Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 28, 2015

ကျွန်းတုများအနီးမှ အမေရိကန်စစ်သင်္ဘော ဖြတ်သန်းခဲ့မှုကို ကန့်ကွက်သည့် အနေဖြင့် ကန်သံအမတ်ကို တရုတ်နိုင်ငံက ဆင့်ခေါ်

The USS Lassen has entered the 12-nautical-mile limit of Chinese controlled islands in the South China Sea


ပေကျင်း ၊ ၂၈-၁၀-၂၀၁၅

တောင်တရုတ် ပင်လယ် အတွင်းရှိ တရုတ်နိုင်ငံလုပ် ကျွန်းတုများ အနီးမှ အမေရိကန် စစ်သင်္ဘော တစ်စီးဖြတ်သန်း သွားလာခဲ့မှုကို ကန့်ကွက်သည့် အနေဖြင့် တရုတ်နိုင်ငံ က အမေရိကန် သံအမတ်ကို ယမန်နေ့တွင် ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

တောင်တရုတ် ပင်လယ်အတွင်း ရှိ ကျွန်းတုများ အနီးသို့ အမေရိကန် စစ်သင်္ဘော ဝင်ရောက်လာခြင်း သည် မဖြစ်သင့်သော ဖြစ်ရပ် တစ်ခုဖြစ်ပြီး ယင်းသို့သော အပြုအမူမျိုး ထပ်မံ လုပ်ဆောင်ခြင်း မပြုရန် တရုတ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ကျန်းယေဆွီး က အမေရိကန် သံအမတ် မက်စ်ဘူးကပ်စ် နှင့် တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်။

ထို့ပြင် အမေရိကန် အစိုးရ အနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနှင့် အမျိုးသား အကျိုးစီးပွားကို ထိခိုက် နစ်နာအောင် လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ် သင့်ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

တောင်တရုတ် ပင်လယ်အတွင်းရှိ စပရက်တလေ ကျွန်းစုအနီး ရေမိုင် ၁၂ မိုင်အကွာခန့်မှ အမေရိကန် စစ်သင်္ဘော မောင်းနှင် ဖြတ်သန်း ခဲ့ခြင်းနှင့် စပ်လျဉ်း၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်းတွင် အပြင်းအထန် ကန့်ကွက် ပြောကြား ခဲ့သော်လည်း အဆိုပါ စွပ်စွဲချက်ကို အမေရိကန် အစိုးရက ပယ်ချခဲ့ပြီး စပရက်တလေ ကျွန်းစု အနီးရှိ ရေပိုင်နက်သည် တရုတ် နိုင်ငံပိုင်ဟု ယူဆ ထားခြင်း မရှိကြောင်း ပြန်လည် တုံ့ပြန် ပြောကြားခဲ့သည်။

အဆိုပါ ပင်လယ် အတွင်းရှိ အငြင်းပွား ရေပိုင်နက် အတွင်းသို့ ယမန်နေ့ အစောပိုင်းက အမေရိကန် ပြည်ထောင်စုမှ USS Lassen အမျိုးအစား ဖျက်သင်္ဘော တစ်စီး ဝင်ရောက် ခဲ့ပြီးနောက် တင်းမာမှုများ ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Beijing has options if US escalates challenge to its claims in South China Sea

#PyiChitThar
...............................................................

ကျနြ်းတုမ်ားအနီးမွ အေမရိကန္စစ်ေသင်္ဘျာဖတ်သန်းခဲ့မှုကို ကန့်ကြက်သည့် အေနျဖင့် ကန်သံအမတ္ကို တရုတ်နိုင်ငံက ဆင့်ခေါ်


The USS Lassen has entered the 12-nautical-mile limit of Chinese controlled islands in the South China Sea



ပေက်င်း ၊ ၂၈-၁၀-၂၀၁၅

တောင္တရုတ် ပင္လယ် အတြင်းရွိ တရုတ်နိုင်ငံလုပ် ကျြန်းတုမ်ား အနီးမွ အေမရိကန် စစ်ေသင်္ဘာ တစ္စီျးဖတ်သန်း သြားလာခဲ့မှုကို ကန့်ကြက်သည့် အေနျဖင့် တရုတ်နိုင်ငံ က အေမရိကန် သံအမတ္ကို ယမန်နေ့တြင် ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

တောင္တရုတ် ပင္လယ်အတြင်း ရွိ ကျြန်းတုမ်ား အနီးသို့ အေမရိကန် စစ်ေသင်္ဘာ ဝင်ရောက္လျာခင်း သည် မျဖစ်သင့်သျောဖစ်ရပ် တစ္ချုဖစ်ပြီး ယင်းသို့သော အျပုအမူမိုး ထပ္မံ လုပ်ဆောင်ျခင်း မျပုရန် တရုတ် ဒုတိယနိုင်ငျံခားရေး ဝန်ကြီး က်န်းယေဆြီး က အေမရိကန် သံအမတ် မက္စ္ဘူးကပ္စ် နွင့် တြေ့ဆုံစဉ် တောင်းဆိုခဲ့သည်။

ထိျု့ပင် အေမရိကန် အစိုးရ အေနျဖင့် တရုတ်နိုင်ငံ၏ အခ်ုပ်အျခာ အာဏာ ပိုင္ဆိုင္မှုနွင့် အမိုးသား အကိုးစီးပြားကို ထိခိုက် နစ္နာအောင် လုပ်ဆောင်ျခင်းမွ ရွောင်ကြဉ် သင့်ကြောင်း ၄င်းက ဆက္လက်ျေပာကြား ခဲ့သည်။

တောင္တရုတ် ပင္လယ်အတြင်းရွိ စပရက္တေလ ကျြန်းစုအနီး ရေမိုင် ၁၂ မိုင်အကြာခန့်မွ အေမရိကန် စစ်ေသင်္ဘာ မောင်းနွင်ျဖတ်သန်း ချဲ့ခင်းနွင့် စပ္လ်ဉ်း၍ တရုတ် နိုင်ငျံခားရေး ဝန်ကြီးဌာနက အေစာပိုင်းတြင် အျပင်းအထန် ကန့်ကြက်ျေပာကြား ခဲ့သ္လောည်း အဆိုပါ စြပ္စြဲခ်က္ကို အေမရိကန် အစိုးရက ပယ္ခ်ခဲ့ပြီး စပရက္တေလ ကျြန်းစု အနီးရွိ ရေပိုင္နက်သည် တရုတ် နိုင်ငံပိုင်ဟု ယူဆ ထာျးခင်း မရွိကြောင်ျးပန္လည် တုံျ့ပန်ျေပာကြားခဲ့သည်။

အဆိုပါ ပင္လယ် အတြင်းရွိ အျငင်းပြား ရေပိုင္နက် အတြင်းသို့ ယမန်နေ့ အေစာပိုင်းက အေမရိကန်ျပည်ထောင္စုမွ USS Lassen အမိုးအစား ဖ်က်ေသင်္ဘာ တစ္စီး ဝင်ရောက် ခဲ့ပြီးနောက် တင်းမာမှုမ်ာျးဖစ်ပေါ် လာချဲ့ခင်ျးဖစ်ကြောင်း သိရသည်။

Beijing has options if US escalates challenge to its claims in South China Sea

#PyiChitThar

No comments:

Post a Comment