Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 29, 2015

တ႐ုတ္ႏုိင္ငံ၏ ေရပုိင္နက္အတြင္းသို႔ က်ဴးေက်ာ္၀င္ေရာက္မႈကုိ ျပန္လည္ တံု႔ျပန္မည္ဟု တ႐ုတ္ေျပာၾကား

ေပက်င္း ၊ ၃၀-၁၀-၂၀၁၅

ေတာင္တ႐ုတ္ ပင္လယ္အတြင္းရွိ တ႐ုတ္ႏုိင္ငံ၏ ေရပုိင္နက္ အတြင္းသုိ႔ အေမရိကန္ စစ္သေဘၤာ တစ္စီးက အခြင့္မရွိ ဝင္ေရာက္ခဲ့ျခင္း အေပၚ တ႐ုတ္အစိုးရက ယမန္ေန႔တြင္ သတိေပး ေျပာၾကားခဲ့သည္။

ယင္းကဲ့သုိ႔ေသာ လုပ္ေဆာင္မႈ မ်ားကုိ တ႐ုတ္ႏုိင္ငံက လုိအပ္သည့္ တုံ႔ျပန္မႈ မ်ားကုိ ျပန္လည္ လုပ္ေဆာင္ သြားမည္ ျဖစ္ေၾကာင္း သိရသည္။

အေမရိကန္ အစိုးရ အေနျဖင့္ ယင္းသုိ႔ေသာ ေရပုိင္နက္ ခ်ဳိးေဖာက္မႈ မ်ားကုိ ထပ္မံ လုပ္ေဆာင္ျခင္း မျပဳရန္ တ႐ုတ္ ကာကြယ္ေရး ဝန္ႀကီးဌာနက ေတာင္းဆုိခဲ့ၿပီး ယင္းသုိ႔ လုပ္ေဆာင္ လာမည္ ဆုိပါက တ႐ုတ္ႏုိင္ငံက ျပန္လည္ တံု႔ျပန္သြားမည္ ျဖစ္ေၾကာင္း အဆုိပါ ဝန္ႀကီးဌာနမွ ေျပာေရးဆုိခြင့္ ရွိသူ ဗုိလ္မွဴးႀကီး ယန္ယူကြၽမ္ က ေျပာၾကား ခဲ့သည္။

ထုိ႔ျပင္ တ႐ုတ္ႏုိင္ငံ အေနျဖင့္ ၄င္းတုိ႔၏ အခ်ဳပ္အျခာ ပုိင္ဆုိင္မႈကုိ ေျပာင္းလဲျခင္း မရွိဘဲ ခုိင္ခံ့စြာျဖင့္ ကာကြယ္သြားမည္ ျဖစ္ေၾကာင္း ၄င္းက ဆက္လက္ ေျပာၾကား ခ့ဲသည္။ တ႐ုတ္ႏုိင္ငံ၏ အဆုိပါ ထုတ္ျပန္ခ်က္ သည္ အေမရိကန္ ျပည္ေထာင္စုမွ ဒံုးက်ည္တပ္ ဖ်က္သေဘၤာ တစ္စီးက ေတာင္တ႐ုတ္ ပင္လယ္အတြင္းရွိ အျငင္းပြား ေရပုိင္နက္ အတြင္း တ႐ုတ္ႏုိင္ငံလုပ္ ကြၽန္းတုမ်ား အနီးသုိ႔ ဝင္ေရာက္ ေမာင္းႏွင္ ျဖတ္သန္းခဲ့ ၿပီးေနာက္ ထြက္ေပၚ လာခဲ့ျခင္း ျဖစ္သည္။

တ႐ုတ္ အစိုးရသည္ ယင္းကိစၥရပ္ႏွင့္ စပ္လ်ဥ္း၍ တ႐ုတ္ႏုိင္ငံ ဆုိင္ရာ အေမရိကန္ သံအမတ္ကုိ ေခၚယူ၍ တရားဝင္ ကန္႔ကြက္ ခဲ့ေၾကာင္း သိရသည္။

#PyiChitThar
..........................
တရုတ်နိုင်ငံ၏ ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်မှုကို ပြန်လည် တုံ့ပြန်မည်ဟု တရုတ်ပြောကြား

ပေကျင်း ၊ ၃၀-၁၀-၂၀၁၅

တောင်တရုတ် ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံ၏ ရေပိုင်နက် အတွင်းသို့ အမေရိကန် စစ်သင်္ဘော တစ်စီးက အခွင့်မရှိ ဝင်ရောက်ခဲ့ခြင်း အပေါ် တရုတ်အစိုးရက ယမန်နေ့တွင် သတိပေး ပြောကြားခဲ့သည်။

ယင်းကဲ့သို့သော လုပ်ဆောင်မှု များကို တရုတ်နိုင်ငံက လိုအပ်သည့် တုံ့ပြန်မှု များကို ပြန်လည် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် အစိုးရ အနေဖြင့် ယင်းသို့သော ရေပိုင်နက် ချိုးဖောက်မှု များကို ထပ်မံ လုပ်ဆောင်ခြင်း မပြုရန် တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက တောင်းဆိုခဲ့ပြီး ယင်းသို့ လုပ်ဆောင် လာမည် ဆိုပါက တရုတ်နိုင်ငံက ပြန်လည် တုံ့ပြန်သွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ယန်ယူကျွမ် က ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ အနေဖြင့် ၄င်းတို့၏ အချုပ်အခြာ ပိုင်ဆိုင်မှုကို ပြောင်းလဲခြင်း မရှိဘဲ ခိုင်ခံ့စွာဖြင့် ကာကွယ်သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ တရုတ်နိုင်ငံ၏ အဆိုပါ ထုတ်ပြန်ချက် သည် အမေရိကန် ပြည်ထောင်စုမှ ဒုံးကျည်တပ် ဖျက်သင်္ဘော တစ်စီးက တောင်တရုတ် ပင်လယ်အတွင်းရှိ အငြင်းပွား ရေပိုင်နက် အတွင်း တရုတ်နိုင်ငံလုပ် ကျွန်းတုများ အနီးသို့ ဝင်ရောက် မောင်းနှင် ဖြတ်သန်းခဲ့ ပြီးနောက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

တရုတ် အစိုးရသည် ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကို ခေါ်ယူ၍ တရားဝင် ကန့်ကွက် ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment