Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 26, 2015

ေရႊဆိုင္ႀကီးမ်ားက တရား၀င္ေရာင္းေနတဲ့ ေပါင္မရ ေရာင္းမရ ေရႊထည္မ်ားႏွင့္ လုပ္စားခံေနရသူမ်ား

ျမန္မာႏိုင္ငံတြင္ ခိုင္မာသည့္ ရင္းႏွီးျမဳပ္ႏွံမႈ စီးပြားေရး ေစ်းကြက္ မရွိသည့္အတြက္ ၂၀၁၅ ခုႏွစ္ အေစာပိုင္းမွ စတင္ၿပီး၊ ၿပိဳဆင္းလားေသာ အိမ္ၿခံေျမေစ်းကြက္ေၾကာင့္ ရင္းႏွီးျမဳပ္ႏွံသူမ်ား အေနျဖင့္ ႏိုင္ငံျခားေငြေၾကး ေဒၚလာေစ်းကြက္ အတြင္းသို႔ ၀င္ေရာက္ ရင္းႏွီးျမဳပ္ႏွံမႈမ်ား ျပဳလုပ္လာၾကသည္။

ထိုသို႔ ရင္းႏွီးျမဳပ္ႏွံမႈမ်ားေၾကာင့္ ေဒၚလာေစ်းႏႈန္းမ်ား တရိပ္ရိပ္ တက္လာခဲ့၍ အစိုးရ အေနျဖင့္ ထိန္းခ်ဳပ္မႈမ်ား ျပဳလုပ္လာခဲ့ေသာေၾကာင့္ ရင္းႏွီးျမဳပ္ႏွံသူမ်ား အေနျဖင့္ အျခားေစ်းကြက္ တစ္ခုျဖစ္ေသာ ေရႊေစ်းကြက္သို႔ ျမႇားဦးလွည့္လာျပန္သည္။ ယင္းအတြက္ေၾကာင့္ ရက္သတၱပတ္ ႏွစ္ပတ္ခန္႔ အတြင္း ေရႊတစ္က်ပ္သားလွ်င္ ငါးေသာင္းခန္႔အထိ ေစ်းႏႈန္းမ်ား ျမင့္တက္လာခဲ့သည္။

ေစ်းတတ္လည္း႐ံႈး၊ ေစ်းက်လည္း ႐ံႈး၊ ေရႊဆိုတာ အ႐ံႈးပဲလား….

ေရႊစုေဆာင္းသူမ်ား အေနျဖင့္လည္း ေရႊစုေဆာင္းရန္ ၀ယ္ယူျခင္းမ်ားေၾကာင့္ ေရႊေစ်းမ်ား တတ္လာခဲ့ခ်ိန္တြင္ အေျခခံ လူတန္းစား တစ္ခ်ိဳ႕မွာ ယခင္စုေဆာင္း ၀ယ္ယူထားေသာ ေရႊေလးမ်ားအား ထုခြဲေရာင္းခ်ျဖင္းျဖင့္ အျမတ္ရလိုရငွား ျပန္လည္ ေရာင္းခ်ျခင္းမ်ား ရွိလာခဲ့သည္။

သို႔ေသာ္ ယင္းကဲ့သို႔ ျပန္လည္ေရာင္းခ်ရာတြင္ ယခင္၀ယ္ယူထားေသာ ေရႊဆိုင္မွာ မူလဆိုင္ ေနရာတြင္ မရွိေတာ့သျဖင့္ နီးစပ္ရာ ေရႊဆိုင္မ်ားတြင္ ၀င္ေရာက္ ေရာင္းခ်ခဲ့ရာမွ ျပႆနာေပါင္းစံု စတင္လာခဲ့ေတာ့သည္။

ေရႊမ်ားမွာ ေရႊရည္မျပည့္မွီျခင္းႏွင့္ အေရာင္အဆင္း မြဲေနျခင္းမ်ားေၾကာင့္ မည္သည့္ ေရႊဆိုင္ကမွ် လက္ခံလိုျခင္း မရွိသလို ေပါင္ႏွံရာတြင္ပင္ အေပါင္ဆိုင္မွ အဆမတန္ ေစ်းႏွိမ္ျခင္းမ်ားကို ခ်ိဳးခ်ိဳးဖဲ့ဖဲ့ ခံလိုက္ရေသာအခါ ေရႊ၀ယ္ခဲ့ မိသည္မွာ မွားေနၿပီလားဟုပင္ ထင္ျမင္ဖြယ္ရာ ရွိေနသည္။ ယင္းတို႔ကဲ့သို႔ ေရႊ၀ယ္ယူသူမ်ားမွာ ေငြပိုလွ်ံ လြန္းေန၍ မဟုတ္ပဲ ၀တ္လဲ ၀တ္ခ်င္ စုခ်င္လဲ စုခ်င္၍ ၀ယ္ယူၾကသူမ်ားျဖစ္ရာ ယင္းကဲ့သို႔ ေရႊရည္ပါတယ္ဆို႐ံု ျဖစ္ေနေသာ ေရႊထည္ ပစၥည္းမ်ားေၾကာင့္ အ႐ံႈးမ်ားစြာျဖင့္ ရင္ဆိုင္ရေသာအခါ တာ၀န္ယူမႈ ကင္းမဲ့ေနေသာ ေရႊထည္မ်ားကို သိမ္း၍ ျပန္ရင္ျပန္၊ သို႔မဟုတ္ပါက ေရႊ၀ယ္ယူခ်ိန္ ေစ်းႏွင့္ အင္မတန္ ကြာဟာေနေသာ ေရႊထည္မ်ားႏွင့္ ပတ္သက္ျပီး ကိုယ့္ကိုကိုယ္အျပစ္ တင္႐ံုမွလြဲ၍ မည္သို႔မွ် တတ္ႏိုင္ေတာ့မည္ မဟုတ္ေပ။

အရည္အေသြး မျပည့္မီတဲ့ ေရႊေစ်းကြက္ ဘယ္ကစတာလဲ

ျမန္မာႏိုင္ငံ၏ ေရႊေစ်းကြက္ အတြင္းသို႔ အရည္အေသြး မျပည့္မီသည့္ ေရႊထည္ပစၥည္းမ်ား ျပဳလုပ္ေရာင္းခ်ေသာ ေစ်းကြက္မွာ လြန္ခဲ့ေသာ ၈ ႏွစ္၊ ၂၀၀၇ ခုႏွစ္ခန္႔က စတင္လာခဲ့ျခင္းျဖစ္သည္။

ေရႊဆိုင္ဖြင့္လိုသူမ်ား အေနျဖင့္ ျမန္မာႏိုင္ငံ ေရႊလုပ္ငန္းရွင္မ်ား အသင္း၏ ေထာက္ခံခ်က္ တစ္စံုတစ္ရာ မလိုအပ္ေတာ့ဘဲ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၏ ခြင့္ျပဳခ်က္ျဖင့္ တရား၀င္ ဖြင့္လွစ္ခြင့္ ရရွိေနေသာေၾကာင့္ ယခုကဲ့သို႔ အရည္အေသြး မျပည့္မီသည့္ ေရႊထည္ ပစၥည္းမ်ား ေရာင္းခ်ေသာ ဆုိင္မ်ား မ်ားျပားလာခဲ့ျခင္း ျဖစ္သည္ဟု ေရႊလုပ္ငန္းရွင္မ်ား အသင္းမွ တာ၀န္ရွိသူ တစ္ဦးက ဆုိသည္။

ယင္းေရႊဆိုင္မ်ား အေနျဖင့္ အေျခခံ လူတန္းစား အမ်ားဆံုး ေနထုိင္သည့္ ၿမိဳ႕ဆင္ေျခဖံုး ရပ္ကြက္မ်ားႏွင့္ နယ္ၿမိဳ႕မ်ားတြင္ အမ်ားဆံုး ဖြင့္လွစ္ၿပီး အေရာင္းအ၀ယ္ ျပဳလုပ္ေနၾကသည္ဟု ေရႊလုပ္ငန္းရွင္ အသိုင္းအ၀ိုင္းမ်ားထံမွ သိရသည္။

ေစ်းကနည္းနည္း ေရႊကႀကီးႀကီး

ျမန္မာႏိုင္ငံ ေရႊေစ်းကြက္ အေနျဖင့္ အေရာင္းအ၀ယ္ ျပဳလုုပ္ရာတြင္ (၁) အေခါက္ေရႊ (၁၆ ပဲ အကယ္ဒမီ)၊ (၂) ၁၄-၁၅ ပဲရည္၊ (၃) အရည္အေသြး မျပည့္မီေသာ ေရႊဟူ၍ သံုးမ်ိဳးခန္႔ျဖင့္ ျပဳလုပ္ေနသည္ကို ေတြ႕ရသည္။

အေျခခံ လူတန္းစားမ်ား ၀ယ္ယူစုေဆာင္းသည့္ ေရႊထည္ပစၥည္းမ်ားမွာ ေစ်းႏႈန္းသက္သာၿပီး၊ နီးစပ္ရာ ေရႊဆုိင္မ်ားမွ ၀ယ္ယူျခင္းျဖစ္သည့္ အတြက္ အရည္အေသြး မျပည့္မီေသာ ေရႊထည္ပစၥည္း အမ်ိဳးအစားမ်ား အမ်ားဆံုး ျဖစ္ေနသည္ကို ေတြ႕ရွိရသည္။

“အပိုေငြ ေလးငါးေျခာက္ေသာင္းနဲ႔ ေရႊ၀ယ္၀တ္တာပါ။ ရွိတန္ဆာ မရွိ၀မ္းစာေပါ့။ လိုတဲ့အခ်ိန္မွာ ထုတ္ေရာင္းလို႔ ရတယ္ေလ။ သြားရတာလည္း မေ၀းသလို ေစ်းႏႈန္းမွာလည္း ၿမိဳ႕ထဲက ဆုိင္ႀကီးေတြထက္ ေလ်ာ့တယ္။ အဲဒီေတာ့ အနီးနားက ေရႊဆိုင္ေတြမွာပဲ ၀ယ္ျဖစ္ပါတယ္”ဟု ေတာင္ဒဂံု ၿမိဳ႕နယ္မွ ေရႊ၀ယ္ယူသည့္ အမ်ိဳးသား တစ္ဦးက ဆုိသည္။

“ပိုက္ဆံ ေလးငါးေသာင္းေလာက္နဲ႔ အဲလို ဆုိင္မ်ိဳးေတြမွာ ေရႊထည္လုပ္လို႔ရတယ္။ ကၽြန္ေတာ္တို႔ဆီမွာဆိုရင္ ခုႏွစ္ေသာင္း ရွစ္ေသာင္းေလာက္မွ ပစၥည္းလုပ္လို႔ ရမွာပါ။ ေရႊရည္ မျပည့္မီတဲ့ အတြက္ ပစၥည္းကို လိုသလိုပံုသြင္းၿပီး စိတ္ႀကိဳက္ျပဳလုပ္လို႔ရတယ္။ အဲဒီ အတြက္ အေျခခံ လူတန္းစားမ်ားတဲ့ ေနရာေတြမွာ အဆင္ေျပတယ္”ဟု ရန္ကုန္ၿမိဳ႕လယ္ေခါင္တြင္ ေရႊဆိုင္ ဖြင့္လွစ္ထားသည့္ အမ်ိဳးသား တစ္ဦးက ဆိုသည္။

အရည္ေသြးမမီ ေ႐ႊရည္ၿခံဳမ်ားႏွင့္ ဒံုး ႏွင့္ အ႐ံႈး

အရည္အေသြး မျပည့္မီေသာ ေရႊဆိုသည္မွာ ၁၄-၁၅ပဲရည္ ရွိသည္ဟု အာမခံ ေရာင္းခ်ထား ေသာ္လည္း ယင္းအရည္အေသြးအား ျပည့္မွီျခင္း မရွိေသာ ေရႊမ်ားကို ဆိုလိုျခင္းျဖစ္သည္။

“ကၽြန္မတို႔ဆီမွာ ေရႊႏွစ္မ်ိဳး ခြဲၿပီးေရာင္းခ်ပါတယ္။ ေအာက္ထပ္မွာ ေရာင္းတာက ၁၅ ပဲရည္ေတြပါ။ အေပၚမွာ ေရာင္းတာက အေပါင္ဆံုးေပါ့ေနာ္။ သူကေတာ့ ဒံုးလို႔လည္း ေခၚတယ္။ ေရႊရည္ကေတာ့ ၁၄ပဲ ၂ျပားလို႔ ေခၚတယ္။ အေပၚမွာေရာင္းတဲ့ ပစၥည္းေတြက အေပါင္ဆံုး ေရႊေတြကို ျပန္ၿပီးေတာ့ ပစၥည္း ျပန္လုပ္ထားတာပါ။ ကၽြန္မတို႔ဆိုင္က ၀ယ္ထားတဲ့ေရႊကို ျပန္လာေရာင္းရင္ ၀ယ္ရင္းေစ်းရဲ႕ ၁၀ ရာခိုင္ႏႈန္းကိုႏုတ္ၿပီး ျပန္လည္၀ယ္ယူ ေပးပါတယ္။ ေဘာင္ခ်ာ ေပ်ာက္သြားရင္ေတာ့ လက္မခံပါဘူး”ဟု သဃၤန္းကၽြန္းၿမိဳ႕နယ္ အတြင္းရွိ ေရႊဆိုင္တစ္ဆိုင္မွ ေရႊေရာင္းသူ တစ္ဦးက ေျပာသည္။

ေရႊေလာက အေခၚအေ၀ၚ ဒံုး ေရႊဆုိသည္မွာ ေနရာေဒသ အသီးသီးတြင္ ျပဳလုပ္လာေသာ ေရႊထည္ ပစၥည္းမ်ားအား န၀လီ(ေသာင္းေျပာင္း၀ယ္သည့္) လက္ခံ၀ယ္ယူၿပီး ေရႊထည္ ပစၥည္းမ်ား ျပဳလုပ္ကာ ျပန္လည္ေရာင္းခ်ေသာ ပစၥည္းမ်ားျဖစ္ၿပီး၊ ယင္း ပစၥည္းမ်ား အေနျဖင့္ အာမခံခ်က္ တစ္စံုတစ္ရာ မရွိဘဲ ယင္းပစၥည္းမ်ားအား လိုအပ္၍ ျပန္လည္ ေရာင္းခ်မည္ ဆိုပါက ၀ယ္ယူသည့္ ဆုိင္တြင္သာ ျပန္လည္ေရာင္းခ်ႏိုင္ၿပီး၊ အျခားဆုိင္မ်ားတြင္မူ ေရာင္းခ်ရန္ ခက္ခဲေပသည္။

“နယ္ကေန ေဆးလာကုတာ ပိုက္ဆံလိုတယ္ဆိုၿပီး ကၽြန္ေတာ့္ဆီကို ေရႊလာေရာင္းတယ္။ ကၽြန္ေတာ္က မ၀ယ္ခ်င္ပါဘူး။ ဒါေပမယ့္ က်န္းမာေရးအတြက္ လိုတယ္ဆိုတာနဲ႔ ေစ်းျဖတ္ေပးတယ္။ သူ႔အေနနဲ႔ကလည္း ၀ယ္ရင္းေစ်းနဲ႔ အေတာ္ကြာသြားလို႔ မေရာင္းဘူး။ ကၽြန္ေတာ့္မွာလည္း ျဖတ္ေပးတဲ့ ေစ်းမွာတင္ ႐ံႈးေနပါတယ္။ ေရႊရည္က ၁၀ပဲရည္ေလာက္ပဲ ရွိတယ္”ဟု ဦးထံု ေရႊဆိုင္ပိုင္ရွင္ ဦးေက်ာ္၀င္းက အရည္အေသြး မျပည့္မီေသာ ေရႊႏွင့္ပတ္သက္၍ သူေတြ႕ႀကံဳခဲ့ရသည္ကို ေျပာသည္။

ယင္းကဲ့သုိ႔ အာမခံခ်က္ အေနျဖင့္ ၀ယ္ယူသည့္ ေဘာင္ခ်ာတစ္ရြက္သာရွိသည့္ ေရႊေလာကအေခၚ ဒံုးေရႊ၀ယ္ယူသည့္ သူမ်ားအေနျဖင့္ ၀ယ္ယူသည့္ ပစၥည္းအား ယင္းဆိုင္မွာပင္ ျပန္လည္ေရာင္းခ်ရမည္ ျဖစ္ၿပီး အျခားဆုိင္မ်ားမွ လက္ခံ၀ယ္ယူမႈ မရွိျခင္း၊ ျပန္လည္ ေရာင္းခ်ရာတြင္ ၁၀ရာခိုင္ႏႈန္း ျဖတ္ျခင္း၊ ေရႊ၀ယ္ယူခ်ိန္တြင္လည္း အရည္အေသြး မမီေသာ ေရႊမ်ားအား အရည္အေသြး ျပည့္မီသည့္ ၁၄-၁၅ ပဲရည္ ေစ်းႏႈန္းအတိုင္း ၀ယ္ယူရျခင္း၊ ကာလသက္တမ္း တစ္ႏွစ္နီးပါး ရွိလာသည့္အခ်ိန္တြင္ မိမိ၏ အဆင္းတန္ဆာ အတြက္ ၀တ္ဆင္သည့္ ပစၥည္းမွာ ေၾကးေရာင္မ်ား ေပၚေပါက္ကာ ဂုဏ္ရွိန္မတင့္သည့္ အေနအထားမ်ိဳး ႀကံဳေတြ႕ရျခင္း ၀ယ္ယူထားသည့္ ေဘာင္ခ်ာ ေပ်ာက္ဆံုးသြားပါက မူရင္းဆုိင္မွ လက္မခံေတာ့သျဖင့္ ေသာင္းေျပာင္း ၀ယ္ယူသည့္ ဆုိင္မ်ားတြင္ ၀ယ္ယူသည့္ ေပါက္ေစ်းထက္ သံုးခ်ိဳးတစ္ခ်ိဳးခန္႔ျဖင့္သာ ျပန္လည္ ေရာင္းခ်ရျခင္း စသည့္အခ်က္မ်ား ဆံုး႐ံႈးနစ္နာလ်က္ရွိသည္။

ေရႊေတာ့ေရႊပါပဲ...ဆိုတဲ့ တရား၀င္လိမ္တဲ့ ေရႊ ေစ်းကြက္

“ေရာင္းတာကေတာ့ ၁၄ ပဲ၊ ၁၅ ပဲ ေျပာၿပီးေရာင္းတာပဲ။ ေရႊပါ၀င္မႈက ၁၀ ပဲ၊ ၁၁ ပဲ ေလာက္ပဲရွိတယ္။ တခ်ိဳ႕ဆိုရင္ ၉ပဲရည္ေလာက္နဲ႔ လုပ္တဲ့ဆိုင္ေတြေတာင္ရွိတယ္”ဟု နဂါးညီေနာင္ ေရႊဆိုင္မွ ေရႊေရာင္းအ၀ယ္ ျပဳလုပ္သူ ကိုသီဟစိုးမွ ေျပာသည္။

ထိုသို႔ ေရႊရည္နည္းပါးစြာ ျပဳလုပ္ေရာင္းခ်ေနေသာ္လည္း ၀ယ္ယူသူမ်ား အေနျဖင့္ မသိရွိရျခင္းမွာ နည္းပညာမ်ား ျမင့္မားလာသည့္ အတြက္ ထိုကဲ့သို႔ အရည္အေသြးနိမ့္ ေရႊထည္မ်ားအား ေဆးရည္ အသံုးျပဳၿပီး၊ အကယ္ဒမီေရႊကဲ့သို႔ ပံုစံတူ ေရႊေရာင္နည္းပါး ျပဳလုပ္ေရာင္းခ်ေနျခင္းေၾကာင့္ ျဖစ္သည္ဟုလည္း သိရသည္။

“အရင္တုန္းက နည္းပညာ သိပ္မျမင့္တဲ့အတြက္ အရည္အေသြးနိမ့္တဲ့ ေရႊေတြကို အေရာင္ တင္ရင္ ႏွစ္လေလာက္ပဲခံေတာ့ ၀ယ္တဲ့သူေတြ အေနနဲ႔ အခ်ိန္တို အတြင္း သိရတယ္။ တစ္ခ်ိဳ႕ေရႊ အေၾကာင္း နားလည္တဲ့ ၀ယ္ယူသူဆိုရင္ ခ်က္ျခင္းသိတယ္။ အခု နည္းပညာ ျမင့္လာတဲ့အတြက္ ေရႊကို အေရာင္တင္ထားရင္ ႏွစ္ႏွစ္ေလာက္ခံတယ္။ ၀ယ္ယူသူေတြ ခ်က္ျခင္းလည္း သတိမထားမိဘူး။ ေရာင္းတဲ့ ဆိုင္ကေတာ့ ႏွစ္ႏွစ္အတြင္းမွာ ႀကီးပြားခ်မ္းသာသြားတယ္။ ၀ယ္တဲ့ျပည္သူေတြပဲ အမ်ားႀကီး ဆံုး႐ံႈးနစ္နာရတာ”ဟု ႏွစ္ေပါင္းမ်ားစြာ ဆယ္စုႏွစ္ေက်ာ္ ေရႊအေရာင္းအ၀ယ္ ျပဳလုပ္ေနသူ တစ္ဦးက ရွင္းျပသည္။

“သူတို႔ကေတာ့ ၁၅ ပဲရည္ဆိုၿပီး ေရာင္းေပမယ့္ တကယ္တမ္း သူတို႔ လုပ္ေပးလိုက္တဲ့ေရႊက ၁၀ပဲရည္ေလာက္ပဲ ရွိတယ္။ အဲဒီမွာတင္ ၅ ပဲေလာက္ ျမတ္ေနၿပီ။ ပိုဆိုးတာက ႏွစ္ႏွစ္ေလာက္ ေရာင္းၿပီးသြားရင္ ဆုိင္နာမည္ကို ေမတၲာကေန သစၥာလို႔ ေျပာင္းလိုက္တယ္။ ပိုင္ရွင္က မေျပာင္းဘူး။ ၀န္ထမ္းေတြ ေျပာင္းလိုုက္တယ္။ အဲဒီေတာ့ အရင္သူ႔ဆိုင္က ၀ယ္ထားတဲ့ ေရႊထည္ကိုလာ ေရာင္းရင္ လက္မခံေတာ့ဘူး။ အဲဒီေတာ့ ၀ယ္သူေတြပဲ နစ္နာရတာေပါ့”ဟု ျမန္မာႏိုင္ငံေရႊ လုပ္ငန္းရွင္မ်ား အသင္း ဥကၠ႒က ဆိုသည္။

ေရႊထည္၀တ္ဆင္သူမ်ား အတြက္ ျပႆနာမ်ား ေပၚေပါက္လာပါက တုိင္ၾကားရန္ အဖြဲ႕အစည္း မရွိသည့္အျပင္ မတရားနည္းျဖင့္ လုပ္ကိုင္ေနပါက အေရးယူမည့္ ဥပေဒမွာလည္း ျပဌာန္းထားျခင္း မရွိေသးသည့္ အတြက္ ေရႊရည္ေလွ်ာ့၍ လိမ္လည္ ေရာင္းခ်သည့္ ေရႊဆိုင္မ်ား ေပၚေပါက္လာၿပီး ယင္းဆိုင္မ်ား အေနျဖင့္ တရားမ၀င္သည့္ လုပ္ရပ္ ေဆာင္ရြက္ေနေသာ္လည္း တရား၀င္သည့္ လုပ္ငန္းမ်ိဳး ျဖစ္ေနသည္ဟုလည္း ေရႊလုပ္ငန္းရွင္မ်ားက မွတ္ခ်က္ျပဳၾကသည္။

ဘယ္လိုထိန္းခ်ဳပ္မလဲ

“ရွန္ဟဲတို႔ ေဟာင္ေကာင္တို႔မွာ ေရာင္းတဲ့ေရႊဆိုင္ေတြကို သူတို႔ ႏိုင္ငံက အသိအမွတ္ျပဳ လက္မွတ္ ထုတ္ေပးမွ ေရာင္းခြင့္ရွိတယ္။ လက္မွတ္မရွိဘူးဆိုရင္ တရားမ၀င္ဘူး လိမ္တာလို႔ပဲ သတ္မွတ္ထားတယ္။ ဒီမွာက ကုန္အမွတ္တံဆိပ္ တန္ဖိုးကို သတ္မွတ္ေပးတာမ်ိဳး မရွိဘူး။ ၀ယ္ယူသူေတြကလည္း ကုန္အမွတ္တံဆိပ္ တန္ဖိုးကို နာလည္မႈ သိပ္မရွိေသးဘူး”ဟု ေရႊကုန္သည္ တစ္ဦးမွ ေျပာသည္။

ျမန္မာႏိုင္ငံ အေနျဖင့္ ေစ်းကြက္အတြင္းတြင္ အမ်ိဳးမ်ိဳး ေရာင္းခ်ေနေသာ ေရႊဆိုင္မ်ား၊ ေရႊရည္မမီေသာ ေရႊထည္ပစၥည္းမ်ား ေရာင္းခ်ျခင္းမ်ား တားျမစ္ႏိုင္ရန္ႏွင့္ ႏိုင္ငံတကာ အဆင့္အတန္း တစ္ခုသတ္မွတ္ႏိုင္ရန္ အတြက္ သိပၸံႏွင့္နည္းပညာ ၀န္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံ ေရႊလုပ္ငန္းရွင္မ်ား အသင္းတို႔ ေဆြးေႏြးလ်က္ရွိေသာ္လည္း ေရႊလုပ္ငန္းရွင္မ်ား အသင္းထဲမွာပင္ အရည္အေသြး မျပည့္မီေသာ ေရႊထည္ ပစၥည္းမ်ား ေရာင္းခ်ေနသည့္ ပုဂိၢဳလ္မ်ား ပါ၀င္ေနသျဖင့္ ေဆြးေႏြးမႈ ၾကန္႔ၾကာေနသည္ဟုလည္း ေရႊလုပ္ငန္းရွင္မ်ား အသုိင္းအ၀ုိင္းမွ သိရသည္။

ထိန္းခ်ဳပ္ေပးမည့္ ၾကားခံအဖြဲ႔ လိုေနၿပီ

“တစ္ခ်ိဳ႕ၿမိဳ႕ထဲက ေရႊဆုိင္ႀကီးေတြေတာင္ ဆိုင္ေတြပိတ္ၿပီး၊ ၿမိဳ႕ျပင္မွာ အရည္အေသြးနိမ့္ ေရႊထည္ေတြ လုပ္ၿပီးေတာ့ ေရာင္းခ်တာမ်ိဳးေတြေတာင္ ရွိလာပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူက အျမတ္ပိုမ်ားတယ္။ ဒီထက္ေကာင္းတဲ့ အလုပ္မရွိေတာ့ဘူး။ ၿမိဳ႕ထဲမွာက အျမတ္ နည္းနည္ က်န္ဖို႔ေတာင္ ေတာ္ေတာ္ေလး အာေပါက္ေအာင္ ေျပာရပါတယ္”ဟု ၿမိဳ႕ထဲတြင္ ေရႊ ဆုိင္ဖြင့္ထားေသာ ေရႊဆိုင္ပိုင္ရွင္ တစ္ဦးမွ ေျပာသည္။
ယခုျဖစ္ေပၚေနေသာ အရည္ေသြး မျပည့္မီသည့္ ေ႐ႊထည္ ပစၥည္းေစ်းကြက္အား ထိန္းခ်ဳပ္ အေရးယူႏိုင္သည့့္ အဖြဲ႔အစည္း ဖြဲ႔စည္းႏိုင္ျခင္း မရွိပါက အာဆီယံ စီးပြားေရး အသိုက္အ၀န္း အသက္၀င္ခ်ိန္တြင္ ျပည္ပႏိုင္ငံမ်ားမွ အရည္ေသြး မျပည့္မီေသာ ေ႐ႊထည္ ပစၥည္းမ်ား ၀င္ေရာက္ ေရာင္းခ်မႈမ်ား ျပဳလုပ္လာႏိုင္သည္ဟုလည္း ဦးေက်ာ္၀င္းကဆိုသည္။

“ျပည္ပကေန အရည္ေသြး နိမ္႔တဲ႔ ေ႐ႊထည္ေတြ တင္သြင္းလာၿပီး ျပည္တြင္းမွာ ေရာင္းခ်သြားရင္ ျပည္တြင္းကသူေတြ အမ်ားႀကီး နစ္နာတယ္။ သူတို႔က တစ္ခါလာၿပီး ေငြေတြသယ္သြားမွာ။ အဲဒါကို ထိန္းခ်ဳပ္ေပးမယ္႔ အဖြဲ႔စည္း တစ္ခုကေတာ႔ ရွိဖို႔လိုတယ္”ဟု ၄င္းက ဆိုသည္။

ယခုျဖစ္ေပၚေနေသာ အေျခအေနအရ ေရႊ၀ယ္ယူ စုေဆာင္းသူမ်ား အေနျဖင္႔ ၁၄-၁၅ ပဲရည္ အဆင့္ရွိ ေရႊထည္ပစၥည္းမ်ား ၀ယ္ယူရာတြင္ အ႐ႈံးေပၚေနသည့္အျပင္ ယခုကဲ့သို႔ ေရႊရည္ အရည္အေသြး မျပည့္မီသည့္ ပစၥည္းမ်ား ေရာင္းခ်ေနျခင္းေၾကာင့္ ေအာက္ေျခအဆင့္ ျပည္သူမ်ားအတြက္ မ်ားစြာနစ္နာေနသည့္ အေပၚ အေသးအမႊားကဲ့သို႔ သေဘာမထားပဲ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား၊ ႏိုင္ငံေတာ္ တာ၀န္ရွိသူမ်ား အေနျဖင့္ ယင္းေစ်းကြက္အား အျမန္ဆုံး ထိန္းခ်ဳပ္ေပးရန္ လိုအပ္ေနျပီ ျဖစ္ေၾကာင္ ေရးသားတင္ျပလိုက္ရပါသည္။

ကြန္းေဇာ္၊ Kမိုး
.....................

Tomorrow Journal
......................
ရွှေဆိုင်ကြီးများက တရားဝင်ရောင်းနေတဲ့ ပေါင်မရ ရောင်းမရ ရွှေထည်များနှင့် လုပ်စားခံနေရသူများ

မြန်မာနိုင်ငံတွင် ခိုင်မာသည့် ရင်းနှီးမြုပ်နှံမှု စီးပွားရေး စျေးကွက် မရှိသည့်အတွက် ၂၀၁၅ ခုနှစ် အစောပိုင်းမှ စတင်ပြီး၊ ပြိုဆင်းလားသော အိမ်ခြံမြေစျေးကွက်ကြောင့် ရင်းနှီးမြုပ်နှံသူများ အနေဖြင့် နိုင်ငံခြားငွေကြေး ဒေါ်လာစျေးကွက် အတွင်းသို့ ၀င်ရောက် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လာကြသည်။

ထိုသို့ ရင်းနှီးမြုပ်နှံမှုများကြောင့် ဒေါ်လာစျေးနှုန်းများ တရိပ်ရိပ် တက်လာခဲ့၍ အစိုးရ အနေဖြင့် ထိန်းချုပ်မှုများ ပြုလုပ်လာခဲ့သောကြောင့် ရင်းနှီးမြုပ်နှံသူများ အနေဖြင့် အခြားစျေးကွက် တစ်ခုဖြစ်သော ရွှေစျေးကွက်သို့ မြှားဦးလှည့်လာပြန်သည်။ ယင်းအတွက်ကြောင့် ရက်သတ္တပတ် နှစ်ပတ်ခန့် အတွင်း ရွှေတစ်ကျပ်သားလျှင် ငါးသောင်းခန့်အထိ စျေးနှုန်းများ မြင့်တက်လာခဲ့သည်။

စျေးတတ်လည်းရှုံး၊ စျေးကျလည်း ရှုံး၊ ရွှေဆိုတာ အရှုံးပဲလား….

ရွှေစုဆောင်းသူများ အနေဖြင့်လည်း ရွှေစုဆောင်းရန် ၀ယ်ယူခြင်းများကြောင့် ရွှေစျေးများ တတ်လာခဲ့ချိန်တွင် အခြေခံ လူတန်းစား တစ်ချို့မှာ ယခင်စုဆောင်း ၀ယ်ယူထားသော ရွှေလေးများအား ထုခွဲရောင်းချဖြင်းဖြင့် အမြတ်ရလိုရငှား ပြန်လည် ရောင်းချခြင်းများ ရှိလာခဲ့သည်။

သို့သော် ယင်းကဲ့သို့ ပြန်လည်ရောင်းချရာတွင် ယခင်ဝယ်ယူထားသော ရွှေဆိုင်မှာ မူလဆိုင် နေရာတွင် မရှိတော့သဖြင့် နီးစပ်ရာ ရွှေဆိုင်များတွင် ၀င်ရောက် ရောင်းချခဲ့ရာမှ ပြဿနာပေါင်းစုံ စတင်လာခဲ့တော့သည်။

ရွှေများမှာ ရွှေရည်မပြည့်မှီခြင်းနှင့် အရောင်အဆင်း မွဲနေခြင်းများကြောင့် မည်သည့် ရွှေဆိုင်ကမျှ လက်ခံလိုခြင်း မရှိသလို ပေါင်နှံရာတွင်ပင် အပေါင်ဆိုင်မှ အဆမတန် စျေးနှိမ်ခြင်းများကို ချိုးချိုးဖဲ့ဖဲ့ ခံလိုက်ရသောအခါ ရွှေဝယ်ခဲ့ မိသည်မှာ မှားနေပြီလားဟုပင် ထင်မြင်ဖွယ်ရာ ရှိနေသည်။ ယင်းတို့ကဲ့သို့ ရွှေဝယ်ယူသူများမှာ ငွေပိုလျှံ လွန်းနေ၍ မဟုတ်ပဲ ၀တ်လဲ ၀တ်ချင် စုချင်လဲ စုချင်၍ ၀ယ်ယူကြသူများဖြစ်ရာ ယင်းကဲ့သို့ ရွှေရည်ပါတယ်ဆိုရုံ ဖြစ်နေသော ရွှေထည် ပစ္စည်းများကြောင့် အရှုံးများစွာဖြင့် ရင်ဆိုင်ရသောအခါ တာဝန်ယူမှု ကင်းမဲ့နေသော ရွှေထည်များကို သိမ်း၍ ပြန်ရင်ပြန်၊ သို့မဟုတ်ပါက ရွှေဝယ်ယူချိန် စျေးနှင့် အင်မတန် ကွာဟာနေသော ရွှေထည်များနှင့် ပတ်သက်ပြီး ကိုယ့်ကိုကိုယ်အပြစ် တင်ရုံမှလွဲ၍ မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်ပေ။

အရည်အသွေး မပြည့်မီတဲ့ ရွှေစျေးကွက် ဘယ်ကစတာလဲ

မြန်မာနိုင်ငံ၏ ရွှေစျေးကွက် အတွင်းသို့ အရည်အသွေး မပြည့်မီသည့် ရွှေထည်ပစ္စည်းများ ပြုလုပ်ရောင်းချသော စျေးကွက်မှာ လွန်ခဲ့သော ၈ နှစ်၊ ၂၀၀၇ ခုနှစ်ခန့်က စတင်လာခဲ့ခြင်းဖြစ်သည်။

ရွှေဆိုင်ဖွင့်လိုသူများ အနေဖြင့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း၏ ထောက်ခံချက် တစ်စုံတစ်ရာ မလိုအပ်တော့ဘဲ မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တရားဝင် ဖွင့်လှစ်ခွင့် ရရှိနေသောကြောင့် ယခုကဲ့သို့ အရည်အသွေး မပြည့်မီသည့် ရွှေထည် ပစ္စည်းများ ရောင်းချသော ဆိုင်များ များပြားလာခဲ့ခြင်း ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းရွှေဆိုင်များ အနေဖြင့် အခြေခံ လူတန်းစား အများဆုံး နေထိုင်သည့် မြို့ဆင်ခြေဖုံး ရပ်ကွက်များနှင့် နယ်မြို့များတွင် အများဆုံး ဖွင့်လှစ်ပြီး အရောင်းအဝယ် ပြုလုပ်နေကြသည်ဟု ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းများထံမှ သိရသည်။

စျေးကနည်းနည်း ရွှေကကြီးကြီး

မြန်မာနိုင်ငံ ရွှေစျေးကွက် အနေဖြင့် အရောင်းအဝယ် ပြုလုုပ်ရာတွင် (၁) အခေါက်ရွှေ (၁၆ ပဲ အကယ်ဒမီ)၊ (၂) ၁၄-၁၅ ပဲရည်၊ (၃) အရည်အသွေး မပြည့်မီသော ရွှေဟူ၍ သုံးမျိုးခန့်ဖြင့် ပြုလုပ်နေသည်ကို တွေ့ရသည်။

အခြေခံ လူတန်းစားများ ၀ယ်ယူစုဆောင်းသည့် ရွှေထည်ပစ္စည်းများမှာ စျေးနှုန်းသက်သာပြီး၊ နီးစပ်ရာ ရွှေဆိုင်များမှ ၀ယ်ယူခြင်းဖြစ်သည့် အတွက် အရည်အသွေး မပြည့်မီသော ရွှေထည်ပစ္စည်း အမျိုးအစားများ အများဆုံး ဖြစ်နေသည်ကို တွေ့ရှိရသည်။

“အပိုငွေ လေးငါးခြောက်သောင်းနဲ့ ရွှေဝယ်ဝတ်တာပါ။ ရှိတန်ဆာ မရှိ၀မ်းစာပေါ့။ လိုတဲ့အချိန်မှာ ထုတ်ရောင်းလို့ ရတယ်လေ။ သွားရတာလည်း မဝေးသလို စျေးနှုန်းမှာလည်း မြို့ထဲက ဆိုင်ကြီးတွေထက် လျော့တယ်။ အဲဒီတော့ အနီးနားက ရွှေဆိုင်တွေမှာပဲ ၀ယ်ဖြစ်ပါတယ်”ဟု တောင်ဒဂုံ မြို့နယ်မှ ရွှေဝယ်ယူသည့် အမျိုးသား တစ်ဦးက ဆိုသည်။

“ပိုက်ဆံ လေးငါးသောင်းလောက်နဲ့ အဲလို ဆိုင်မျိုးတွေမှာ ရွှေထည်လုပ်လို့ရတယ်။ ကျွန်တော်တို့ဆီမှာဆိုရင် ခုနှစ်သောင်း ရှစ်သောင်းလောက်မှ ပစ္စည်းလုပ်လို့ ရမှာပါ။ ရွှေရည် မပြည့်မီတဲ့ အတွက် ပစ္စည်းကို လိုသလိုပုံသွင်းပြီး စိတ်ကြိုက်ပြုလုပ်လို့ရတယ်။ အဲဒီ အတွက် အခြေခံ လူတန်းစားများတဲ့ နေရာတွေမှာ အဆင်ပြေတယ်”ဟု ရန်ကုန်မြို့လယ်ခေါင်တွင် ရွှေဆိုင် ဖွင့်လှစ်ထားသည့် အမျိုးသား တစ်ဦးက ဆိုသည်။

အရည်သွေးမမီ ရွှေရည်ခြုံများနှင့် ဒုံး နှင့် အရှုံး

အရည်အသွေး မပြည့်မီသော ရွှေဆိုသည်မှာ ၁၄-၁၅ပဲရည် ရှိသည်ဟု အာမခံ ရောင်းချထား သော်လည်း ယင်းအရည်အသွေးအား ပြည့်မှီခြင်း မရှိသော ရွှေများကို ဆိုလိုခြင်းဖြစ်သည်။

“ကျွန်မတို့ဆီမှာ ရွှေနှစ်မျိုး ခွဲပြီးရောင်းချပါတယ်။ အောက်ထပ်မှာ ရောင်းတာက ၁၅ ပဲရည်တွေပါ။ အပေါ်မှာ ရောင်းတာက အပေါင်ဆုံးပေါ့နော်။ သူကတော့ ဒုံးလို့လည်း ခေါ်တယ်။ ရွှေရည်ကတော့ ၁၄ပဲ ၂ပြားလို့ ခေါ်တယ်။ အပေါ်မှာရောင်းတဲ့ ပစ္စည်းတွေက အပေါင်ဆုံး ရွှေတွေကို ပြန်ပြီးတော့ ပစ္စည်း ပြန်လုပ်ထားတာပါ။ ကျွန်မတို့ဆိုင်က ၀ယ်ထားတဲ့ရွှေကို ပြန်လာရောင်းရင် ၀ယ်ရင်းစျေးရဲ့ ၁၀ ရာခိုင်နှုန်းကိုနုတ်ပြီး ပြန်လည်ဝယ်ယူ ပေးပါတယ်။ ဘောင်ချာ ပျောက်သွားရင်တော့ လက်မခံပါဘူး”ဟု သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေရောင်းသူ တစ်ဦးက ပြောသည်။

ရွှေလောက အခေါ်အဝေါ် ဒုံး ရွှေဆိုသည်မှာ နေရာဒေသ အသီးသီးတွင် ပြုလုပ်လာသော ရွှေထည် ပစ္စည်းများအား နဝလီ(သောင်းပြောင်းဝယ်သည့်) လက်ခံဝယ်ယူပြီး ရွှေထည် ပစ္စည်းများ ပြုလုပ်ကာ ပြန်လည်ရောင်းချသော ပစ္စည်းများဖြစ်ပြီး၊ ယင်း ပစ္စည်းများ အနေဖြင့် အာမခံချက် တစ်စုံတစ်ရာ မရှိဘဲ ယင်းပစ္စည်းများအား လိုအပ်၍ ပြန်လည် ရောင်းချမည် ဆိုပါက ၀ယ်ယူသည့် ဆိုင်တွင်သာ ပြန်လည်ရောင်းချနိုင်ပြီး၊ အခြားဆိုင်များတွင်မူ ရောင်းချရန် ခက်ခဲပေသည်။

“နယ်ကနေ ဆေးလာကုတာ ပိုက်ဆံလိုတယ်ဆိုပြီး ကျွန်တော့်ဆီကို ရွှေလာရောင်းတယ်။ ကျွန်တော်က မဝယ်ချင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးအတွက် လိုတယ်ဆိုတာနဲ့ စျေးဖြတ်ပေးတယ်။ သူ့အနေနဲ့ကလည်း ၀ယ်ရင်းစျေးနဲ့ အတော်ကွာသွားလို့ မရောင်းဘူး။ ကျွန်တော့်မှာလည်း ဖြတ်ပေးတဲ့ စျေးမှာတင် ရှုံးနေပါတယ်။ ရွှေရည်က ၁၀ပဲရည်လောက်ပဲ ရှိတယ်”ဟု ဦးထုံ ရွှေဆိုင်ပိုင်ရှင် ဦးကျော်ဝင်းက အရည်အသွေး မပြည့်မီသော ရွှေနှင့်ပတ်သက်၍ သူတွေ့ကြံုခဲ့ရသည်ကို ပြောသည်။

ယင်းကဲ့သို့ အာမခံချက် အနေဖြင့် ၀ယ်ယူသည့် ဘောင်ချာတစ်ရွက်သာရှိသည့် ရွှေလောကအခေါ် ဒုံးရွှေဝယ်ယူသည့် သူများအနေဖြင့် ၀ယ်ယူသည့် ပစ္စည်းအား ယင်းဆိုင်မှာပင် ပြန်လည်ရောင်းချရမည် ဖြစ်ပြီး အခြားဆိုင်များမှ လက်ခံဝယ်ယူမှု မရှိခြင်း၊ ပြန်လည် ရောင်းချရာတွင် ၁၀ရာခိုင်နှုန်း ဖြတ်ခြင်း၊ ရွှေဝယ်ယူချိန်တွင်လည်း အရည်အသွေး မမီသော ရွှေများအား အရည်အသွေး ပြည့်မီသည့် ၁၄-၁၅ ပဲရည် စျေးနှုန်းအတိုင်း ၀ယ်ယူရခြင်း၊ ကာလသက်တမ်း တစ်နှစ်နီးပါး ရှိလာသည့်အချိန်တွင် မိမိ၏ အဆင်းတန်ဆာ အတွက် ၀တ်ဆင်သည့် ပစ္စည်းမှာ ကြေးရောင်များ ပေါ်ပေါက်ကာ ဂုဏ်ရှိန်မတင့်သည့် အနေအထားမျိုး ကြံုတွေ့ရခြင်း ၀ယ်ယူထားသည့် ဘောင်ချာ ပျောက်ဆုံးသွားပါက မူရင်းဆိုင်မှ လက်မခံတော့သဖြင့် သောင်းပြောင်း ၀ယ်ယူသည့် ဆိုင်များတွင် ၀ယ်ယူသည့် ပေါက်စျေးထက် သုံးချိုးတစ်ချိုးခန့်ဖြင့်သာ ပြန်လည် ရောင်းချရခြင်း စသည့်အချက်များ ဆုံးရှုံးနစ်နာလျက်ရှိသည်။

ရွှေတော့ရွှေပါပဲ...ဆိုတဲ့ တရားဝင်လိမ်တဲ့ ရွှေ စျေးကွက်

“ရောင်းတာကတော့ ၁၄ ပဲ၊ ၁၅ ပဲ ပြောပြီးရောင်းတာပဲ။ ရွှေပါ၀င်မှုက ၁၀ ပဲ၊ ၁၁ ပဲ လောက်ပဲရှိတယ်။ တချို့ဆိုရင် ၉ပဲရည်လောက်နဲ့ လုပ်တဲ့ဆိုင်တွေတောင်ရှိတယ်”ဟု နဂါးညီနောင် ရွှေဆိုင်မှ ရွှေရောင်းအဝယ် ပြုလုပ်သူ ကိုသီဟစိုးမှ ပြောသည်။

ထိုသို့ ရွှေရည်နည်းပါးစွာ ပြုလုပ်ရောင်းချနေသော်လည်း ၀ယ်ယူသူများ အနေဖြင့် မသိရှိရခြင်းမှာ နည်းပညာများ မြင့်မားလာသည့် အတွက် ထိုကဲ့သို့ အရည်အသွေးနိမ့် ရွှေထည်များအား ဆေးရည် အသုံးပြုပြီး၊ အကယ်ဒမီရွှေကဲ့သို့ ပုံစံတူ ရွှေရောင်နည်းပါး ပြုလုပ်ရောင်းချနေခြင်းကြောင့် ဖြစ်သည်ဟုလည်း သိရသည်။

“အရင်တုန်းက နည်းပညာ သိပ်မမြင့်တဲ့အတွက် အရည်အသွေးနိမ့်တဲ့ ရွှေတွေကို အရောင် တင်ရင် နှစ်လလောက်ပဲခံတော့ ၀ယ်တဲ့သူတွေ အနေနဲ့ အချိန်တို အတွင်း သိရတယ်။ တစ်ချို့ရွှေ အကြောင်း နားလည်တဲ့ ၀ယ်ယူသူဆိုရင် ချက်ခြင်းသိတယ်။ အခု နည်းပညာ မြင့်လာတဲ့အတွက် ရွှေကို အရောင်တင်ထားရင် နှစ်နှစ်လောက်ခံတယ်။ ၀ယ်ယူသူတွေ ချက်ခြင်းလည်း သတိမထားမိဘူး။ ရောင်းတဲ့ ဆိုင်ကတော့ နှစ်နှစ်အတွင်းမှာ ကြီးပွားချမ်းသာသွားတယ်။ ၀ယ်တဲ့ပြည်သူတွေပဲ အများကြီး ဆုံးရှုံးနစ်နာရတာ”ဟု နှစ်ပေါင်းများစွာ ဆယ်စုနှစ်ကျော် ရွှေအရောင်းအဝယ် ပြုလုပ်နေသူ တစ်ဦးက ရှင်းပြသည်။

“သူတို့ကတော့ ၁၅ ပဲရည်ဆိုပြီး ရောင်းပေမယ့် တကယ်တမ်း သူတို့ လုပ်ပေးလိုက်တဲ့ရွှေက ၁၀ပဲရည်လောက်ပဲ ရှိတယ်။ အဲဒီမှာတင် ၅ ပဲလောက် မြတ်နေပြီ။ ပိုဆိုးတာက နှစ်နှစ်လောက် ရောင်းပြီးသွားရင် ဆိုင်နာမည်ကို မေတ္တာကနေ သစ္စာလို့ ပြောင်းလိုက်တယ်။ ပိုင်ရှင်က မပြောင်းဘူး။ ၀န်ထမ်းတွေ ပြောင်းလိုုက်တယ်။ အဲဒီတော့ အရင်သူ့ဆိုင်က ၀ယ်ထားတဲ့ ရွှေထည်ကိုလာ ရောင်းရင် လက်မခံတော့ဘူး။ အဲဒီတော့ ၀ယ်သူတွေပဲ နစ်နာရတာပေါ့”ဟု မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌက ဆိုသည်။

ရွှေထည်ဝတ်ဆင်သူများ အတွက် ပြဿနာများ ပေါ်ပေါက်လာပါက တိုင်ကြားရန် အဖွဲ့အစည်း မရှိသည့်အပြင် မတရားနည်းဖြင့် လုပ်ကိုင်နေပါက အရေးယူမည့် ဥပဒေမှာလည်း ပြဌာန်းထားခြင်း မရှိသေးသည့် အတွက် ရွှေရည်လျှော့၍ လိမ်လည် ရောင်းချသည့် ရွှေဆိုင်များ ပေါ်ပေါက်လာပြီး ယင်းဆိုင်များ အနေဖြင့် တရားမဝင်သည့် လုပ်ရပ် ဆောင်ရွက်နေသော်လည်း တရားဝင်သည့် လုပ်ငန်းမျိုး ဖြစ်နေသည်ဟုလည်း ရွှေလုပ်ငန်းရှင်များက မှတ်ချက်ပြုကြသည်။

ဘယ်လိုထိန်းချုပ်မလဲ

“ရှန်ဟဲတို့ ဟောင်ကောင်တို့မှာ ရောင်းတဲ့ရွှေဆိုင်တွေကို သူတို့ နိုင်ငံက အသိအမှတ်ပြု လက်မှတ် ထုတ်ပေးမှ ရောင်းခွင့်ရှိတယ်။ လက်မှတ်မရှိဘူးဆိုရင် တရားမဝင်ဘူး လိမ်တာလို့ပဲ သတ်မှတ်ထားတယ်။ ဒီမှာက ကုန်အမှတ်တံဆိပ် တန်ဖိုးကို သတ်မှတ်ပေးတာမျိုး မရှိဘူး။ ၀ယ်ယူသူတွေကလည်း ကုန်အမှတ်တံဆိပ် တန်ဖိုးကို နာလည်မှု သိပ်မရှိသေးဘူး”ဟု ရွှေကုန်သည် တစ်ဦးမှ ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် စျေးကွက်အတွင်းတွင် အမျိုးမျိုး ရောင်းချနေသော ရွှေဆိုင်များ၊ ရွှေရည်မမီသော ရွှေထည်ပစ္စည်းများ ရောင်းချခြင်းများ တားမြစ်နိုင်ရန်နှင့် နိုင်ငံတကာ အဆင့်အတန်း တစ်ခုသတ်မှတ်နိုင်ရန် အတွက် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းတို့ ဆွေးနွေးလျက်ရှိသော်လည်း ရွှေလုပ်ငန်းရှင်များ အသင်းထဲမှာပင် အရည်အသွေး မပြည့်မီသော ရွှေထည် ပစ္စည်းများ ရောင်းချနေသည့် ပုဂ္ဂိုလ်များ ပါ၀င်နေသဖြင့် ဆွေးနွေးမှု ကြန့်ကြာနေသည်ဟုလည်း ရွှေလုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ သိရသည်။

ထိန်းချုပ်ပေးမည့် ကြားခံအဖွဲ့ လိုနေပြီ

“တစ်ချို့မြို့ထဲက ရွှေဆိုင်ကြီးတွေတောင် ဆိုင်တွေပိတ်ပြီး၊ မြို့ပြင်မှာ အရည်အသွေးနိမ့် ရွှေထည်တွေ လုပ်ပြီးတော့ ရောင်းချတာမျိုးတွေတောင် ရှိလာပါတယ်။ ဘာလို့လည်းဆိုတော့ သူက အမြတ်ပိုများတယ်။ ဒီထက်ကောင်းတဲ့ အလုပ်မရှိတော့ဘူး။ မြို့ထဲမှာက အမြတ် နည်းနည် ကျန်ဖို့တောင် တော်တော်လေး အာပေါက်အောင် ပြောရပါတယ်”ဟု မြို့ထဲတွင် ရွှေ ဆိုင်ဖွင့်ထားသော ရွှေဆိုင်ပိုင်ရှင် တစ်ဦးမှ ပြောသည်။
ယခုဖြစ်ပေါ်နေသော အရည်သွေး မပြည့်မီသည့် ရွှေထည် ပစ္စည်းစျေးကွက်အား ထိန်းချုပ် အရေးယူနိုင်သည့့် အဖွဲ့အစည်း ဖွဲ့စည်းနိုင်ခြင်း မရှိပါက အာဆီယံ စီးပွားရေး အသိုက်အဝန်း အသက်ဝင်ချိန်တွင် ပြည်ပနိုင်ငံများမှ အရည်သွေး မပြည့်မီသော ရွှေထည် ပစ္စည်းများ ၀င်ရောက် ရောင်းချမှုများ ပြုလုပ်လာနိုင်သည်ဟုလည်း ဦးကျော်ဝင်းကဆိုသည်။

“ပြည်ပကနေ အရည်သွေး နိမ့်တဲ့ ရွှေထည်တွေ တင်သွင်းလာပြီး ပြည်တွင်းမှာ ရောင်းချသွားရင် ပြည်တွင်းကသူတွေ အများကြီး နစ်နာတယ်။ သူတို့က တစ်ခါလာပြီး ငွေတွေသယ်သွားမှာ။ အဲဒါကို ထိန်းချုပ်ပေးမယ့် အဖွဲ့စည်း တစ်ခုကတော့ ရှိဖို့လိုတယ်”ဟု ၄င်းက ဆိုသည်။

ယခုဖြစ်ပေါ်နေသော အခြေအနေအရ ရွှေဝယ်ယူ စုဆောင်းသူများ အနေဖြင့် ၁၄-၁၅ ပဲရည် အဆင့်ရှိ ရွှေထည်ပစ္စည်းများ ၀ယ်ယူရာတွင် အရှုံးပေါ်နေသည့်အပြင် ယခုကဲ့သို့ ရွှေရည် အရည်အသွေး မပြည့်မီသည့် ပစ္စည်းများ ရောင်းချနေခြင်းကြောင့် အောက်ခြေအဆင့် ပြည်သူများအတွက် များစွာနစ်နာနေသည့် အပေါ် အသေးအမွှားကဲ့သို့ သဘောမထားပဲ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံတော် တာဝန်ရှိသူများ အနေဖြင့် ယင်းစျေးကွက်အား အမြန်ဆုံး ထိန်းချုပ်ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင် ရေးသားတင်ပြလိုက်ရပါသည်။

ကွန်းဇော်၊ Kမိုး

အရည်သွေးမမီ ရွှေရည်ခြံုများနှင့် ဒုံး နှင့် အရှုံး

No comments:

Post a Comment