Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 29, 2015

လူ့အခွင့်အရေးကိုယ်စားလှယ် ကုလမှာ မြန်မာနိုင်ငံအစီရင်ခံစာ တင်သွင်း


 မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အခြေအနေတွေ ရှိနေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ပြဿနာတွေလို စိန်ခေါ်မှုတွေ ရှိနေတဲ့ အခြေအနေတွေကိုလည်း အထူးကိုယ်စားလှယ် Yanghee Lee က နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ တင်ပြသွားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ရွေးကောက်ပွဲတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လွတ်လပ်မျှတမှုရှိရှိ ကျင်းပသွားမယ်လို့ မြန်မာအစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့က ကတိပြုပြောကြား ထားတဲ့အပေါ် ကြိုဆိုပေမဲ့ စိုးရိမ်စရာတွေ၊ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က အထွေထွေညီလာခံကို အစီရင်ခံစာ တင်သွင်းရာမှာ ပြောကြားခဲ့တာပါ။ ရွေးကောက်ပွဲကို နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာခွင့် ပေးတာတွေလို အပြုသဘောဆောင်တဲ့ အစီအစဉ်တွေ တွေ့ရပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း မစ် Yanghee Lee က ပြောဆိုခဲ့ပါတယ်။

“ပြည်တွင်းပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကို ဖိတ်ကြားခဲ့တဲ့အပေါ် ကြိုဆိုပေမဲ့လည်း ကိုယ့်မဲဆန္ဒနယ်မြေမှာ မဟုတ်တဲ့သူတွေ ကြိုတင်မဲ ပေးခွင့်နဲ့ ပတ်သက်လို့ မကြာသေးခင်တုန်းက ကြေညာခဲ့ရာမှာ၊ စစ်တပ်နဲ့ မိသားစုဝင်တွေ ကြိုတင်မဲပေးတဲ့အခါမှာတော့ စောင့်ကြည့်လေ့လာခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့တာကတော့ စိတ်ပျက်စရာပါ။ ဒါဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျမကို ကတိပေးထားတာနဲ့ ကွဲလွဲနေပါတယ်။”

ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေ အလွဲလွဲအမှားမှား ဖြစ်နေတာဟာလည်း စိတ်ပျက်စရာကောင်းတဲ့ ကိစ္စအဖြစ် အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါ တယ်။ လုံခြုံရေးအခြေအနေကြောင့် ရာနဲ့ချီတဲ့ မြို့နယ်တွေနဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲတွေ မကျင်းပဖို့ ကော်မရှင်က ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာလည်း စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။ ဒီလိုအခြေအနေအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ရလဒ်တွေဟာ အများလက်ခံနိုင်စရာ မဖြစ်ဘူးဆိုရင် လည်း ရွေးကောက်ပွဲလွန် ကာလဟာ ပိုပြီးစိုးရိမ်စရာတွေ ကြုံရလိမ့်မယ်လို့ အထူးကိုယ်စားလှယ်က သတိပေးသွားခဲ့ပါတယ်။

“ရွေးကောက်ပွဲ ရလဒ်တွေအပေါ် ယုံကြည်လက်ခံမှုနဲ့ တရားဝင်မှုရှိတယ်လို့ အများက လက်မခံခဲ့ဘူး ဆိုရင်တော့ ရွေးကောက်ပွဲနောက်ပိုင်း၊ သမ္မတသစ်တဦး ရွေးချယ်ရာမှာ၊ အစိုးရသစ်တရပ် ဖွဲ့စည်းရာမှာ မတည်မငြိမ် အခြေအနေတွေ တင်းမာမှုတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်သွားဖို့ အလွန်ပဲ အရေးကြီးပါတယ်။”

ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအဖြစ် ယှဉ်ပြိုင်ကြမယ့်အထဲက မူဆလင် အများစု အပါအ၀င် ကိုယ်စားလှယ် ၆၀ ကျော်ကို နိုင်ငံသားဖြစ်-မဖြစ် ဆိုတဲ့အပေါ် အခြေခံပြီး ယှဉ်ပြိုင်ခွင့် ပယ်ဖျက်လိုက်တာကိုလည်း အထူးကိုယ်စားလှယ်က ထောက်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင် လာတဲ့ ၄ နှစ်တာ ကာလအတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုတချို့ ရှိလာတာကို အထူးကိုယ်စားလှယ်က အသိအမှတ်ပြု ပြောဆိုခဲ့ပေမဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ပွင့်လင်းမြင်သာမှုရှိရှိ၊ ကျင်းပဖို့အပြင် နိုင်ငံရေးမှာ ဘာသာရေးကို ခုတုံးလုပ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေတာဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်တဲ့အကြောင်း အလေးထား ပြောဆိုသွားပါတယ်။

“နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဘာသာရေးကို အသုံးမချဖို့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေက တားမြစ်ထားသလို၊ ဘာသာရေး အကြောင်းပြပြီး မဲဆွယ်တာတွေမလုပ်ဖို့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဥပဒေတွေက တားမြစ်ထားပါတယ်။ ဒါပေမဲ့လည်း ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ပါတီတွေက လူနည်းစုတွေအပေါ် မုန်းတီးအောင် လှုံ့ဆော်တဲ့ စိတ်ပျက်စရာ လုပ်ရပ်တွေကိုလည်း ကျမလေ့လာစုံစမ်း သိရှိရပါတယ်။ လူနည်းစုတွေ အခွင့်အရေးအတွက် ကာကွယ်၊ ရပ်တည် ပြောဆိုကြတဲ့ အရပ်ဖက် လူမှုအသိုင်းအ၀ိုင်းကလူတွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေကို ခြိမ်းခြောက်နှောင့်ယှက်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။”

အထွေထွေညီလာခံမှာ အစီရင်ခံစာ တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ မကြာသေးခင်တုန်းက အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့တာလို  တိုးတက်မှုတချို့ ရှိတယ်ဆိုပေမဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူတာ၊ လူနည်းစု မူဆလင် ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ရှိနေတာဟာ အနှုတ်လက္ခဏာဆောင်တဲ့ လုပ်ရပ်တွေအဖြစ်နဲ့ ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ ဒေသခံ အရပ်သားတွေကို အဓမ္မတ တပ်သားစုစောင်းတာ၊ စစ်ပေါ်တာဆွဲတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို စိုးရိမ်ကြောင်းလည်း ပြောဆို သွားခဲ့ပါတယ်။

ပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြသူတွေကို လက်ပံတန်းမှာ အာဏာပိုင်တွေက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး တချို့ကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထားတာနဲ့ မြန်မာသတင်းထောက်တွေဟာလည်း တရားစွဲဆိုခံနေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာတွေကိုလည်း အထူးကိုယ်စားလှယ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးခင်က မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်တဲ့ပုံတွေ Facebook မှာ ဖြန့်ဝေမှုနဲ့ တရားစွဲဆိုခံနေရတဲ့ ပက်ထရစ် ကွမ်ဂျာလီနဲ့ မချောစန္ဒီတို့ နှစ်ဦး ဖမ်းဆီးခံနေရတဲ့ကိစ္စကိုလည်း အထူးကိုယ်စားလှယ်က ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။ ဒီအတွက်လည်း ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အစိုးရသစ်အနေနဲ့ နိုင်ငံရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ သာမကပဲ လူ့အခွင့်အရေး ပြဿနာတွေကိုလည်း ဦးစားပေး ဖြေရှင်းဖို့ လိုမယ်လို့ တိုက်တွန်း ပြောကြားသွားပါတယ်ရှင်။

မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
..................


ျမန္မာနိုင်ငံမွာ က်င်းပဖို့ ရက္ပိုင်းသာ လိုတော့တဲ့ ရြေးကောက္ပဲနြဲ့ ပတ်သက္လို့ စိုးရိမ္စရာ အျေခအေနေတြ ရွိနေတဲ့အေကြာင်ျးမန္မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခြင့်အေရး အထူးကိုယ္စားလွယ္ကျေပာကြားလိုက္ပါတယ်။ လက္နက္ကိုင် ပဋိပက္ခတြေ၊ လူ့အခြင့်အေရျးပဿနာတြေလို စိန်ခေါ်မှုတြေ ရွိနေတဲ့ အျေခအေနေတြကိုလည်း အထူးကိုယ္စားလွယ် Yanghee Lee က နယူးယောက် ကုလသမဂ္ဂရုံးခ်ုပ္မွာ ဗုဒ္ဓဟူးနေ့က က်င်းပခဲ့တဲ့ အေထြေထြညီလာခံရဲ့ တတိယေက္မာတီမွာ တင်ျပသြားခဲ့တျာဖစ္ပါတယ်။ အျပည့်အစုံကိုတော့ မနန္ဒာခ်မ်းက ဆက်ျေပျာပပါမယ်။

ရြေးကောက္ပဲတြေကို နိုင်ငံတကာ စံခိန္စံညွှန်းတြေနဲ့အညီ လြတ္လပ္မ်ွတမှုရွိရွိ က်င်းပသြားမယ္လိျု့မန္မာအစိုးရနဲ့ ရြေးကောက္ပြဲ က္မောရွင္တို့က ကတျိပျုေပာကြား ထားတဲ့အေပါ် ကြိုဆိုပေမဲ့ စိုးရိမ္စရာတြေ၊ စိန်ခေါ်မှုတြေ ရွိနေဆျဲဖစ္တဲ့အေကြာင်ျးမန္မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခြင့်အေရး အထူးကိုယ္စားလွယ် Yanghee Lee က အေထြေထြညီလာခံကို အစီရင္ခံစာ တင်ြသင်းရာမွာျေပာကြားခဲ့တာပါ။ ရြေးကောက္ပဲကြို နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာခြင့် ပေးတာတြေလို အျပုသေဘာဆောင္တဲ့ အစီအစဉ်တြေ တြေ့ရေပမဲ့လည်း ရြေးကောက္ပဲနြဲ့ ပတ်သက္လို့ စိုးရိမ္စရာတြေ ရွိနေဆျဲဖစ္တယ္လို့လည်း မစ် Yanghee Lee ကျေပာဆိုခဲ့ပါတယ်။

“ျပည္တြင်ျးပည္ပက ရြေးကောက္ပြဲ စောင့်ကြည့်လေ့လာသူတြေကို ဖိတ်ကြားခဲ့တဲ့အေပါ် ကြိုဆိုပေမဲ့လည်း ကိုယ့္မဲဆန္ဒနယ်ျေမမွာ မဟုတ္တဲ့သူတြေ ကြိုတင္မဲ ပေးခြင့်နဲ့ ပတ်သက္လို့ မကြာသေးခင္တုန်းက ကြေညာခဲ့ရာမွာ၊ စစ္တပ္နဲ့ မိသားစုဝင်တြေ ကြိုတင္မဲပေးတဲ့အခါမွာတော့ စောင့်ကြည့်လေ့လာခြင့်ပေးမွာ မဟုတ္ဘူးလို့ျေပာခဲ့တာကေတာ့ စိတ္ပ်က္စရာပါ။ ဒါဟျာပည်ထောင္စု ရြေးကောက္ပြဲ က္မောရွင္က က်မကို ကတိပေးထားတာနဲ့ ကဲလြဲနြေပါတယ်။”

ရြေးကောက္ပဲအြတြက် မဲဆန္ဒရွင္စာရင်းတြေ အလဲလြဲအြမွားမွာျးဖစ်နေတာဟာလည်း စိတ္ပ်က္စရာကောင်းတဲ့ ကိစ္စအျဖစ် အထူးကိုယ္စားလွယ္ကျေပာဆိုခဲ့ပါ တယ်။ လုံခြုံရေးအျေခအေနေကြာင့် ရာနဲ့ခ်ီတဲ့ မြို့နယ်တြေနဲ့ ကေ်းရြာအုပ္စုတြေမွာ ရြေးကောက္ပဲတြေ မက်င်းပဖို့ က္မောရွင္က ဆုံျးဖတ္ခဲ့တဲ့ အေပ်ါမွာလည်း စိုးရိမ်ကြောင်းျေပာဆိုခဲ့တာပါ။ ဒီလိုအျေခအေနေအာက္မွာ က်င်းပမယ့် ရြေးကောက္ပဲကြ ထြက်ပေါ်လာမယ့် ရလဒ်တြေဟာ အမ်ားလက္ခံနိုင္စရာ မျဖစ္ဘူးဆိုရင် လည်း ရြေးကောက္ပဲလြန် ကာလဟာ ပိုပြီးစိုးရိမ္စရာတြေ ကြုံရလိမ့်မယ္လို့ အထူးကိုယ္စားလွယ္က သတိပေးသြားခဲ့ပါတယ်။

“ရြေးကောက္ပြဲ ရလဒ်တြေအေပါ် ယုံကြည္လက္ခံမှုနဲ့ တရားဝင္မှုရွိတယ္လို့ အမ်ားက လက္မခံခဲ့ဘူး ဆိုရင်တော့ ရြေးကောက္ပဲနြောက္ပိုင်း၊ သမ္မတသစ္တဦး ရြေးခ်ယ်ရာမွာ၊ အစိုးရသစ္တရပ် ဖြဲ့စည်းရာမွာ မတည္မငြိမ် အျေခအေနေတြ တင်းမာမှုတြေ ကြုံရနိုင္ပါတယ်။ ဒါကြောင့္လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အေနနဲ့ အျေခအေနေတြကို အနီးကပ်စောင့်ကြည့်သြားဖို့ အလြန္ပဲ အေရးကြီးပါတယ်။”

ရြေးကောက္ပဲမြွာ ကိုယ္စားလွယ်လောင်းတြေအျဖစ် ယွဉ်ပြိုင်ကြမယ့်အထဲက မူဆလင် အမ်ားစု အပါအ၀င် ကိုယ္စားလွယ် ၆၀ ကေ်္ကာို နိုင်ငံသာျးဖစ်-မျဖစ် ဆိုတဲ့အေပါ် အျေခခံပြီး ယွဉ်ပြိုင္ခြင့် ပယ္ဖ်က္လိုက္တာကိုလည်း အထူးကိုယ္စားလွယ္က ထောက်ျပခဲ့ပါတယ်။ျမန္မာနိုင်ငံ မျွာပျုပင်ျေပာင်းလဲရေးတြေ လုပ်ဆောင် လာတဲ့ ၄ နွစ္တာ ကာလအတြင်း လူ့အခြင့်အေရး အျေခအေနေတြ တိုးတက္မှုတခို့ ရွိလာတာကို အထူးကိုယ္စားလွယ္က အသိအမွတ်ျပုျေပာဆိုခဲ့ပေမဲ့ ရြေးကောက္ပဲကြို နိုင်ငံတကာ စံနှုန်းတြေနဲ့အညီ ပြင့်လင်ျးမင်သာမှုရွိရွိ၊ က်င်းပဖို့အျပင် နိုင်ငံရေးမွာ ဘာသာရေးကို ခုတုံးလုပ္လာနိုင္တဲ့ အန္တရာယ်တြေ ရွိနေတာဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတချုဖစ္တဲ့အေကြာင်း အေလးထားျေပာဆိုသြားပါတယ်။

“နိုင်ငံရေး ရည်ြရယ္ခ်က္နဲ့ ဘာသာရေးကို အသုံးမခ်ဖို့ ၂၀၀၈ ခုနွစ် အျေခခံဥပေဒက တာျးမစ္ထားသလို၊ ဘာသာရေး အေကြာင်ျးပပြီး မဲဆြယ္တာတြေမလုပ္ဖိျု့မန္မာနိုင်ငံ ရြေးကောက္ပြဲ ဥပေဒေတြက တာျးမစ္ထားပါတယ်။ ဒါပေမဲ့လည်း ဘာသာရေးခေါင်းဆောင်တြေနဲ့ နိုင်ငံရေး ပါတီတြေက လူနည်းစုတြေအေပါ် မုန်းတီးအောင် လှုံ့ဆ္တောဲ့ စိတ္ပ်က္စရာ လုပ်ရပ်တြေကိုလည်း က်မေလ့လာစုံစမ်း သိရွိရပါတယ်။ လူနည်းစုတြေ အခြင့်အေရးအတြက် ကာကြယ်၊ ရပ္တည်ျေပာဆိုကြတဲ့ အရပ္ဖက် လူမှုအသိုင်းအ၀ိုင်းကလူတြေ၊ နိုင်ငံရေးသမားတြေ၊ သတင်းထောက်တြေကို ခြိမ်ျးေခာက်နွောင့်ယွက္တယ္ဆိုတဲ့ သတင်းတြေလည်း ကြားရပါတယ်။”

အေထြေထြညီလာခံမွာ အစီရင္ခံစာ တင်ြသင်းခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ္စားလွယ္ကေတာ့ တိုင်းရင်းသား လက္နက္ကိုင် ၈ ဖြဲ့နဲ့ မကြာသေးခင္တုန်းက အပစ်အခတ်ရပ္စဲရေး လက္မွတ်ရေးထိုးနိုင္ခဲ့တာလို  တိုးတက္မှုတခို့ ရွိတယ္ဆိုပေမဲ့ လက္နက္ကိုင် ပဋိပက္ခတြေ ဆက္လက်ျဖစ္ပြားနေတာ၊ လြတ္လပ္စြာ ထုတ်ဖော်ျေပာဆိုသူတြေ၊ နိုင်ငံရေး လှုပ်ရွားသူတြေကို ဖမ်းဆီးအေရးယူတာ၊ လူနည်းစု မူဆလင် ရိုဟင္ဂ်ာတြေအေပါ် ချြဲခားဆက္ဆံတာတြေ ရွိနေတာဟာ အနှုတ္လက္ခဏာဆောင္တဲ့ လုပ်ရပ်တြေအျဖစ္နဲ့ျေပာဆိုခဲ့တာပါ။ ကခ်င်ျပည္နယ္နဲ့ ရွမ်ျးပည္နယ္မွာ တိုက္ပြဲတျြေဖစ္ပြားနေတဲ့ တခိန္တည်းမွာပဲ ဒေသခံ အရပ်သားတြေကို အဓမ္မတ တပ်သားစုစောင်းတာ၊ စစ်ပေါ်တာဆြဲတာနဲ့ လိင္ပိုင်းဆိုင်ရာ အကြမ်းဖက္မှုတြေ ဆက်ျဖစ်နေတာကို စိုးရိမ်ကြောင်းလည်းျေပာဆို သြားခဲ့ပါတယ်။

ပညာရေးဥပေဒျပင္ဆင်ပေးဖို့ ငြိမ်းခ်မ်းစြာ တောင်းဆိုဆန္ဒျပသူတြေကို လက္ပံတန်းမွာ အာဏာပိုင်တြေက အင်အားသုံး အကြမ်းဖက် ဖြိုခြင်းခဲ့ပြီး တခို့ကို သာယာဝတီအက်ဉ်းထောင္မွာ ဖမ်းဆီးထားတာနျဲ့မန္မာသတင်းထောက်တြေဟာလည်း တရားစြဲဆိုခံနေရတဲ့ အျေခအေနေတြနဲ့ ရင္ဆိုင်နေရတာတြေကိုလည်း အထူးကိုယ္စားလွယ္က ထည့်သြင်ျးေပာကြားခဲ့ပါတယ်။ ဒါ့အျပင် မကြာသေးခင္ကျမန္မာစစ္တပ်အကြီးအကဲ ဗိုလ္ခ်ုပ္မွူးကြီး မင်းအောင္လှိုင္ကို သေရ္တာဲ့ပုံတြေ Facebook မျွာဖန့်ဝေမှုနဲ့ တရားစြဲဆိုခံနေရတဲ့ ပက္ထရစ် ကြမ္ဂ်ာလီနဲ့ မေခ်ာစန္ဒီတို့ နွစ်ဦး ဖမ်းဆီးခံနေရတဲ့ကိစ္စကိုလည်း အထူးကိုယ္စားလွယ္က ထည့်သြင်းျေပာဆိုသြားခဲ့ပါတယ်။ ဒီအတြက္လည်း ရြေးကောက္ပဲအြပြီး ထြက်ပေါ်လာမယ့် အစိုးရသစ်ေအနနဲ့ နိုင်ငံရေး၊ လက္နက္ကိုင် ပဋိပက္ခတြေ သာမကပဲ လူ့အခြင့်အေရျးပဿနာတြေကိုလည်း ဦးစားပေးျေဖရွင်းဖို့ လိုမယ္လို့ တိုက္တြန်းျေပာကြားသြားပါတယ်ရွင်။

မနန္ဒာခ်မ်း / ဗြီအိုအေ (ျမန္မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment