နောက်ထပ် ၄၀ လောက်လည်း မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ရှိနေတာပါ။"

ပြည်တွင်းစစ် နှစ်ပေါင်း ၆၀ လောက်ဖြစ်ပွါးနေရာက အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကြား အောက်တိုဘာလ ၁၅ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာ နဲ့ အပစ်ရပ်ရေး လက်မှတ်ရေးထိုး လိုက်နိုင်တာကိုတော့ ထူးခြားတဲ့ အောင်မြင်မှု တခုအဖြစ် သတ်မှတ််ပါတယ်။

ဒီ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေရော လက်မှတ်ထိုးရာမှာ မပါဝင်တဲ့ အဖွဲ့တွေအားလုံး ပါ ရှေ့ဆက်ပြီး အပြုသဘောဆောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လက်ရှိမှာ အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးတာ မဟုတ်ပေမယ့် ယုံကြည်မှု တချို့ တည်ဆောက်နိုင်တာနဲ့ ဒီလက်မှတ်ရေးထိုးပွဲနောက်ပိုင်း နိုင်ငံရေး ဆွေးနွေးမှုတွေ စတင်ဖို့ လုပ်မယ့် အချက်တွေ ပါဝင်တာအပြင် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီနည်းကျ ဖက်ဒရယ် ပြည်ထောင်စု ပုံစံနဲ့ သွားဖို့ ညှိနှိုင်းမှုတွေ လုပ်မယ်လို့ အစိုးရဘက်က ကတိပေးခဲ့တာတွေနဲ့ ပါတ်သက်ပြီး ကောင်းတဲ့ အလားအလာ အဖြစ်ရှုမြင်တာပါ။

ဒါပေမယ့် ကချင်နဲ့ ရှမ်းပြည်နယ်တွေထဲမှာ လက်ရှိ တိုက်ခိုက်နေမှုတွေကတော့ လုံးဝ ရပ်ဆိုင်းပစ်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးမြင့်ဖို့ ကြိုးစားနေတာတွေ တွေ့ရပေ မယ့် နိုင်ငံတွင်းမှာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ်အတွက် ရုံးဖွင့်ခွင့်တော့ ခုထိ မရသေးဘူးလို့ ဆိုပါတယ်။

​ဒေါ်ခင်မျိုးသက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment