Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 27, 2015

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို ေလွာင္ေျပာင္၊ အသေရဖ်က္သည္ဟု စြပ္စြဲခံရသူ မေခ်ာစႏၵီထြန္းကို မအူပင္တရား႐ံုးတြင္ ရံုးထုတ္



တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို ေလွာင္ေျပာင္သည္ဟု စြပ္စြဲခံရကာ
အီလက္ထေရာနစ္ ဆက္သြယ္ေဆာင္ရြက္ေရး ဥပေဒ ပုဒ္မ ၆၆(ဃ)ျဖင့္
တရားစဲြဆို ခံထားရသည့္ မေခ်ာစႏၵီထြန္းကို မအူပင္တရား႐ုံးတြင္ ေအာက္တိုဘာ
၂၇ ရက္က ႐ုံးထုတ္စစ္ေဆးခဲ့ၿပီး အသေရဖ်က္မႈ ပုဒ္မ ၅၀၀ ကိုပါ ထပ္တိုး စြဲဆိုလိုက္ေၾကာင္း
 သတင္းရရွိသည္။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ၀တ္ဆင္ထား
ေသာ ယူနီေဖာင္းသည္ ေဒၚေအာင္ဆန္းစုၾကည္ ၀တ္ဆင္ထားသည့္
ထဘီအေရာင္ႏွင့္ ဆင္တူသည္ဟု လူမႈကြန္ရက္စာမ်က္ႏွာ (Facebook)ေပၚတြင္
ေရးသား ေဖာ္ျပခဲ့ျခင္းေၾကာင့္ မေခ်ာစႏၵီထြန္းကို တပ္မေတာ္ကိုယ္စား ပုသိမ္
အေျခစိုက္ အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္မွ ပထမတန္း စစ္ေရးဦးစီးအရာရွိ
ဒုတိယဗိုလ္မွဴးႀကီး ေက်ာ္ထင္က တရားလိုျပဳလုပ္ တရားစဲြဆိုထားျခင္း ျဖစ္ၿပီး
ဒုတိယေျမာက္႐ုံးခ်ိန္တြင္ အသေရဖ်က္မႈကိုပါ ထပ္တိုးစြဲဆိုခဲ့ျခင္း ျဖစ္သည္။

မအူပင္နည္းပညာ တကၠသိုလ္မွ B.Tech(EC) ျဖင့္ ဘြဲ႕ရထားသူ
မေခ်ာစႏၵီထြန္းသည္ မအူပင္ခ႐ိုင္ ေက်ာင္းသား သမဂၢအဖြဲ႕၀င္ေဟာင္း တစ္ဦးျဖစ္ၿပီး
ေဖေဖာ္၀ါရီလအတြင္းက ေပၚေပါက္ခဲ့သည့္ ေက်ာင္းသားသပိတ္ စစ္ေၾကာင္းတြင္
လိုက္ပါ၍ အမ်ိဳးသားပညာေရး ဥပေဒကို ဆန္႕က်င္ကန္႕ကြက္ခဲ့သူ တစ္ဦးလည္း
ျဖစ္ေၾကာင္း၊ ယင္းေနာက္ပိုင္းတြင္ ေက်ာင္းသားသမဂၢမွ ႏုတ္ထြက္၍ မအူပင္ၿမိဳ႕နယ္
NLD ပါတီသို႕ ၀င္ေရာက္ကာ ပါတီေအာင္ႏိုင္ေရး လုပ္ငန္းမ်ား ၀ိုင္း၀န္းကူညီ
ေဆာင္ရြက္ေနသူလည္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေဇာ္မင္းထြန္း
Photo - ေနေရာင္နီ
The Ladies News Journal
https://www.facebook.com/News.TheLadies
.........................


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို လှောင်ပြောင်သည်ဟု စွပ်စွဲခံရကာ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့်
တရားစွဲဆို ခံထားရသည့် မချောစန္ဒီထွန်းကို မအူပင်တရားရုံးတွင် အောက်တိုဘာ
၂၇ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀ ကိုပါ ထပ်တိုး စွဲဆိုလိုက်ကြောင်း
 သတင်းရရှိသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၀တ်ဆင်ထား
သော ယူနီဖောင်းသည် ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်ထားသည့်
ထဘီအရောင်နှင့် ဆင်တူသည်ဟု လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ်တွင်
ရေးသား ဖော်ပြခဲ့ခြင်းကြောင့် မချောစန္ဒီထွန်းကို တပ်မတော်ကိုယ်စား ပုသိမ်
အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ပထမတန်း စစ်ရေးဦးစီးအရာရှိ
ဒုတိယဗိုလ်မှူးကြီး ကျော်ထင်က တရားလိုပြုလုပ် တရားစွဲဆိုထားခြင်း ဖြစ်ပြီး
ဒုတိယမြောက်ရုံးချိန်တွင် အသရေဖျက်မှုကိုပါ ထပ်တိုးစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မအူပင်နည်းပညာ တက္ကသိုလ်မှ B.Tech(EC) ဖြင့် ဘွဲ့ရထားသူ
မချောစန္ဒီထွန်းသည် မအူပင်ခရိုင် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး
ဖေဖော်ဝါရီလအတွင်းက ပေါ်ပေါက်ခဲ့သည့် ကျောင်းသားသပိတ် စစ်ကြောင်းတွင်
လိုက်ပါ၍ အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သူ တစ်ဦးလည်း
ဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းတွင် ကျောင်းသားသမဂ္ဂမှ နုတ်ထွက်၍ မအူပင်မြို့နယ်
NLD ပါတီသို့ ၀င်ရောက်ကာ ပါတီအောင်နိုင်ရေး လုပ်ငန်းများ ၀ိုင်းဝန်းကူညီ
ဆောင်ရွက်နေသူလည်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း
Photo - နေရောင်နီ
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment