Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 31, 2015

ေျပာျပခ်င္တဲ့ မယ္စၾကဝဠာ အေၾကာင္းမ်ား

Byစိုးယုေ၀On  Sat, 2015-10-31 22:20Issue No.No.903 Saturday, October 31, 2015

ေရွးေရွးတုန္းက မယ္စၾကဝဠာျမန္မာ

ကမၻာ့ပထမအဆင့္ အလွ မယ္ၿပိဳင္ပြဲႀကီးျဖစ္သည့္ မယ္စၾကဝဠာၿပိဳင္ပြဲႀကီးကုိ ၁၉၅၂ ခုႏွစ္တြင္ စတင္ျပဳလုပ္ကာ ျမန္မာႏုိင္ငံသည္ ၁၉၅၉ ခုႏွစ္ (၇)ႀကိမ္ေျမာက္ျပဳလုပ္သည့္ မယ္စၾကဝဠာၿပိဳင္ပြဲမွ စတင္ဝင္ေရာက္ယွဥ္ၿပိဳင္ႏုိင္ခဲ့ၿပီး ျမန္မာႏုိင္ငံကိုယ္စားျပဳ အလွမယ္အျဖစ္ ေဒၚသန္းသန္း ေအးက သြားေရာက္ယွဥ္ၿပိဳင္ခဲ့ သည္။ အဆုိပါႏွစ္တြင္ မယ္စၾက ဝဠာၿပိဳင္ပြဲႀကီးကို ဖေလာ္ရီဒါျပည္ နယ္ Long Beach တြင္ ဇူလုိင္၌ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ႏိုင္ငံ တကာမွ အလွမယ္ေပါင္း ၃၄ ဦး လာေရာက္ယွဥ္ၿပိဳင္ခဲ့ၾကပါသည္။ ထိုစဥ္က ျမန္မာႏုိင္ငံကိုယ္စားျပဳ အလွမယ္ ေဒၚသန္းသန္းေအး၏ ခႏၶာကိုယ္အတုိင္းအထြာမွာ အရပ္၅ ေပ ၄ လက္မ၊ ရင္ ၃၅ လက္မ၊ခါး ၂၂ လက္မ၊ တင္ ၃၅ လက္မႏွင့္ ကိုယ္အေလးခ်ိန္ေပါင္ ၁၂၀ ျဖစ္ပါသည္။ ယခုအခ်ိန္ထိ အေမရိကန္ႏုိင္ငံ ဖို႔ဒ္ေလာ္ရာေဒးၿမိဳ႕တြင္ က်န္းမာစြာေနထိုင္လ်က္ရွိၿပီး ဘာသာေရးျပဳလုပ္ျခင္းႏွင့္ အားလပ္ခ်ိန္မ်ားတြင္ ဝါသနာပါ သည့္ ပန္းပုထုျခင္းမ်ား ျပဳလုပ္ လ်က္ရွိပါသည္။

၁၉၆၀ ျပည့္ႏွစ္တြင္ ျမန္မာ ႏုိင္ငံကိုယ္စားျပဳ အလွမယ္ ေဒၚျမင့္ျမင့္ေမသည္ ႏုိင္ငံတကာ ၿပိဳင္ပြဲဝင္အလွမယ္ေပါင္း ၄၂ ဦး ႏွင့္အတူ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါ သည္။ အဆုိပါၿပိဳင္ပြဲတြင္ Miss Congeniality ႏွင့္ Miss Photo-genic ဆုမ်ားကို Special Awardsအျဖစ္ ခ်ီးျမႇင့္ခဲ့ရာ ေဒၚျမင့္ျမင့္ေမ က Louisiana အလွမယ္ Ms.Judy Rebeca Fletcher ႏွင့္ အတူ ပူးတြဲ၍ Miss Congeniality ဆုကို ရရွိခဲ့ပါသည္။ ၿပိဳင္ပြဲဝင္ ၄၃ဦးအနက္ ေနာက္ဆံုးဆန္ခါတင္ ငါးဦးအျပင္ Special Awards ႏွစ္ ဆုသာ ေပးအပ္ျခင္းျဖစ္၍ ဆုရရွိ ရန္မွာ မ်ားစြာခဲယဥ္းေသာ္လည္း ျမန္မာႏုိင္ငံအေနျဖင့္ ၂ ႏွစ္အ တြင္း ေအာင္ျမင္မႈရရွိခဲ့့ျခင္းျဖစ္ပါ သည္။ ယခုအခါတြင္ ေဒၚျမင့္ျမင့္ ေမမွာ ကြယ္လြန္သြားၿပီျဖစ္ၿပီး ျမန္မာႏုိင္ငံမွ ပထမဆံုးအႀကိမ္ အျဖစ္ ျပန္လည္ဝင္ေရာက္ယွဥ္ ၿပိဳင္သည့္ ၂၀၁၃ ခုႏွစ္ MissUniverse Myanmar ၿပိဳင္ပြဲႀကီး တြင္ ေဒၚျမင့္ျမင့္ေမ၏ Video File ကို ပရိသတ္မ်ား ၾကည့္႐ႈႏိုင္ရန္ တင္ဆက္ျပသခဲ့ပါသည္။


ဆက္လက္ၿပီး ၁၉၆၁ ခုႏွစ္ တြင္ ျမန္မာႏုိင္ငံကိုယ္စားျပဳအ ျဖစ္ ေဒၚျမင့္ျမင့္ခင္က ၿပိဳင္ပြဲဝင္ ၄၇ ဦးႏွင့္အတူ ဝင္ေရာက္ယွဥ္ ၿပိဳင္ခဲ့ပါသည္။ ထို႔ေနာက္ ၁၉၆၂ ခုႏွစ္မွစတင္ကာ ျမန္မာႏုိင္ငံအ ေနျဖင့္ မယ္စၾကဝဠာၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ႏုိင္ျခင္းမရွိေတာ့ ဘဲ ၿပိဳင္ပြဲအေတြ႕အႀကံဳ သံုးႏွစ္ ျဖင့္သာ ရပ္နားခဲ့ပါသည္။

တစ္ေက်ာ့ျပန္ မယ္စၾကဝဠာျမန္မာ

၁၉၆၁ ခုႏွစ္ ေနာက္ပိုင္းမွ စ၍ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိ ေသာ မယ္စၾကဝဠာၿပိဳင္ပြဲႀကီးသို႔ ျမန္မာႏုိင္ငံမွ ျပန္လည္ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ရရွိရန္ မိမိတုိ႔အေန ျဖင့္ အပတ္တကုတ္ႀကိဳးပမ္းအား ထုတ္ခဲ့ပါသည္။ ထိုကဲ့သို႔ ယွဥ္ ၿပိဳင္ခြင့္ရရန္ ျမန္မာႏုိင္ငံတြင္ ျပည္တြင္းၿပိဳင္ပြဲမ်ားျပဳလုပ္၍ ကိုယ္ စားျပဳေရြးခ်ယ္ႏုိင္ရန္ ဦးစြာလို အပ္ပါသည္။ ျမန္မာအမ်ိဳးသမီး မ်ားအား ကမၻာ့ပထမအဆင့္ အလွမယ္စင္ျမင့္တြင္ ျမင္ေတြ႕အားေပးခြင့္ရရွိႏုိင္ေရးမွာ မိမိတုိ႔ MissUniverse Myanmar Organi-zation ၏ ခုိင္မာသည့္ ဆံုးျဖတ္ခ်က္ျဖစ္ပါသည္။

ပထမဦးစြာ ျပည္တြင္းၿပိဳင္ ပြဲႀကီးကို တုိင္းေဒသႀကီးႏွင့္ ျပည္ နယ္အသီးသီးတို႔တြင္ က်ယ္ျပန္႔ စြာ ေဆာင္ရြက္လိုျခင္း ဌာနဆုိင္ ရာ အဖြဲ႕အစည္းတစ္ခုခုမွ တရား ဝင္ခြင့္ျပဳခ်က္ျဖင့္ ေဆာင္ရြက္လို ျခင္းတုိ႔ေၾကာင့္ ၂၀၁၂ ခုႏွစ္ ႏွစ္ဦးပိုင္းတြင္ ‘‘Miss Universe ၿပိဳင္ပြဲ သို႔ သြားေရာက္ယွဥ္ၿပိဳင္ႏုိင္မည့္ Miss Myanmar ၿပိဳင္ပြဲက်င္းပျပဳ လုပ္ခြင့္ျပဳပါရန္’’ တင္ျပစာကို အားကစားဝန္ႀကီးဌာနလက္ ေအာက္ရွိ ျမန္မာႏုိင္ငံအမ်ိဳးသမီး အားကစားအဖြဲ႕ခ်ဳပ္သို႔  တင္ျပ ေလွ်ာက္ထားခဲ့ပါသည္။ အဆုိပါ တင္ျပခ်က္ကို ယဥ္ေက်းမႈ႐ႈ ေထာင့္မွတ္ခ်က္အရ ဆုိင္းငံ့အေနအထားတြင္ရွိေနရာမွ ၂၀၁၂ ခုႏွစ္ ဩဂုတ္လ ၁၇ ရက္တြင္ ထပ္မံ တင္ျပခြင့္ရရွိခဲ့ပါသည္။ ထိုသို႔ တင္ျပစဥ္ကာလအတြင္း မည္ကဲ့ သို႔ ျပန္လည္မွတ္ခ်က္ျပဳမည္ကို ေန႔စဥ္ႏွင့္အမွ် ေစာင့္ဆုိင္းေနပါ သည္။ ေစာင့္ဆိုင္းေနစဥ္ ေအာက္တိုဘာ ၈ ရက္စြဲျဖင့္ အားကစား ဝန္ႀကီးဌာနက ခြင့္ျပဳမိန္႔ကို Fax ျဖင့္ လက္ခံရရွိခဲ့သျဖင့္ မယံုႏုိင္ ေလာက္ေအာင္ ဝမ္းသာေပ်ာ္ရႊင္ ခဲ့ရပါသည္။ မိမိတို႔၏ လုပ္ငန္း အေတြ႕အႀကံဳတစ္ေလွ်ာက္လံုး တြင္ သန္႔ရွင္းစြာ၊ လြယ္ကူစြာ၊ ေခ်ာေမြ႕စြာ၊ လ်င္ျမန္စြာ ရရွိခဲ့ ေသာ ခြင့္ျပဳမိန္႔တစ္ေစာင္ပင္ျဖစ္ ပါသည္။



နယူးေယာက္က မယ္စၾကဝဠာ

ျပည္တြင္း၌ မယ္စၾကဝဠာ ေရြးခ်ယ္ခြင့္ရရွိခ်ိန္တြင္ ပို၍အ ေရးႀကီးသည့္အခ်က္မွာ မယ္စၾက ဝဠာၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ ခြင့္ရရွိေရးျဖစ္ပါသည္။ အေမရိ ကန္ႏုိင္ငံ နယူးေယာက္အေျခ စိုက္ Miss Universe Organiza-tion သို႔ လက္လွမ္းမီသေလာက္ ဆက္သြယ္စံုစမ္းရာ လက္ရွိအ ခ်ိန္တြင္ ျမန္မာႏုိင္ငံအတြက္ National Director အျဖစ္ အဆို ျပဳထားသူ ငါးဦးခန္႔ရွိၿပီး ေလာ ေလာဆယ္တြင္ ဝင္ခြင့္ျပဳရန္ မျဖစ္ႏုိင္ေသးေၾကာင္း အေၾကာင္းျပန္ ပါသည္။ အဆုိျပဳထားသူမ်ားထဲ တြင္ ျပည္ပေရာက္ ျမန္မာႏုိင္ငံ သားမ်ား၊ ျပည္ပႏွင့္ ခ်ိတ္ဆက္ ေဆာင္ရြက္ေနသူမ်ားသာမက အိမ္နီးခ်င္း ထိုင္းလူမ်ိဳးမ်ားပါ ပါဝင္ေၾကာင္း သိရပါသည္။ သို႔ ေသာ္ အားမေလွ်ာ့ဘဲ နည္းလမ္း ေပါင္းစံုမွ ဆက္သြယ္ႀကိဳးပမ္းရာ မိတ္ေဆြပင္လယ္ရပ္ျခားလုပ္ငန္း ရွင္တစ္ဦး၏ အကူအညီျဖင့္ Miss Universe Organization ႏွင့္ တုိက္႐ိုက္ဆက္သြယ္ႏုိင္ခဲ့ပါသည္။

မိမိတို႔ဘက္ကလည္း ျပင္ဆင္စရာရွိသည္မ်ားကို ႀကိဳးစားျပင္ဆင္ ေဆာင္ရြက္ေနခဲ့ပါသည္။ ျမန္မာႏုိင္ငံတြင္ MissUnsiverse Myanmar ျပဳလုပ္မည့္ သတင္းမ်ားေၾကာင့္မိမိတို႔အဖြဲ႕အစည္းတြင္ Volunteer အျဖစ္ ပါဝင္ေဆာင္ရြက္လိုသူ ဝါသနာရွင္မ်ားလည္း ရွိလာခဲ့ပါသည္။ Miss Universe Myan-mar Organization ကလည္း ၎တို႔၏ စိတ္ပါဝင္စားမႈႏွင့္ အား တက္သေရာပါဝင္လိုသည့္ အဆုိ ျပဳမႈမ်ားေၾကာင့္ လက္ခံခဲ့ပါသည္။ တစ္ဖက္ကလည္း Miss Uni-verse Organization မွ ေတာင္းဆိုေသာ စာရြက္စာတမ္းမ်ား၊ MissUniverse Myanmar ကို ဦးစီးဦးေဆာင္ျပဳလုပ္မည့္ NationalDirector ၏ ကိုယ္ေရးအခ်က္အလက္မ်ား၊ လုပ္ငန္းအေတြ႕အႀကံဳမ်ား၊ ေထာက္ခံသူမ်ား၊ ၿပိဳင္ပြဲျပဳလုပ္မည့္ အစီအစဥ္ အေသးစိတ္ႏွင့္တကြ Proposal ျပင္ဆင္ရပါသည္။ ထိုအခ်ိန္တြင္ Miss Uni-verse Myanmar Organization ၌ လာေရာက္ကူညီသည့္ Volun-teer လူငယ္က Miss Supra-national ၿပိဳင္ပြဲအား ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ အႀကံျပဳေသာ္လည္း မိမိတို႔ Organization အေနျဖင့္ ကမၻာ့ပထမအဆင့္ အလွမယ္ၿပိဳင္ပြဲျဖစ္သည့္ မယ္စၾကဝဠာၿပိဳင္ပြဲသို႔သာ မျဖစ္မေနဦးစြာ ေစလႊတ္သြားလိုေၾကာင္း ရွင္းျပခဲ့ပါသည္။ အဆိုပါ Volunteer လူငယ္သည္ ရက္ပိုင္းမွ်သာ႐ံုးတက္ခဲ့ၿပီး တစ္စံုတစ္ရာအေၾကာင္းမၾကား၊ လာေရာက္ျခင္းမရွိေတာ့ဘဲ ေနာက္ပိုင္းတြင္ Miss Supra-national အပါအဝင္ အျခားၿပိဳင္ပြဲမ်ား ေဆာင္ရြက္ေနသည္ကို ေတြ႕ရွိရပါသည္။ တစ္ခ်ိန္တည္း မွာပင္ မယ္စၾကဝဠာၿပိဳင္ပြဲသို႔ ဝင္ ေရာက္ယွဥ္ၿပိဳင္ခြင့္ရရန္မွာ မျဖစ္ ႏုိင္ေသးေၾကာင္း သတင္းစကား ပါးသူအခ်ိဳ႕ေၾကာင့္   ၿပိဳင္ပြဲတြင္ ပံ့ပိုးရန္ျပင္ဆင္ထားသည့္  လုပ္ ငန္းရွင္မ်ားမွာလည္း ဇေဝဇဝါျဖင့္ ေႏွာင့္ေႏွးမႈမ်ား ျဖစ္ေပၚခဲ့ပါသည္။

သို႔ေသာ္လည္း Miss Unive-rse Myanmar Organization ၏ မနားမေန ႀကိဳးပမ္းမႈေၾကာင့္ နယူးေယာက္အေျခစိုက္ မယ္စၾကဝဠာ အဖြဲ႕အစည္းမွ လာေရာက္ေတြ႕ ဆံုေဆြးေႏြးရန္ ဖိတ္ေခၚခဲ့ပါသည္။ အဆုိပါဖိတ္ေခၚခ်က္အရ ၂၀၁၃ ခုႏွစ္ ဩဂုတ္တြင္ နယူးေယာက္ ၿမိဳ႕ရွိ မယ္စၾကဝဠာအဖြဲ႕အစည္း ႏွင့္ သြားေရာက္ေတြ႕ဆံုခဲ့ပါ သည္။ ထိုသို႔ေတြ႕ဆံုစဥ္ မိမိတို႔ ျမန္မာႏုိင္ငံအေနျဖင့္ မွတ္ပံုတင္ ေၾကးသြင္းထားၿပီးျဖစ္ေသာ္လည္း အခ်ိန္အခက္အခဲေၾကာင့္ ၂၀၁၄ ခုႏွစ္တြင္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ ခြင့္ျပဳရန္ ညႇိႏႈိင္းခဲ့ရာ ၎တုိ႔ဘက္ က ယခုႏွစ္တြင္ ျပဳလုပ္ေစလို ေၾကာင္း၊ ႀကီးက်ယ္ခမ္းနားစြာ ေဆာင္ရြက္ရန္မလိုဘဲ ၿပိဳင္ပြဲျပဳ လုပ္၍ ေရြးခ်ယ္ေစလႊတ္ေစလို ေၾကာင္း ညႇိႏႈိင္းခ်က္အရ မိမိတို႔ အေနျဖင့္ အေကာင္းဆံုးေဆာင္ ရြက္မည္ျဖစ္ေၾကာင္း ေျပာၾကား ခဲ့ပါသည္။ အမွန္တကယ္တြင္ မယ္စၾကဝဠာၿပိဳင္ပြဲသည္ ပံုမွန္အားျဖင့္ ဒီဇင္ဘာတြင္ ျပဳလုပ္ေလ့ရွိေသာ္လည္း ယခုႏွစ္တြင္ ျပဳလုပ္ မည့္ အိမ္ရွင္႐ုရွားႏုိင္ငံ၏ ရာသီ ဥတုအေျခအေနအရ ႏုိဝင္ဘာ တြင္ ျပဳလုပ္မည္ျဖစ္ေသာေၾကာင့္ မ်ားစြာအခ်ိန္နီးကပ္ေနၿပီျဖစ္ပါ သည္။ မယ္စၾကဝဠာျမန္မာ ၿပိဳင္ ပြဲျပဳလုပ္ရန္အခ်ိန္ တစ္လခန္႔သာ က်န္ရွိပါေတာ့သည္။

၂၀၁၃ မယ္စၾကဝဠာျမန္မာဂယက္

အခ်ိန္တစ္လအတြင္း မယ္ စၾကဝဠာၿပိဳင္ပြဲ က်င္းပႏုိင္ရန္မွာ ေငြေၾကးပံ့ပိုးမႈမ်ား လိုအပ္ပါ သည္။ လက္ရွိအေနအထားမ်ား အရ ျပည္တြင္းသို႔ ထိုးေဖာက္ေန ေသာ လူသံုးကုန္ပစၥည္းထုတ္လုပ္ သည့္ ကုမၸဏီမ်ားက ပူးေပါင္း ပါဝင္ရန္မွာလည္း အခ်ိန္အတုိင္း အတာႏွင့္ ေငြေၾကးပမာဏအရ မည္သုိ႔မွ် မျဖစ္ႏုိင္သည့္အတြက္ ျမန္မာႏုိင္ငံ၏ နာမည္ေက်ာ္လုပ္ ငန္းႀကီးျဖစ္သည့္ Htoo Group of companies ၏ ဥကၠ႒ကို ေတြ႕ ဆံုတင္ျပခဲ့ပါသည္။ မိမိတို႔ ျမန္မာအမ်ိဳးသမီးမ်ားအေနျဖင့္ ပထမ ဆံုး ဝင္ေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ သည့္အတြက္ ပံ့ပိုးကူညီေပးႏုိင္ပါ ရန္ တင္ျပရာ တစ္ခ်ိန္တည္းမွာ ပင္ Htoo Group of Companies လက္ေအာက္ရွိ လုပ္ငန္းခြဲမ်ားမွ အခ်ိဳးက်ထည့္ဝင္ရန္၊ ၿပိဳင္ပြဲဝင္ ႏွင့္ ဧည့္သည္မ်ားတြက္ ဟိုတယ္ ပံ့ပိုးရန္ႏွင့္ Bagan Entertainm-ent က လိုအပ္သည္မ်ားကူညီရန္ မွာၾကားသည့္အျပင္ Miss Univ-erse Myanmar Organization  မွသာ  ၿပိဳင္ပြဲကို  စီစဥ္ႀကီးၾကပ္ရ မည္ျဖစ္ၿပီး Htoo Group of Companies  ဝန္ထမ္းမ်ား ပါဝင္ပတ္သက္ျခင္းမရွိေစရန္ မွတ္ခ်က္ေရးသား၍ ပံ့ပိုးေပးခဲ့ပါသည္။ ၎ တို႔ပံ့ပိုးသည့္ ေငြေၾကးပမာဏအ တြက္ ကုမၸဏီကို ျပန္လည္ ေဆာင္ရြက္ေပးရန္ တစ္စံုတစ္ရာ ေတာင္းဆိုမႈမရွိခဲ့သည့္အျပင္ ၿပိဳင္ပြဲက်င္းပခ်ိန္အထိ ဒုဥကၠ႒က သာ ဧည့္သည္ေတာ္အျဖစ္ တက္ ေရာက္ခဲ့ျခင္းျဖစ္ပါသည္။ ပထမ ဆံုးအႀကိမ္အျဖစ္ က်င္းပသည့္ Miss Universe Myanmar ၿပိဳင္ ပြဲႀကီးကို  အခ်ိန္တိုအတြင္း  ႀကီး က်ယ္ခမ္းနားစြာ  ျပဳလုပ္ႏုိင္ခဲ့ၿပီး Miss Universe Organization မွ ဥကၠ႒ Miss Paula Shugart ႏွင့္ Vice President CFO Mr Lerry Para တုိ႔က တက္ေရာက္အားေပးခဲ့ပါသည္။ Miss Univ-erse Organization ဥကၠ႒ႏွင့္CFOက ၿပိဳင္ပြဲအား မ်ားစြာႏွစ္ၿခိဳက္သည့္အတြက္ နယူးေယာက္ျပန္ ေရာက္လွ်င္ ေရာက္ခ်င္း အေခြပို႔ ေပးရန္ ေျပာဆုိခဲ့ပါသည္။ သို႔ ေသာ္ အေျခအေနမွန္ မသိသူမ်ား က အျခားအေၾကာင္းအရာမ်ား ေရာေထြးကာ ေျပာဆိုေရးသားမႈ မ်ားရွိခဲ့ရာ ပရိသတ္မ်ားအၾကား ေရပန္းစားသည့္ အေၾကာင္းအရာ တစ္ခုျဖစ္လာခဲ့သည္။

 ဒါတင္မကေသးဘဲ ၂၀၁၃ ခုႏွစ္ မယ္စၾကဝဠာျမန္မာအျဖစ္ ေရြးခ်ယ္ခံရသည့္ အလွမယ္ မိုး စက္ဝိုင္ကို တ႐ုတ္ေသြးေႏွာသည့္ အတြက္ ျမန္မာကိုယ္စားျပဳအျဖစ္ မေစလႊတ္ေရး ၿမိဳ႕ေတာ္ခန္းမေရွ႕ တြင္ ဆႏၵေဖာ္ထုတ္ရန္ ေစ့ေဆာ္မႈမ်ားပင္ ရွိလာခဲ့ပါသည္။ ဒါ့အ ျပင္ မယ္စၾကဝဠာ အဖြဲ႕အစည္းထံသို႔လည္း ကန္႔ကြက္ေၾကာင္း စာမ်ား ေရးသားေပးပို႔သည္အထိ ေပါက္ေပါက္ေရာက္ေရာက္ ေဆာင္ရြက္မႈမ်ားျဖစ္လာခဲ့သည္။ သို႔ေသာ္လည္း Miss UniverseOrganization ၏ ဥကၠ႒ႏွင့္ CFO ကိုယ္တုိင္လာ ေရာက္ၾကည့္႐ႈ သြားသည့္ပြဲျဖစ္သည့္အျပင္ Miss Universe Organization ၏ ခုိင္မာမႈေၾကာင့္ တစ္စံုတစ္ရာ ထိေရာက္မႈမရွိခဲ့ပါ။ Miss Universe Myanmar Organiz-ation သို႔လည္း 1st Runner Up ကို ေစလႊတ္ယွဥ္ၿပိဳင္ေစရန္ ဖိအားေပးမႈမ်ား ရွိလာခဲ့သည္။ တစ္ခ်ိန္ တည္းမွာပဲ တုိက္ဆုိင္စြာ ျမန္မာ ႏုိင္ငံအမ်ိဳးသမီး အားကစားအဖြဲ႕ ခ်ဳပ္ ဒုဥကၠ႒၏ ဖိတ္ေခၚမႈျဖင့္ မိုးစက္ဝိုင္က Organization ၏ ၫႊန္ၾကားခ်က္အရ တကၠသိုလ္ ေပါင္းစံု ေဘာလံုးၿပိဳင္ပြဲတြင္ ဆု ဖလားသယ္ယူသည့္ကိစၥကို ခ်ဲ႕ကားေျပာဆုိေရးသား မႈမ်ားလည္း ရွိလာခဲ့သည္။ မည္သို႔ပင္ ေကာ လာဟလမ်ား၊ ဖိအားေပးမႈမ်ား ေပၚထြက္လာေစကာမူ MissUniverse Myanmar Organiz-ation အေနျဖင့္ မွန္ကန္စြာ၊ ႀကံ႕ခုိင္စြာ ရပ္တည္ႏုိင္ခဲ့ၿပီး ျမန္မာႏုိင္ငံမွ ပထမဆံုးအႀကိမ္ ျပန္ လည္ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ (၆၂)ႀကိမ္ေျမာက္ မယ္စၾကဝဠာ ၿပိဳင္ပြဲသို႔ အလွမယ္ မိုးစက္ဝိုင္ကို ေစလႊတ္ယွဥ္ၿပိဳင္ေစခဲ့ပါသည္။ ထိုကဲ့သို႔ ႐ိုက္ခတ္မႈဂယက္မ်ား ကပင္ မိုးစက္ဝိုင္ကို ခ်စ္ေသာ ပရိသတ္အင္အား ပိုမိုခိုင္မာလာ ေစခဲ့ပါသည္။

၂၀၁၃ မယ္စၾကဝဠာျမန္မာ

၂၀၁၃ ခုႏွစ္ ႏိုဝင္ဘာလတြင္ ႐ုရွားႏုိင္ငံ ေမာ္စကိုၿမိဳ႕၌ ျပဳလုပ္ သည့္ (၆၂)ႀကိမ္ေျမာက္ မယ္ စၾကဝဠာၿပိဳင္ပြဲတြင္ ႏုိင္ငံတကာမွ အလွမယ္ ၈၆ ဦးအၾကား ျမန္မာ ႏုိင္ငံအတြက္ ေကာင္းသတင္းကို ေဆာင္ၾကဥ္းေပးႏုိင္ခဲ့ၿပီး မယ္ စၾကဝဠာအဖြဲ႕အစည္း၏ ၿပိဳင္ပြဲ ဝင္ေကာင္းတစ္ေယာက္အျဖစ္ အသိအမွတ္ျပဳျခင္းခံခဲ့ရသူျဖစ္ သည္။ အျခားႏုိင္ငံမ်ား၏ Nat-ional Director ေတြ သတိထားမိ သူအျဖစ္ အေကာင္းဆံုးပံုစံျဖင့္ ၿပိဳင္ပြဲဝင္ႏုိင္ခဲ့ၿပီး အေရွ႕ေတာင္ အာရွႏုိင္ငံမ်ားအႀကိဳက္ အသား အေရရွိတဲ့အျပင္ ျမင့္မားတဲ့ အရပ္အေမာင္းကလည္း အားသာခ်က္တစ္ခုျဖစ္ခဲ့ပါသည္။ အက်ပ္အတည္း ေမးခြန္းေတြၾကားက ႐ိုးသားစြာ၊ လိမၼာပါးနပ္စြာ ေရွာင္ထြက္ႏုိင္တဲ့ ဉာဏ္ရည္ဉာဏ္ေသြးရွိသူျဖစ္ၿပီး အလုပ္ေတြကို ေရြးခ်ယ္လက္ခံတတ္ေပမယ့္ အေကာင္းဆံုးျပင္ဆင္ ေဆာင္ရြက္ေလ့ရွိတတ္တာမို႔ လုပ္ငန္းအပ္ႏွံသူေတြ မ်က္စိက် ႐ံုသာမက အၿပံဳးခ်ိဳခ်ိဳ၊ မ်က္ႏွာခ်ိဳ ခ်ိဳနဲ႔ ပရိသတ္အခ်စ္ကို ဖမ္းစား ႏိုင္သူလည္းျဖစ္ပါသည္။

ကိုယ့္ႏုိင္ငံမဟုတ္တဲ့ အျခား တုိင္းျပည္မွာ ေန႔စဥ္ရက္ဆက္ အျပင္းအထန္ေလ့က်င့္မႈေတြ၊ Activities ေတြ၊ ပြဲတက္ေတြအ တြက္ ျပင္ဆင္ရတာ မလြယ္ကူလွ ပါဘူး။ ပထမဆံုးေျခလွမ္းအျဖစ္ စတိတ္စင္ျမင့္ေပၚမွာ ယံုၾကည္မႈ အျပည့္နဲ႔ လမ္းေလွ်ာက္မႈအပိုင္း ေတြ၊ ဝတ္စားဆင္ယင္မႈေတြအ တြက္ အားနည္းခ်က္ေတြရွိခဲ့ေပ မယ့္ ယခုအခ်ိန္ထိေတာ့ အမွန္ ကန္ဆံုး ေရြးခ်ယ္မႈအျဖစ္ ရပ္ တည္ေနတုန္းပါပဲ။ ျပည္တြင္းၿပိဳင္ ပြဲမွာ စခန္းသြင္းေလ့က်င့္ခ်ိန္တုန္း က ၿပိဳင္ပြဲဝင္အမ်ားစုက အႏု ပညာေလာကကျဖစ္တာေၾကာင့္ အုပ္စုဖြဲ႕ေနၾကၿပီး Activities ေတြ၊ ေလ့က်င့္ခ်ိန္ေတြမွာ တစ္ ေယာက္တည္းျဖစ္ေနတတ္ေပ မယ့္ အသက္အရြယ္အရ တည္ ၿငိမ္ရင့္က်က္စြာ ေက်ာ္ျဖတ္ႏိုင္ တာဟာလည္း သူမရဲ႕ အရည္အ ခ်င္းေကာင္းတစ္ခုပါပဲ။

ေနာက္ကြယ္

ပထမဆံုးအႀကိမ္က်င္းပတဲ့ မယ္စၾကဝဠာၿပိဳင္ပြဲႀကီးမွာ ရတဲ့ အခ်ိန္တိုအတြင္း ပညာရွင္ေပါင္း စံုက အေကာင္းဆံုးစုစည္းတင္ ဆက္ၾကပါတယ္။ ဒီေနရာမွာ ျမန္မာႏုိင္ငံမွာလုပ္တဲ့ အႀကီးဆံုး ပြဲျဖစ္တဲ့အတြက္ မိမိတို႔ရဲ႕ အႏု ပညာေၾကး၊ ဝန္ေဆာင္ေၾကးေတြ ကို အမ်ားဆံုးေတာင္းလိုက္မယ္ ဆုိတဲ့ သူေတြနဲ႔လည္း ေတာ္ေတာ္ မ်ားမ်ား ႀကံဳရပါတယ္။ ေတးေရး ဆရာ ျမင့္မိုးေအာင္တုိ႔လို ဉာဏ္ ပူေဇာ္ခေပးတာေတာင္ မ်ားတယ္ ဆုိၿပီး တစ္ဝက္ျပန္ေပးတဲ့သူက ရွားပါတယ္။ နာမည္ႀကီး ဝါရင့္ ေမာ္ဒယ္တစ္ေယာက္ဆုိရင္ ပြဲစဥ္ စဆံုးအစီအစဥ္တင္ဆက္သူအ ျဖစ္ ေဆာင္ရြက္ေပးမယ္၊ Miss Universe Myanmar ကိုယ္စား ေျပာေရးဆိုခြင့္ရွိသူအျဖစ္ လုပ္ ေပးမယ္ဆုိၿပီး အႏုပညာေၾကး က်ပ္သိန္းႏွစ္ရာေက်ာ္ေတာင္း တာေတာင္ ႀကံဳေတြ႕ရပါတယ္။ အဲဒီအခ်ိန္တုန္းက သူေတာင္းတဲ့ ေငြပမာဏက တုိက္ခန္းေလးတစ္ ခန္းေလာက္ ဝယ္လို႔ရပါေသး တယ္။ ဒါေပမဲ့ ျမန္မာႏုိင္ငံမွာ ပထမဆံုး စလုပ္တဲ့ပြဲမို႔ အခေၾကး ေငြပဓာနမထားဘဲ ပါဝင္ခြင့္ရရင္ ပဲ အေကာင္းဆံုးေဆာင္ရြက္ၾက မယ္ဆုိတဲ့ ရဲေဘာ္ရဲဘက္မိတ္ေဆြေတြလည္း အမ်ားႀကီးရရွိခဲ့ပါ တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ၂၀၁၃ ခုႏွစ္ မယ္စၾကဝဠာျမန္မာၿပိဳင္ပြဲ ႀကီးကေတာ့ ႀကီးက်ယ္ခမ္းနား ေအာင္ျမင္စြာ က်င္းပႏုိင္ခဲ့တဲ့အ တြက္ ပူးေပါင္းပါဝင္ပံ့ပိုးသူ အား လံုးကို အထူးေက်းဇူးတင္ရွိပါ တယ္။

ေမာ္စကိုက မယ္စၾကဝဠာ

ေမာ္စကိုၿမိဳ႕မွာ က်င္းပမယ့္ (၆၂)ႀကိမ္ေျမာက္ မယ္စၾကဝဠာ ၿပိဳင္ပြဲႀကီးမွာ ျမန္မာကိုယ္စားျပဳ အလွမယ္ မိုးစက္ဝိုင္ လာေရာက္  ယွဥ္ၿပိဳင္မွာျဖစ္တဲ့အေၾကာင္း ေမာ္စကိုမွာရွိတဲ့ သံ႐ံုးအသိုင္းအ ဝုိင္းနဲ႔ ေက်ာင္းတက္ေနၾကတဲ့ တပ္မေတာ္အရာရွိ ေက်ာင္းသား ေတြကို ႀကိဳတင္ၿပီး သတင္းပို႔ထား ရပါတယ္။ သူတို႔ေတြအားလံုးက လည္း သံအမတ္ႀကီး ဇနီးေမာင္ႏွံ ရဲ႕ ႀကီးၾကပ္လမ္းၫႊန္မႈနဲ႔ စိတ္ လႈပ္ရွားေပ်ာ္ရႊင္စြာ အားပါးတရ လာေရာက္ႀကိဳဆုိၾကပါတယ္။ ပထမဆံုးေျခလွမ္းျဖစ္တာေၾကာင့္ တခ်ိဳ႕ေနရာေတြမွာ ေတာ္ေတာ္ ေလး ရွင္းျပရပါတယ္။ ႏုိင္ငံတုိင္း က National Director ေတြဟာ အလွမယ္တစ္ဦးတည္းကိုပဲ တာဝန္ယူေစလႊတ္ေပးၾကရတာပဲ ျဖစ္ပါတယ္။ သူတို႔ေတြရဲ႕ မိဘ အသိုင္းအဝိုင္းက လိုက္လံအား ေပးခ်င္တယ္ဆုိရင္ ကိုယ့္အစီ အစဥ္နဲ႔ ကိုယ္လိုက္ပါအားေပးရ တာ ျဖစ္ပါတယ္။ ဒါကို အစပိုင္း မွာ နားလည္ေအာင္ ရွင္းျပရပါ တယ္။ ဒီက မိဘေတြအထင္က ႏုိင္ငံကိုယ္စားျပဳအျဖစ္ သြားၿပိဳင္ တာ ႏုိင္ငံေတာ္က ဘာမွမလုပ္ ေပးဘူးလားလုိ႔ ေမးတာလည္း ႀကံဳရပါတယ္။ ဒါကို National Director အေနနဲ႔ ျပည္တြင္းမွာ ႏုိင္ငံကိုယ္စားျပဳ အလွမယ္ေရြး ခ်ယ္ပြဲနဲ႔ ထုိက္တန္တဲ့ ၿပိဳင္ပြဲ က်င္းပႏုိင္ဖို႔၊ ဟိုဘက္က မယ္ စၾကဝဠာအဖြဲ႕အစည္းမွာ ဝင္ ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိႏုိင္ဖို႔၊ ဆုေၾကးေငြ ခ်ီးျမႇင့္ႏုိင္ဖို႔၊ သြား ေရာက္ယွဥ္ၿပိဳင္ႏုိင္ေရးအတြက္ သြားလာစရိတ္ေတြ က်ခံႏုိင္ဖို႔ဆို တာ အလုပ္ေတြအမ်ားႀကီးလုပ္ ေပးရပါတယ္။ ကူညီပံ့ပိုးတဲ့ ကုမၸဏီေတြအတြက္လည္း ေဈး ကြက္ျမႇင့္တင္ေရးလုပ္ငန္းေတြမွာ ထိထိေရာက္ေရာက္ျဖစ္ေအာင္၊ ေက်နပ္ဖြယ္ရာ ရလဒ္ျဖစ္ေအာင္ ေဖာ္ေဆာင္ႏိုင္ဖို႔ လုိပါတယ္။ တစ္ႏွစ္တစ္ႏွစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ ခြင့္ရဖို႔အတြက္ သိန္းရာေပါင္းမ်ား စြာ ႏွစ္စဥ္ေၾကးေပးသြင္းရပါ တယ္။ ဒါေၾကာင့္မို႔လို႔သာ ဟိုက မယ္စၾကဝဠာအဖြဲ႕အစည္းအေန နဲ႔ ႏုိင္ငံတကာအလွမယ္ေတြကို စခန္းသြင္းေလ့က်င့္ခ်ိန္ေတြမွာ ေနထိုင္စားေသာက္စရိတ္ေတြ က်ခံႏုိင္တာျဖစ္ပါတယ္။ ဒါက ဒီကေနသြားရတဲ့ ေလယာဥ္လက္ မွတ္ အသြားအျပန္စရိတ္ေတြ မပါေသးပါဘူး။ ၿပီးရင္ ႏုိင္ငံေလး ႏုိင္ငံက အလွမယ္ေလးဦးကို ႀကီးၾကပ္သူတစ္ေယာက္ တာဝန္ေပးထားတာမို႔ သူတို႔အတြက္ လက္ေဆာင္ေလးေတြလည္း ျပင္ဆင္ရ ပါတယ္။ ကိုယ့္ၿပိဳင္ပြဲဝင္အတြက္ လိုအပ္တဲ့ ပြဲတက္ဝတ္စံုေတြ၊ညေနခင္းဝတ္စံုေတြ၊ အမ်ိဳးသား ဝတ္စံုနဲ႔ ေလလံတင္ေရာင္းခ်ဖို႔အ တြက္ လက္ေဆာင္ပစၥည္းေတြ စီစဥ္ေပးရတာကလည္း National Director တစ္ေယာက္ရဲ႕ တာဝန္ ပါပဲ။ ဒီေတာ့ စရိတ္စကေတြ အ မ်ားႀကီးစိုက္ထုတ္ထားတာ မစဥ္း စားရင္ေတာင္ လုပ္ငန္းတာဝန္ မ်ားစြာကို ပံ့ပိုးလုပ္ေဆာင္ေနတဲ့ Oragnization ကိုယ္တုိင္က ပရိ သတ္ေတြေမွ်ာ္လင့္တာထက္ ရလဒ္ေကာင္းေတြ ပိုၿပီးေတာ့ ေတာင္ရခ်င္ပါေသးတယ္။

ေမာ္စကိုမွာက ႏုိင္ငံတကာ အလွမယ္ေတြ၊ National Director ေတြအားလံုး ဟိုတယ္အတူတူပဲ ျဖစ္တာမို႔ သူတို႔ေတြကို ေန႔စဥ္ျမင္ ေတြ႕ေနရပါတယ္။ အဲဒီႏွစ္က ဆုရသြားတဲ့ ဗင္နီဇြဲလားအလွ မယ္ဆိုလို႔ရွိရင္ ဘယ္အခ်ိန္ပဲေတြ႕ေတြ႕ မနက္ေစာေစာပဲျဖစ္ ျဖစ္ညဥ့္နက္ခ်ိန္ပဲျဖစ္ျဖစ္ မိတ္ ကပ္အျပည့္နဲ႔ ေဒါက္ဖိနပ္အျမင့္ ႀကီးစီးၿပီး စမတ္က်က်နဲ႔ တက္ႂကြ ရႊင္လန္းေနတာ ေတြ႕ရပါတယ္။ သူ႔ၾကည့္ရတာ ႏွစ္ေပါင္းေတာ္ ေတာ္ၾကာ စစ္သားတစ္ေယာက္ လုိ ေလ့က်င့္ထားပံုရပါတယ္။ ေနာက္တစ္ခုထူးျခားတာက ျမန္မာအလွမယ္နဲ႔ ဖိလစ္ပုိင္အလွ မယ္တုိ႔ဟာ Top-16 ေနရာအ တြက္ Voting မွာ ၿပိဳင္ဆုိင္မႈျပင္း ထန္ေနၾကပါတယ္။ အဲဒီႏွစ္တုန္း  က Miss Universe ရဲ႕ Official Website မွာ Voting အမ်ားဆံုးရ တဲ့သူဟာ Top-16 ရဲ႕ ေနာက္ဆံုး ေနရာကုိ အလိုအေလ်ာက္၀င္ခြင့္ ရမွာပဲျဖစ္ပါတယ္။ ျမန္မာပရိ သတ္ေတြကလည္း Voting ေပး လို႔ရတဲ့ Website ေတြ အကုန္လံုး ကို ေန႔မအား၊ ညမအား ၀ုိင္းၿပီး အားေပးၾကတာေၾကာင့္ Website ေတာ္ေတာ္မ်ားမ်ားမွာ ျမန္မာဦးေဆာင္ေနခဲ့ပါတယ္။ ဖိလစ္ပုိင္သံအမတ္ႀကီးကေတာ့ ေန႔ေရာည ပါ ၿပိဳင္ပြဲ၀င္ေတြေနတဲ့ ဟိုတယ္ Lobby မွာ ႏုိင္ငံတကာက ဧည့္ သည္ေတြ မီဒီယာေတြကို ရင္းရင္း ႏွီးႏွီးဧည့္ခံစကားေျပာရင္း သူ႔ ႏိုင္ငံအတြက္ စည္း႐ံုးအားေပးေန တာ အၿမဲေတြ႕ရပါတယ္။ ၿပိဳင္ပြဲ မွာလာေရာက္သတင္းယူၾကတဲ့ မီဒီယာသမားေတာ္ေတာ္မ်ားမ်ား ကလည္း အေရွ႕တုိင္းသူေတြ ထက္ အေနာက္ႏုိင္ငံသူေတြ၊ လက္တင္သူေတြကို ပုိၿပီး စိတ္ ၀င္တစားေမးျမန္းေရးသားၾက တာကို ေတြ႕ရပါတယ္။ ၿပိဳင္ပြဲ က်င္းပဖို႔ တစ္ရက္အလိုမွာ ဖိလစ္ပုိင္ႏိုင္ငံရဲ႕ သမၼတ ကုိယ္တိုင္က မယ္စၾက၀ဠာဖိလစ္ပုိင္ကုိ အား ေပးၾကဖို႔ ႏုိင္ငံကုိ တုိက္တြန္းခဲ့ တာေၾကာင့္ တကယ့္ၿပိဳင္ပြဲေန႔မွာ မယ္စၾက၀ဠာဖိလစ္ပုိင္ဟာ Voting ထုိးတက္ၿပီး Top-16 ေန  ရာကုိ ရရိွသြားခဲ့ပါတယ္။ ၿပိဳင္ပြဲခန္းမထဲမွာလည္း ဖိလစ္ပုိင္ပရိ သတ္ေတြဟာ ႀကိဳတင္စီစဥ္မႈ အားေကာင္းေကာင္းနဲ႔ လာ ေရာက္အားေပးၾကတာကို ေတြ႕ရ ပါတယ္။ မယ္စၾက၀ဠာျမန္မာ မုိးစက္၀ုိင္ကေတာ့ နာမည္ႀကီးWebsite တစ္ခုျဖစ္တဲ့ Missology ကခ်ီးျမႇင့္တဲ့ People Choice Awards ကို ရရိွခဲ့ပါတယ္။ ပထမဆံုးေျခလွမ္းအျဖစ္ သြားေရာက္ ယွဥ္ၿပိဳင္ခြင့္ရရိွခဲ့တဲ့ ၂၀၁၃ မယ္ စၾက၀ဠာ ျမန္မာဟာ ၂၀၁၄ မယ္စၾက၀ဠာအတြက္ အေတြ႕အႀကံဳ ေတြ၊ အႀကံဉာဏ္ေတြ ျပန္လည္မွ်ေ၀ေပးႏုိင္တဲ့ အေကာင္းဆံုး နည္းျပျဖစ္ခဲ့ပါတယ္။

၂၀၁၄ မယ္စၾက၀ဠာျမန္မာ

ဒုတိယအႀကိမ္ မယ္စၾက၀ဠာၿပိဳင္ပြဲႀကီးကို ပထမႏွစ္ထက္ ပိုၿပီးက်ယ္ျပန္႔ေအာင္ ႀကိဳးစားခဲ့ ၾကပါတယ္။ ၿပိဳင္ပြဲ၀င္ေတြဟာ ျပည္တြင္းမွာ မႏၲေလး၊ ျပင္ဦး လြင္၊ ပုဂံဘက္တုိ႔ကုိ လူမႈေရးခရီး စဥ္ေတြ သြားေရာက္ခဲ့တဲ့အျပင္ ထုိင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕နဲ႔ ဖူး ခက္ကမ္းေျခတုိ႔ကို ေလ့လာေရး ခရီးသြားေရာက္ခဲ့ၾကပါတယ္။ ခရီးစဥ္အတြင္း ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ၾကသလုိ Miss Myanmar- Thailand Friendship ကိုလည္း ေရြးခ်ယ္ႏုိင္ခဲ့ၾကပါတယ္။

၂၀၁၄ မယ္စၾက၀ဠာအျဖစ္ ေရြးခ်ယ္ခံရတဲ့ သွ်ားကေတာ့ ငယ္ ရြယ္တက္ႂကြသူပီပီ မိုင္ယာမီကမ္း ေျခမွာ ျပဳလုပ္တဲ့ မယ္စၾက၀ဠာ ၿပိဳင္ပြဲရဲ႕ စခန္းသြင္းေလ့က်င့္ခ်ိန္ တုိင္း အၿမဲတမ္းတက္ႂကြစြာပါ၀င္ ႏိုင္ခဲ့ပါတယ္။ လူေရြးၿပီးေခၚတဲ့ပြဲ ေတြ ေတာ္ေတာ္မ်ားမ်ားမွာလည္း ေရြးခ်ယ္ခံရၿပီး တက္ေရာက္ခြင့္ ရရိွခဲ့ပါတယ္။ မီဒီယာနဲ႔ ေတြ႕ဆံုတာတုိ႔၊ Sponsor ကုမၸဏီေတြရဲ႕ဖိတ္ၾကားမႈတုိ႔မွာ အၿမဲတမ္းပါ၀င္ ခြင့္ရခဲ့ပါတယ္။ ႏုိင္ငံတကာက လာေရာက္ယွဥ္ၿပိဳင္တဲ့ အလွမယ္ေတြအားလံုးအနက္ ဗင္နီဇြဲလား ရယ္၊ ဖိလစ္ပုိင္ရယ္၊ ျမန္မာရယ္ သံုးဦးကုိပဲ ေရြးခ်ယ္ၿပီး Online မွာပရိသတ္နဲ႔ တိုက္႐ုိက္စကားေျပာ ခြင့္အစီအစဥ္မွာ ပါ၀င္ခဲ့ရပါ တယ္။ ၂ ႏွစ္တာကာလအတြင္းေရွ႕တန္းကုိ ေရာက္ရိွလာတဲ့ အားထုတ္မႈေတြပဲ ျဖစ္ပါတယ္။ ဒီႏွစ္မွာလည္း ပရိသတ္ေတြက SemiFinalist ျဖစ္တဲ့ Top-16 ထဲကို Volting နဲ႔ ၀င္ေရာက္ႏုိင္ေအာင္ အားေပးဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ ဒါေပမဲ့ Miss Universe Orga-nization ရဲ႕ အစီအစဥ္က အရင္ႏွစ္အတုိင္းမဟုတ္ဘဲ National Costume ကို သာ Twitter ကေနမဲေပးခုိင္းပါတယ္။ ျမန္မာပရိသတ္ေတာ္ေတာ္မ်ားမ်ားက Twitter မသံုးၾကေသးတာေၾကာင့္ အားနည္းခ်က္ျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ Activities တုိင္းမွာ တက္ႂကြစြာ ပါ၀င္လႈပ္ရွားႏုိင္ခဲ့ တဲ့အျပင္ ျမန္မာကုိ ပိုၿပီး သတိျပဳ မိေစခဲ့ပါတယ္။ ေန႔စဥ္နဲ႔အမွ် မနက္ ၄ နာရီ၊ ၅ နာရီေလာက္က ေန ည ၁၁ နာရီေလာက္အထိ လႈပ္ရွားမႈေတြကုိ အၿမဲတမ္းအ ဆင္သင့္ပံုစံနဲ႔ ရိွေနတတ္တာ သူ႔ ရဲ႕ အားသာခ်က္ပါပဲ။ လူတုိင္းနဲ႔  ခ်စ္ခင္သင့္ျမတ္ေအာင္ ေပါင္း သင္းတတ္ၿပီး အလုပ္ကုိ စိတ္အားထက္သန္စြာ တက္ႂကြစြာ ေဆာင္ ရြက္တတ္တာကလည္း သူ႔ရဲ႕ အ ေျခခံစိတ္ဓာတ္ေကာင္းတစ္ခုပါ။ စခန္းသြင္းကာလအတြင္း အလွ မယ္ကို အနီးကပ္ၾကည့္႐ႈရတဲ့ ႀကီးၾကပ္သူေတြ၊ နည္းျပေတြ၊ နည္း ပညာပုိင္းဆုိင္ရာ ပညာရွင္ေတြ အစ လံုၿခံဳေရး၀န္ထမ္းေတြအဆံုး ခ်စ္ခင္အားေပးမႈေတြ သွ်ားအေန နဲ႔ ရယူႏုိင္ခဲ့တာပဲျဖစ္ပါတယ္။ ဖေလာ္ရီဒါမွာရိွတဲ့ ျမန္မာမိသား စုေတြရဲ႕ ေႏြးေထြးလိႈက္လဲွစြာ ႀကိဳဆုိကူညီတာေတြကလည္း အား ရစရာေကာင္းလွပါတယ္။ ၁၉၅၉ က ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ မယ္ စၾက၀ဠာ ေဒၚသန္းသန္းေအး ကုိယ္တုိင္ သရဖူေလးေဆာင္ၿပီး သွ်ားကို ေလဆိပ္မွာ လာႀကိဳႏိုင္ေအာင္ စီစဥ္ေပးတဲ့သူေတြကုိ လည္း မွတ္တမ္းတင္ေက်းဇူးတင္ ရိွရပါတယ္။

မိုင္ယာမီက မယ္စၾက၀ဠာ

(၆၃) ႀကိမ္ေျမာက္ မယ္စၾက ၀ဠာၿပိဳင္ပြဲကုိ မိုင္ယာမီကမ္းေျခမွာ ျပဳလုပ္ခဲ့ပါတယ္။ ေမာ္စကုိမွာ တုန္းက က်င္းပတဲ့ေနရာ က်ယ္ ၀န္းေပမယ့္ ဒီႏွစ္မွာေတာ့ လူဦး ေရ ၁,၈၀၀ ေလာက္ပဲဆံ့တဲ့ ခန္းမမွာ ျပဳလုပ္ခဲ့ပါတယ္။ Doral ဆိုတဲ့ၿမိဳ႕ေလးကို ကမၻာလွည့္ခရီးသည္ ေတြ ပိုၿပီး စိတ္၀င္တစားလာေစဖို႔ ဒီပဲြႀကီးကို က်င္းပတာျဖစ္ၿပီး ၿမိဳ႕ေတာ္၀န္ကုိယ္တုိင္  ၿပိဳင္ပြဲ၀င္ အလွမယ္ေတြနဲ႔ ၿမိဳ႕တြင္းလွည့္ လည္မႈေတြ ျပဳလုပ္ၾကတာေတြ႕ရ ပါတယ္။ ပြဲၾကည့္လက္မွတ္ေတြ ကလည္း ေန႔ခ်င္းဆုိသလုိ ေရာင္းကုန္သြားခဲ့ၿပီး ၿပိဳင္ပြဲခန္းမအတြင္း မွာ မကၠဆီကန္နဲ႔ ကိုလံဘီယာပရိ သတ္ေတြဟာ အေမရိကန္ပရိသတ္အင္အားထက္ မေလ်ာ့တာ ကို ေတြ႕ရပါတယ္။ တစ္ႏွစ္ထက္ တစ္ႏွစ္ေလ့လာစရာေတြ၊ ျပင္ဆင္စရာေတြကေတာ့ အမ်ားႀကီးပါပဲ။ တခ်ိဳ႕အလွမယ္ေတြဟာ ပစၥည္းေတြ တစ္ပံုတစ္ပင္ႀကီးပါ လာေပမယ့္ တခ်ိဳ႕ၿပိဳင္ပြဲ၀င္ေတြ က ဟိုေရာက္မွ ရွာရတာမ်ဳိးလည္း ေတြ႕ရပါတယ္။

ဖိလစ္ပုိင္ပရိသတ္ေတြက ေတာ့ သူတို႔အလွမယ္က တစ္ခုခု လိုအပ္တယ္လို႔ အြန္လုိင္းစာမ်က္ ႏွာမွာ တင္လိုက္တာနဲ႔ ခ်က္ခ်င္း လာပို႔ေပးၾကတာ ေတြ႕ရတယ္လို႔ သွ်ားက ေျပာပါတယ္။ မနက္ေစာ ေစာသြားရမယ့္ ပြဲေတြရိွရင္ ည တစ္ေရးႏိုးကတည္းက မိတ္ကပ္ လိမ္းထားၿပီး အဆင္သင့္လုပ္ ထားတတ္တဲ့အျပင္ သူတို႔ရဲ႕ အ ေကာင္းဆံုးပံုစံေတြကုိပဲ ပရိသတ္ ေတြကို ျမင္ေတြ႕ေစတာ သတိျပဳ မိပါတယ္။

ဒုတိယအႀကိမ္ေျမာက္သြား ၿပိဳင္တဲ့ႏွစ္မွာ အထူးျခားဆံုးက ေတာ့ မသြားခင္ကတည္းက မယ္စၾက၀ဠာအဖဲြ႕အစည္းကေန ျမန္မာႏုိင္ငံမွာ အိမ္ရွင္အျဖစ္ လက္ခံက်င္းပလိုေၾကာင္း ကမ္း လွမ္းခဲ့တာပဲ ျဖစ္ပါတယ္။ ၿပိဳင္ပြဲ ၿပီးတာနဲ႔ ေနာက္ရက္မွာ အစည္း အေ၀းျပဳလုပ္ခဲ့ၾကပါတယ္။ ျမန္ မာႏိုင္ငံမွာ လက္ခံက်င္းပခဲ့ရင္ အင္မတန္လွပတဲ့ ပြဲတစ္ပြဲျဖစ္ႏုိင္ ေၾကာင္း ေျပာဆုိကမ္းလွမ္းခ်က္ ကို ျမန္မာႏုိင္ငံသို႔ သယ္ေဆာင္ လာခဲ့ပါတယ္။

၂၀၁၅ နဲ႔ ၂၀၁၆မယ္စၾက၀ဠာ ျမန္မာ

ဒီႏွစ္မွာေတာ့ မယ္စၾက၀ဠာ အဖဲြ႕အစည္းရဲ႕ ပင္မရည္ရြယ္ ခ်က္အတုိင္း တုိင္းေဒသႀကီးနဲ႔ ၿမိဳ႕ႀကီးေတြမွာ ျပဳလုပ္ႏုိင္ဖို႔ စတင္ ေဆာင္ရြက္ခဲ့ပါတယ္။ စစခ်င္း ႏွစ္မွာပဲ ၿမိဳ႕ႀကီး ၁၃ ၿမိဳ႕မွာ ျပဳလုပ္ ႏုိင္ခဲ့ၿပီး ကိုယ္စားျပဳအလွမယ္ ေတြလည္း ေပၚထြက္လာပါ တယ္။ ကုိယ္စားျပဳအလွမယ္ေတြ ျဖစ္တဲ့အတြက္ ေနာက္ခံပရိသတ္ အင္အားကလည္း မနည္းလွပါ ဘူး။ အၿပိဳင္အဆုိင္ကို အားေပး ၾကပါတယ္။ ပထမဆံုးေျခလွမ္း ျဖစ္ေပမယ့္ အေကာင္းဆံုးယွဥ္ ၿပိဳင္သြားၾကၿပီး Top-5 ေနရာကို ၆၀ ရာခုိင္ႏႈန္းေလာက္ လႊမ္းမုိးႏိုင္ ခဲ့ပါတယ္။ ရန္ကုန္ၿပိဳင္ပြဲ၀င္ေတြ ထဲမွာလည္း တျခားတျခားေသာ ၿပိဳင္ပြဲေတြကို ေလွကားထစ္သ ဖြယ္ ႀကိဳးစားေက်ာ္ျဖတ္ခဲ့ၾကၿပီး အျမင့္ဆံုးပန္းတုိင္ကုိ ေရာက္ရိွဖို႔ အေကာင္းဆံုးျပင္ဆင္ထားၾက တာ ေတြ႕ရပါတယ္။ လွပမႈပုိင္းမွာတစ္ဦးနဲ႔ တစ္ဦးကြာဟခ်က္မရိွဘဲ  လူႀကိဳက္မ်ား ေရပန္းစားၾကသူ ေတြလည္း ပါ၀င္ပါတယ္။ မယ္ စၾက၀ဠာၿပိဳင္ပြဲႀကီးမွာ ၂ ႏွစ္တာ သြားေရာက္ယွဥ္ၿပိဳင္တဲ့ အေတြ႕ အႀကံဳေတြအရ ျပည္တြင္းၿပိဳင္ပြဲ ၿပီးဆံုးခ်ိန္ရဲ႕ ေနာက္ပုိင္းတာ၀န္ ေတြကို ထမ္းေဆာင္ႏုိင္ဖို႔က ႏုိင္ငံ့ဂုဏ္ေဆာင္အလွမယ္တစ္ ေယာက္အတြက္ ပုိၿပီးေတာ့ အေရးႀကီးပါတယ္။ လူမႈေရးလႈပ္ရွားမႈ ေတြ၊ ပရဟိတလုပ္ငန္းေတြမွာ တက္ႂကြစြာ ပါ၀င္ႏုိင္ဖို႔ မယ္စၾက၀ဠာၿပိဳင္ပြဲႀကီးရဲ႕ စခန္းသြင္းေလ့ က်င့္ခ်ိန္ေတြမွာ ေသခ်ာလိုက္နာ ႏုိင္ၿပီး ကိုယ့္ႏုိင္ငံအေပၚ အထင္ မေသးေစဖို႔၊ ကြာျခားသြားတဲ့ ေအာင္ျမင္မႈဒဏ္ကို ခံႏုိင္ရည္ရိွဖုိ႔၊အေျခခံဉာဏ္ရည္ဉာဏ္ေသြး ထက္ျမက္ေကာင္းမြန္ဖို႔၊ ကုိယ္ က်င့္တရားေကာင္းမြန္စြာ ထိန္း သိမ္းဖို႔၊ အလွမယ္တစ္ေယာက္နဲ႔ လိုက္ေလ်ာညီေထြစြာ ေနထုိင္ ေျပာဆုိဆက္ဆံတတ္ေစဖို႔၊ ကုိယ္ ႏႈတ္အမူအရာယဥ္ေက်းသိမ္ေမြ႕ ဖို႔၊ လုပ္ငန္းတာ၀န္ေတြကို မညည္းမညဴေဆာင္ရြက္လိုတဲ့ စိတ္အား ထက္သန္မႈရိွဖို႔၊ အဖဲြ႕အစည္းနဲ႔ ပူးေပါင္းေဆာင္ရြက္တတ္ေစဖို႔ ဆုိတာေတြက လွပမႈတစ္ခုတည္း၊ ဓာတ္ပံုေလးတစ္ပံုတည္းကို ၾကည့္ၿပီး ဆံုးျဖတ္လို႔မရႏုိင္ဘူးဆို တာ ေတာ္ေတာ္မ်ားမ်ားက နား လည္လက္ခံထားၾကပါတယ္။

ဒီႏွစ္မွာလည္း ျမန္မာႏိုင္ငံ ရဲ႕ ေရေဘးသင့္အေျခအေနေတြ၊ ေရြးေကာက္ပြဲအေျခအေနေတြ ေၾကာင့္ ကုမၸဏီႀကီးေတြက အသံုးစရိတ္ေတြ ေလွ်ာ့ခ်ၿပီး ထိန္းကြပ္ ေနၾကတာျဖစ္လို႔ မယ္စၾက၀ဠာ အဖြဲ႕အစည္းက ကုိယ္အင္ကုိယ့္ အားနဲ႔ စိုက္ထုတ္ႀကိဳးစားခဲ့ၾကပါ တယ္။ အရင္ႏွစ္ေတြထက္ တင္ျပ ပံု၊ အရည္အေသြးေတြ မေလ်ာ့ ေအာင္ အားေပးတဲ့ ပရိသတ္ကုိ လည္း ေဖ်ာ္ေျဖရာေရာက္ေအာင္ အဖဲြ႕သားေတြအားလံုး ႀကိဳးစားခဲ့ ၾကပါတယ္။ ပရိသတ္ကုိ တင္ ဆက္ခ်င္တာေလးေတြကုိ အဓိ ပၸာယ္ေဖာ္စဥ္းစားၾကပါတယ္။ ပညာရွင္အသီးသီးကလည္း ၀ိုင္း ၀န္းႀကိဳးစားကူညီေပးၾကတာ ျဖစ္ လုိ႔ လွပခမ္းနားတဲ့ ၿပိဳင္ပြဲႀကီးကုိ တတိယအႀကိမ္ေျမာက္ေအာင္ ျမင္စြာ က်င္းပႏုိင္ခဲ့ၾကပါတယ္။

ေလ့လာမိသေလာက္မယ္စၾကဝဠာ

မိုးစက္နဲ႔ သွ်ားသြားၿပိဳင္ခဲ့ ၾကတဲ့ ၂ ႏွစ္တာကာလအေတြ႕ အႀကံဳအရ ၿပိဳင္ပြဲမွာ ဆုႀကီးရရွိသူ ေတြဟာ တစ္ႏွစ္၊ ၂ ႏွစ္အတြင္း ဒီေအာင္ျမင္မႈကို ရရွိလာၾကတာ မဟုတ္ဘူးဆိုတာ ေတြ႕ရပါ တယ္။ ဆယ္ေက်ာ္သက္အရြယ္ ကတည္းက ဒီၿပိဳင္ပြဲ ဝင္ၿပိဳင္ႏုိင္ဖို႔ စနစ္တက်ေလ့က်င့္ထားၾကတာ ပါ။ လုိအပ္တဲ့အရာေတြအတြက္ ႀကိဳတင္ျပင္ဆင္ထားၾကပါတယ္။ အလွအပနဲ႔ ခႏၶာကိုယ္အခ်ိဳးအ စားေတြကိုလည္း ျပဳျပင္ထားၾက တာကို ေတြ႕ရပါတယ္။ ျမန္မာ ႏုိင္ငံကိုယ္စားျပဳ အလွမယ္ေလး ေတြအေနနဲ႔ သဘာဝအလွျဖင့္ သာ သြားေရာက္ယွဥ္ၿပိဳင္ၾကျခင္း ျဖစ္ပါတယ္။

အထူးသျဖင့္ ကိုယ္စားျပဳ အလွမယ္တစ္ေယာက္အေနနဲ႔ ကိုယ့္ေခါင္းေပၚ ေဆာင္းခြင့္ရတဲ့ သရဖူဟာ တာဝန္ဝတၱရားေတြကို ထမ္းေဆာင္ခြင့္ရတာပဲ ျဖစ္ပါ တယ္။ ၿပိဳင္ပြဲ ေနာက္ပိုင္းကိစၥရပ္ ေတြ တာဝန္ေတြက ပိုအေရးႀကီး ပါတယ္။ သူဟာ ၿပိဳင္ပြဲသြား ေရာက္ယွဥ္ၿပိဳင္စဥ္ကာလအတြင္း ကိုယ့္ႏုိင္ငံရဲ႕ ေကာင္းသတင္းေတြ ကို သယ္ေဆာင္သြားရမွာျဖစ္ၿပီး လိုက္ေလ်ာညီေထြေနထုိင္ေျပာ ဆိုႏုိင္ဖိို႔ အေရးႀကီးပါတယ္။ ကိုယ္ပိုင္ယဥ္ေက်းမႈအဆင့္အတန္း ျမင့္မားမႈကို ထုတ္ေဖာ္ျပသဖို႔နဲ႔ ကိုယ္ႏႈတ္အမူအရာပ်ဴငွာၿပီး အ မ်ားကိုေလးေလးစားစား ဆက္ဆံ ဖို႔လိုတဲ့အျပင္ ေပးအပ္လာတဲ့ အ လုပ္ေတြကို အခ်ိန္မေရြး တက္ ႂကြစြာ ထမ္းေဆာင္ႏုိင္ရမွာ ျဖစ္ပါတယ္။ အျပဳသေဘာေဆာင္ၿပီး သေဘာထားႀကီးရမွာျဖစ္သလို အေျခခံထက္ ျမင့္မားတဲ့ဉာဏ္ ရည္ဉာဏ္ေသြးရွိမွသာ ကိုယ့္ႏုိင္ငံရဲ႕ ဂုဏ္သိကၡာကို မထိခိုက္ေစမွာ ပဲ ျဖစ္ပါတယ္။ ပြဲစဥ္တစ္ေလွ်ာက္ အေကာင္းဆံုးပံုစံနဲ႔ ေနထုိင္ၿပီး ၿပီးဆံုးေအာင္ ယွဥ္ၿပိဳင္ႏုိင္ဖို႔က အဓိကအက်ဆံုးပါ။

တျခားႏုိင္ငံေတြကဆို ကိုယ့္ ႏုိင္ငံက လာၿပိဳင္တဲ့ ဘယ္သူ႔ကို မဆို အားတက္သေရာအားေပး ၾကတဲ့ မ်ိဳးခ်စ္စိတ္ကို ေတြ႕ရပါ တယ္။ သူတုိ႔မႀကိဳက္တာကို တျခားႏုိင္ငံကသူေတြ အသိမခံပါ ဘူး။ အခ်င္းခ်င္းညီၫြတ္ၾကတာ ေတြ႕ရလို႔ အင္မတန္အားက်မိပါ တယ္။

ဒီၿပိဳင္ပြဲဟာ ကမၻာ့ပထမအ ဆင့္ အလွမယ္ၿပိဳင္ပြဲျဖစ္တာ ေၾကာင့္ ဆုရဖို႔ကလည္း အင္ မတန္ခက္ခဲပါတယ္။ Title Awardကလည္း သံုးခုေလာက္ပဲပါတာ ျဖစ္လုိ႔ ၿပိဳင္ပြဲဝင္ အေယာက္ ၉၀ ေလာက္ထဲမွာ ရဖို႔ဆုိတာ မလြယ္ လွပါဘူး။ အဂၤလန္ႏုိင္ငံေတာင္ မယ္စၾကဝဠာ သရဖူမရဖူးေသး ပါဘူး။ အေမရိကန္ႏုိင္ငံက သရ ဖူအမ်ားဆံုးရရွိထားတာျဖစ္ၿပီး (၈)ႀကိမ္ပဲရထားတာေၾကာင့္ အ ခြင့္အေရး ၁၂ ရာခုိင္ႏႈန္းေလာက္ ပဲရွိတယ္လို႔ ေျပာႏုိင္ပါတယ္။ မယ္စၾကဝဠာ ျမန္မာအဖြဲ႕အ စည္းဟာ ၁၀၀ ရာခုိင္ႏႈန္း ပုဂၢလိ ကပိုင္ အဖြဲ႕အစည္းအျဖစ္ ရပ္ တည္လ်က္ရွိၿပီး ဘယ္လိုပဲျဖစ္ ျဖစ္ ကမၻာ့စင္ျမင့္ေပၚမွာ ျမန္မာ ဆုိတာ ျမင္ေတြ႕ခြင့္ရႏုိင္ဖို႔ တစ္ ႏွစ္ထက္တစ္ႏွစ္ ရလဒ္ေကာင္း ေတြ ပိုင္ဆုိင္ႏိုင္ဖို႔ ဆက္လက္ႀကိဳး စားသြားမွာပဲ ျဖစ္ပါတယ္။
http://7daydaily.com/story/49849
.............................
ပြောပြချင်တဲ့ မယ်စကြဝဠာ အကြောင်းများ

ByစိုးယုဝေOn  Sat, 2015-10-31 22:20Issue No.No.903 Saturday, October 31, 2015

ရှေးရှေးတုန်းက မယ်စကြဝဠာမြန်မာ

ကမ္ဘာ့ပထမအဆင့် အလှ မယ်ပြိုင်ပွဲကြီးဖြစ်သည့် မယ်စကြဝဠာပြိုင်ပွဲကြီးကို ၁၉၅၂ ခုနှစ်တွင် စတင်ပြုလုပ်ကာ မြန်မာနိုင်ငံသည် ၁၉၅၉ ခုနှစ် (၇)ကြိမ်မြောက်ပြုလုပ်သည့် မယ်စကြဝဠာပြိုင်ပွဲမှ စတင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ဒေါ်သန်းသန်း အေးက သွားရောက်ယှဉ်ပြိုင်ခဲ့ သည်။ အဆိုပါနှစ်တွင် မယ်စကြ ဝဠာပြိုင်ပွဲကြီးကို ဖလော်ရီဒါပြည် နယ် Long Beach တွင် ဇူလိုင်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ တကာမှ အလှမယ်ပေါင်း ၃၄ ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ထိုစဉ်က မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဒေါ်သန်းသန်းအေး၏ ခန္ဓာကိုယ်အတိုင်းအထွာမှာ အရပ်၅ ပေ ၄ လက်မ၊ ရင် ၃၅ လက်မ၊ခါး ၂၂ လက်မ၊ တင် ၃၅ လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၁၂၀ ဖြစ်ပါသည်။ ယခုအချိန်ထိ အမေရိကန်နိုင်ငံ ဖို့ဒ်လော်ရာဒေးမြို့တွင် ကျန်းမာစွာနေထိုင်လျက်ရှိပြီး ဘာသာရေးပြုလုပ်ခြင်းနှင့် အားလပ်ချိန်များတွင် ဝါသနာပါ သည့် ပန်းပုထုခြင်းများ ပြုလုပ် လျက်ရှိပါသည်။

၁၉၆၀ ပြည့်နှစ်တွင် မြန်မာ နိုင်ငံကိုယ်စားပြု အလှမယ် ဒေါ်မြင့်မြင့်မေသည် နိုင်ငံတကာ ပြိုင်ပွဲဝင်အလှမယ်ပေါင်း ၄၂ ဦး နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါ သည်။ အဆိုပါပြိုင်ပွဲတွင် Miss Congeniality နှင့် Miss Photo-genic ဆုများကို Special Awardsအဖြစ် ချီးမြှင့်ခဲ့ရာ ဒေါ်မြင့်မြင့်မေ က Louisiana အလှမယ် Ms.Judy Rebeca Fletcher နှင့် အတူ ပူးတွဲ၍ Miss Congeniality ဆုကို ရရှိခဲ့ပါသည်။ ပြိုင်ပွဲဝင် ၄၃ဦးအနက် နောက်ဆုံးဆန်ခါတင် ငါးဦးအပြင် Special Awards နှစ် ဆုသာ ပေးအပ်ခြင်းဖြစ်၍ ဆုရရှိ ရန်မှာ များစွာခဲယဉ်းသော်လည်း မြန်မာနိုင်ငံအနေဖြင့် ၂ နှစ်အ တွင်း အောင်မြင်မှုရရှိခဲ့့ခြင်းဖြစ်ပါ သည်။ ယခုအခါတွင် ဒေါ်မြင့်မြင့် မေမှာ ကွယ်လွန်သွားပြီဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အဖြစ် ပြန်လည်ဝင်ရောက်ယှဉ် ပြိုင်သည့် ၂၀၁၃ ခုနှစ် MissUniverse Myanmar ပြိုင်ပွဲကြီး တွင် ဒေါ်မြင့်မြင့်မေ၏ Video File ကို ပရိသတ်များ ကြည့်ရှုနိုင်ရန် တင်ဆက်ပြသခဲ့ပါသည်။


ဆက်လက်ပြီး ၁၉၆၁ ခုနှစ် တွင် မြန်မာနိုင်ငံကိုယ်စားပြုအ ဖြစ် ဒေါ်မြင့်မြင့်ခင်က ပြိုင်ပွဲဝင် ၄၇ ဦးနှင့်အတူ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပါသည်။ ထို့နောက် ၁၉၆၂ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအ နေဖြင့် မယ်စကြဝဠာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့ ဘဲ ပြိုင်ပွဲအတွေ့အကြုံ သုံးနှစ် ဖြင့်သာ ရပ်နားခဲ့ပါသည်။

တစ်ကျော့ပြန် မယ်စကြဝဠာမြန်မာ

၁၉၆၁ ခုနှစ် နောက်ပိုင်းမှ စ၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိ သော မယ်စကြဝဠာပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံမှ ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိရန် မိမိတို့အနေ ဖြင့် အပတ်တကုတ်ကြိုးပမ်းအား ထုတ်ခဲ့ပါသည်။ ထိုကဲ့သို့ ယှဉ် ပြိုင်ခွင့်ရရန် မြန်မာနိုင်ငံတွင် ပြည်တွင်းပြိုင်ပွဲများပြုလုပ်၍ ကိုယ် စားပြုရွေးချယ်နိုင်ရန် ဦးစွာလို အပ်ပါသည်။ မြန်မာအမျိုးသမီး များအား ကမ္ဘာ့ပထမအဆင့် အလှမယ်စင်မြင့်တွင် မြင်တွေ့အားပေးခွင့်ရရှိနိုင်ရေးမှာ မိမိတို့ MissUniverse Myanmar Organi-zation ၏ ခိုင်မာသည့် ဆုံးဖြတ်ချက်ဖြစ်ပါသည်။

ပထမဦးစွာ ပြည်တွင်းပြိုင် ပွဲကြီးကို တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးတို့တွင် ကျယ်ပြန့် စွာ ဆောင်ရွက်လိုခြင်း ဌာနဆိုင် ရာ အဖွဲ့အစည်းတစ်ခုခုမှ တရား ဝင်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လို ခြင်းတို့ကြောင့် ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် ‘‘Miss Universe ပြိုင်ပွဲ သို့ သွားရောက်ယှဉ်ပြိုင်နိုင်မည့် Miss Myanmar ပြိုင်ပွဲကျင်းပပြု လုပ်ခွင့်ပြုပါရန်’’ တင်ပြစာကို အားကစားဝန်ကြီးဌာနလက် အောက်ရှိ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်သို့  တင်ပြ လျှောက်ထားခဲ့ပါသည်။ အဆိုပါ တင်ပြချက်ကို ယဉ်ကျေးမှုရှု ထောင့်မှတ်ချက်အရ ဆိုင်းငံ့အနေအထားတွင်ရှိနေရာမှ ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်တွင် ထပ်မံ တင်ပြခွင့်ရရှိခဲ့ပါသည်။ ထိုသို့ တင်ပြစဉ်ကာလအတွင်း မည်ကဲ့ သို့ ပြန်လည်မှတ်ချက်ပြုမည်ကို နေ့စဉ်နှင့်အမျှ စောင့်ဆိုင်းနေပါ သည်။ စောင့်ဆိုင်းနေစဉ် အောက်တိုဘာ ၈ ရက်စွဲဖြင့် အားကစား ဝန်ကြီးဌာနက ခွင့်ပြုမိန့်ကို Fax ဖြင့် လက်ခံရရှိခဲ့သဖြင့် မယုံနိုင် လောက်အောင် ဝမ်းသာပျော်ရွှင် ခဲ့ရပါသည်။ မိမိတို့၏ လုပ်ငန်း အတွေ့အကြံုတစ်လျှောက်လုံး တွင် သန့်ရှင်းစွာ၊ လွယ်ကူစွာ၊ ချောမွေ့စွာ၊ လျင်မြန်စွာ ရရှိခဲ့ သော ခွင့်ပြုမိန့်တစ်စောင်ပင်ဖြစ် ပါသည်။



နယူးယောက်က မယ်စကြဝဠာ

ပြည်တွင်း၌ မယ်စကြဝဠာ ရွေးချယ်ခွင့်ရရှိချိန်တွင် ပို၍အ ရေးကြီးသည့်အချက်မှာ မယ်စကြ ဝဠာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိရေးဖြစ်ပါသည်။ အမေရိ ကန်နိုင်ငံ နယူးယောက်အခြေ စိုက် Miss Universe Organiza-tion သို့ လက်လှမ်းမီသလောက် ဆက်သွယ်စုံစမ်းရာ လက်ရှိအ ချိန်တွင် မြန်မာနိုင်ငံအတွက် National Director အဖြစ် အဆို ပြုထားသူ ငါးဦးခန့်ရှိပြီး လော လောဆယ်တွင် ဝင်ခွင့်ပြုရန် မဖြစ်နိုင်သေးကြောင်း အကြောင်းပြန် ပါသည်။ အဆိုပြုထားသူများထဲ တွင် ပြည်ပရောက် မြန်မာနိုင်ငံ သားများ၊ ပြည်ပနှင့် ချိတ်ဆက် ဆောင်ရွက်နေသူများသာမက အိမ်နီးချင်း ထိုင်းလူမျိုးများပါ ပါဝင်ကြောင်း သိရပါသည်။ သို့ သော် အားမလျှော့ဘဲ နည်းလမ်း ပေါင်းစုံမှ ဆက်သွယ်ကြိုးပမ်းရာ မိတ်ဆွေပင်လယ်ရပ်ခြားလုပ်ငန်း ရှင်တစ်ဦး၏ အကူအညီဖြင့် Miss Universe Organization နှင့် တိုက်ရိုက်ဆက်သွယ်နိုင်ခဲ့ပါသည်။

မိမိတို့ဘက်ကလည်း ပြင်ဆင်စရာရှိသည်များကို ကြိုးစားပြင်ဆင် ဆောင်ရွက်နေခဲ့ပါသည်။ မြန်မာနိုင်ငံတွင် MissUnsiverse Myanmar ပြုလုပ်မည့် သတင်းများကြောင့်မိမိတို့အဖွဲ့အစည်းတွင် Volunteer အဖြစ် ပါဝင်ဆောင်ရွက်လိုသူ ဝါသနာရှင်များလည်း ရှိလာခဲ့ပါသည်။ Miss Universe Myan-mar Organization ကလည်း ၎င်းတို့၏ စိတ်ပါဝင်စားမှုနှင့် အား တက်သရောပါဝင်လိုသည့် အဆို ပြုမှုများကြောင့် လက်ခံခဲ့ပါသည်။ တစ်ဖက်ကလည်း Miss Uni-verse Organization မှ တောင်းဆိုသော စာရွက်စာတမ်းများ၊ MissUniverse Myanmar ကို ဦးစီးဦးဆောင်ပြုလုပ်မည့် NationalDirector ၏ ကိုယ်ရေးအချက်အလက်များ၊ လုပ်ငန်းအတွေ့အကြံုများ၊ ထောက်ခံသူများ၊ ပြိုင်ပွဲပြုလုပ်မည့် အစီအစဉ် အသေးစိတ်နှင့်တကွ Proposal ပြင်ဆင်ရပါသည်။ ထိုအချိန်တွင် Miss Uni-verse Myanmar Organization ၌ လာရောက်ကူညီသည့် Volun-teer လူငယ်က Miss Supra-national ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် အကြံပြုသော်လည်း မိမိတို့ Organization အနေဖြင့် ကမ္ဘာ့ပထမအဆင့် အလှမယ်ပြိုင်ပွဲဖြစ်သည့် မယ်စကြဝဠာပြိုင်ပွဲသို့သာ မဖြစ်မနေဦးစွာ စေလွှတ်သွားလိုကြောင်း ရှင်းပြခဲ့ပါသည်။ အဆိုပါ Volunteer လူငယ်သည် ရက်ပိုင်းမျှသာရုံးတက်ခဲ့ပြီး တစ်စုံတစ်ရာအကြောင်းမကြား၊ လာရောက်ခြင်းမရှိတော့ဘဲ နောက်ပိုင်းတွင် Miss Supra-national အပါအဝင် အခြားပြိုင်ပွဲများ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။ တစ်ချိန်တည်း မှာပင် မယ်စကြဝဠာပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်ခွင့်ရရန်မှာ မဖြစ် နိုင်သေးကြောင်း သတင်းစကား ပါးသူအချို့ကြောင့်   ပြိုင်ပွဲတွင် ပံ့ပိုးရန်ပြင်ဆင်ထားသည့်  လုပ် ငန်းရှင်များမှာလည်း ဇဝေဇဝါဖြင့် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

သို့သော်လည်း Miss Unive-rse Myanmar Organization ၏ မနားမနေ ကြိုးပမ်းမှုကြောင့် နယူးယောက်အခြေစိုက် မယ်စကြဝဠာ အဖွဲ့အစည်းမှ လာရောက်တွေ့ ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါသည်။ အဆိုပါဖိတ်ခေါ်ချက်အရ ၂၀၁၃ ခုနှစ် ဩဂုတ်တွင် နယူးယောက် မြို့ရှိ မယ်စကြဝဠာအဖွဲ့အစည်း နှင့် သွားရောက်တွေ့ဆုံခဲ့ပါ သည်။ ထိုသို့တွေ့ဆုံစဉ် မိမိတို့ မြန်မာနိုင်ငံအနေဖြင့် မှတ်ပုံတင် ကြေးသွင်းထားပြီးဖြစ်သော်လည်း အချိန်အခက်အခဲကြောင့် ၂၀၁၄ ခုနှစ်တွင်မှ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုရန် ညှိနှိုင်းခဲ့ရာ ၎င်းတို့ဘက် က ယခုနှစ်တွင် ပြုလုပ်စေလို ကြောင်း၊ ကြီးကျယ်ခမ်းနားစွာ ဆောင်ရွက်ရန်မလိုဘဲ ပြိုင်ပွဲပြု လုပ်၍ ရွေးချယ်စေလွှတ်စေလို ကြောင်း ညှိနှိုင်းချက်အရ မိမိတို့ အနေဖြင့် အကောင်းဆုံးဆောင် ရွက်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ အမှန်တကယ်တွင် မယ်စကြဝဠာပြိုင်ပွဲသည် ပုံမှန်အားဖြင့် ဒီဇင်ဘာတွင် ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်တွင် ပြုလုပ် မည့် အိမ်ရှင်ရုရှားနိုင်ငံ၏ ရာသီ ဥတုအခြေအနေအရ နိုဝင်ဘာ တွင် ပြုလုပ်မည်ဖြစ်သောကြောင့် များစွာအချိန်နီးကပ်နေပြီဖြစ်ပါ သည်။ မယ်စကြဝဠာမြန်မာ ပြိုင် ပွဲပြုလုပ်ရန်အချိန် တစ်လခန့်သာ ကျန်ရှိပါတော့သည်။

၂၀၁၃ မယ်စကြဝဠာမြန်မာဂယက်

အချိန်တစ်လအတွင်း မယ် စကြဝဠာပြိုင်ပွဲ ကျင်းပနိုင်ရန်မှာ ငွေကြေးပံ့ပိုးမှုများ လိုအပ်ပါ သည်။ လက်ရှိအနေအထားများ အရ ပြည်တွင်းသို့ ထိုးဖောက်နေ သော လူသုံးကုန်ပစ္စည်းထုတ်လုပ် သည့် ကုမ္ပဏီများက ပူးပေါင်း ပါဝင်ရန်မှာလည်း အချိန်အတိုင်း အတာနှင့် ငွေကြေးပမာဏအရ မည်သို့မျှ မဖြစ်နိုင်သည့်အတွက် မြန်မာနိုင်ငံ၏ နာမည်ကျော်လုပ် ငန်းကြီးဖြစ်သည့် Htoo Group of companies ၏ ဥက္ကဋ္ဌကို တွေ့ ဆုံတင်ပြခဲ့ပါသည်။ မိမိတို့ မြန်မာအမျိုးသမီးများအနေဖြင့် ပထမ ဆုံး ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ် သည့်အတွက် ပံ့ပိုးကူညီပေးနိုင်ပါ ရန် တင်ပြရာ တစ်ချိန်တည်းမှာ ပင် Htoo Group of Companies လက်အောက်ရှိ လုပ်ငန်းခွဲများမှ အချိုးကျထည့်ဝင်ရန်၊ ပြိုင်ပွဲဝင် နှင့် ဧည့်သည်များတွက် ဟိုတယ် ပံ့ပိုးရန်နှင့် Bagan Entertainm-ent က လိုအပ်သည်များကူညီရန် မှာကြားသည့်အပြင် Miss Univ-erse Myanmar Organization  မှသာ  ပြိုင်ပွဲကို  စီစဉ်ကြီးကြပ်ရ မည်ဖြစ်ပြီး Htoo Group of Companies  ဝန်ထမ်းများ ပါဝင်ပတ်သက်ခြင်းမရှိစေရန် မှတ်ချက်ရေးသား၍ ပံ့ပိုးပေးခဲ့ပါသည်။ ၎င်း တို့ပံ့ပိုးသည့် ငွေကြေးပမာဏအ တွက် ကုမ္ပဏီကို ပြန်လည် ဆောင်ရွက်ပေးရန် တစ်စုံတစ်ရာ တောင်းဆိုမှုမရှိခဲ့သည့်အပြင် ပြိုင်ပွဲကျင်းပချိန်အထိ ဒုဥက္ကဋ္ဌက သာ ဧည့်သည်တော်အဖြစ် တက် ရောက်ခဲ့ခြင်းဖြစ်ပါသည်။ ပထမ ဆုံးအကြိမ်အဖြစ် ကျင်းပသည့် Miss Universe Myanmar ပြိုင် ပွဲကြီးကို  အချိန်တိုအတွင်း  ကြီး ကျယ်ခမ်းနားစွာ  ပြုလုပ်နိုင်ခဲ့ပြီး Miss Universe Organization မှ ဥက္ကဋ္ဌ Miss Paula Shugart နှင့် Vice President CFO Mr Lerry Para တို့က တက်ရောက်အားပေးခဲ့ပါသည်။ Miss Univ-erse Organization ဥက္ကဋ္ဌနှင့်CFOက ပြိုင်ပွဲအား များစွာနှစ်ခြိုက်သည့်အတွက် နယူးယောက်ပြန် ရောက်လျှင် ရောက်ချင်း အခွေပို့ ပေးရန် ပြောဆိုခဲ့ပါသည်။ သို့ သော် အခြေအနေမှန် မသိသူများ က အခြားအကြောင်းအရာများ ရောထွေးကာ ပြောဆိုရေးသားမှု များရှိခဲ့ရာ ပရိသတ်များအကြား ရေပန်းစားသည့် အကြောင်းအရာ တစ်ခုဖြစ်လာခဲ့သည်။

 ဒါတင်မကသေးဘဲ ၂၀၁၃ ခုနှစ် မယ်စကြဝဠာမြန်မာအဖြစ် ရွေးချယ်ခံရသည့် အလှမယ် မိုး စက်ဝိုင်ကို တရုတ်သွေးနှောသည့် အတွက် မြန်မာကိုယ်စားပြုအဖြစ် မစေလွှတ်ရေး မြို့တော်ခန်းမရှေ့ တွင် ဆန္ဒဖော်ထုတ်ရန် စေ့ဆော်မှုများပင် ရှိလာခဲ့ပါသည်။ ဒါ့အ ပြင် မယ်စကြဝဠာ အဖွဲ့အစည်းထံသို့လည်း ကန့်ကွက်ကြောင်း စာများ ရေးသားပေးပို့သည်အထိ ပေါက်ပေါက်ရောက်ရောက် ဆောင်ရွက်မှုများဖြစ်လာခဲ့သည်။ သို့သော်လည်း Miss UniverseOrganization ၏ ဥက္ကဋ္ဌနှင့် CFO ကိုယ်တိုင်လာ ရောက်ကြည့်ရှု သွားသည့်ပွဲဖြစ်သည့်အပြင် Miss Universe Organization ၏ ခိုင်မာမှုကြောင့် တစ်စုံတစ်ရာ ထိရောက်မှုမရှိခဲ့ပါ။ Miss Universe Myanmar Organiz-ation သို့လည်း 1st Runner Up ကို စေလွှတ်ယှဉ်ပြိုင်စေရန် ဖိအားပေးမှုများ ရှိလာခဲ့သည်။ တစ်ချိန် တည်းမှာပဲ တိုက်ဆိုင်စွာ မြန်မာ နိုင်ငံအမျိုးသမီး အားကစားအဖွဲ့ ချုပ် ဒုဥက္ကဋ္ဌ၏ ဖိတ်ခေါ်မှုဖြင့် မိုးစက်ဝိုင်က Organization ၏ ညွှန်ကြားချက်အရ တက္ကသိုလ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ဆု ဖလားသယ်ယူသည့်ကိစ္စကို ချဲ့ကားပြောဆိုရေးသား မှုများလည်း ရှိလာခဲ့သည်။ မည်သို့ပင် ကော လာဟလများ၊ ဖိအားပေးမှုများ ပေါ်ထွက်လာစေကာမူ MissUniverse Myanmar Organiz-ation အနေဖြင့် မှန်ကန်စွာ၊ ကြံ့ခိုင်စွာ ရပ်တည်နိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပြန် လည်ဝင်ရောက်ယှဉ်ပြိုင်သည့် (၆၂)ကြိမ်မြောက် မယ်စကြဝဠာ ပြိုင်ပွဲသို့ အလှမယ် မိုးစက်ဝိုင်ကို စေလွှတ်ယှဉ်ပြိုင်စေခဲ့ပါသည်။ ထိုကဲ့သို့ ရိုက်ခတ်မှုဂယက်များ ကပင် မိုးစက်ဝိုင်ကို ချစ်သော ပရိသတ်အင်အား ပိုမိုခိုင်မာလာ စေခဲ့ပါသည်။

၂၀၁၃ မယ်စကြဝဠာမြန်မာ

၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ပြုလုပ် သည့် (၆၂)ကြိမ်မြောက် မယ် စကြဝဠာပြိုင်ပွဲတွင် နိုင်ငံတကာမှ အလှမယ် ၈၆ ဦးအကြား မြန်မာ နိုင်ငံအတွက် ကောင်းသတင်းကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီး မယ် စကြဝဠာအဖွဲ့အစည်း၏ ပြိုင်ပွဲ ဝင်ကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသူဖြစ် သည်။ အခြားနိုင်ငံများ၏ Nat-ional Director တွေ သတိထားမိ သူအဖြစ် အကောင်းဆုံးပုံစံဖြင့် ပြိုင်ပွဲဝင်နိုင်ခဲ့ပြီး အရှေ့တောင် အာရှနိုင်ငံများအကြိုက် အသား အရေရှိတဲ့အပြင် မြင့်မားတဲ့ အရပ်အမောင်းကလည်း အားသာချက်တစ်ခုဖြစ်ခဲ့ပါသည်။ အကျပ်အတည်း မေးခွန်းတွေကြားက ရိုးသားစွာ၊ လိမ္မာပါးနပ်စွာ ရှောင်ထွက်နိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိသူဖြစ်ပြီး အလုပ်တွေကို ရွေးချယ်လက်ခံတတ်ပေမယ့် အကောင်းဆုံးပြင်ဆင် ဆောင်ရွက်လေ့ရှိတတ်တာမို့ လုပ်ငန်းအပ်နှံသူတွေ မျက်စိကျ ရုံသာမက အပြံုးချိုချို၊ မျက်နှာချို ချိုနဲ့ ပရိသတ်အချစ်ကို ဖမ်းစား နိုင်သူလည်းဖြစ်ပါသည်။

ကိုယ့်နိုင်ငံမဟုတ်တဲ့ အခြား တိုင်းပြည်မှာ နေ့စဉ်ရက်ဆက် အပြင်းအထန်လေ့ကျင့်မှုတွေ၊ Activities တွေ၊ ပွဲတက်တွေအ တွက် ပြင်ဆင်ရတာ မလွယ်ကူလှ ပါဘူး။ ပထမဆုံးခြေလှမ်းအဖြစ် စတိတ်စင်မြင့်ပေါ်မှာ ယုံကြည်မှု အပြည့်နဲ့ လမ်းလျှောက်မှုအပိုင်း တွေ၊ ဝတ်စားဆင်ယင်မှုတွေအ တွက် အားနည်းချက်တွေရှိခဲ့ပေ မယ့် ယခုအချိန်ထိတော့ အမှန် ကန်ဆုံး ရွေးချယ်မှုအဖြစ် ရပ် တည်နေတုန်းပါပဲ။ ပြည်တွင်းပြိုင် ပွဲမှာ စခန်းသွင်းလေ့ကျင့်ချိန်တုန်း က ပြိုင်ပွဲဝင်အများစုက အနု ပညာလောကကဖြစ်တာကြောင့် အုပ်စုဖွဲ့နေကြပြီး Activities တွေ၊ လေ့ကျင့်ချိန်တွေမှာ တစ် ယောက်တည်းဖြစ်နေတတ်ပေ မယ့် အသက်အရွယ်အရ တည် ငြိမ်ရင့်ကျက်စွာ ကျော်ဖြတ်နိုင် တာဟာလည်း သူမရဲ့ အရည်အ ချင်းကောင်းတစ်ခုပါပဲ။

နောက်ကွယ်

ပထမဆုံးအကြိမ်ကျင်းပတဲ့ မယ်စကြဝဠာပြိုင်ပွဲကြီးမှာ ရတဲ့ အချိန်တိုအတွင်း ပညာရှင်ပေါင်း စုံက အကောင်းဆုံးစုစည်းတင် ဆက်ကြပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံမှာလုပ်တဲ့ အကြီးဆုံး ပွဲဖြစ်တဲ့အတွက် မိမိတို့ရဲ့ အနု ပညာကြေး၊ ဝန်ဆောင်ကြေးတွေ ကို အများဆုံးတောင်းလိုက်မယ် ဆိုတဲ့ သူတွေနဲ့လည်း တော်တော် များများ ကြံုရပါတယ်။ တေးရေး ဆရာ မြင့်မိုးအောင်တို့လို ဉာဏ် ပူဇော်ခပေးတာတောင် များတယ် ဆိုပြီး တစ်ဝက်ပြန်ပေးတဲ့သူက ရှားပါတယ်။ နာမည်ကြီး ဝါရင့် မော်ဒယ်တစ်ယောက်ဆိုရင် ပွဲစဉ် စဆုံးအစီအစဉ်တင်ဆက်သူအ ဖြစ် ဆောင်ရွက်ပေးမယ်၊ Miss Universe Myanmar ကိုယ်စား ပြောရေးဆိုခွင့်ရှိသူအဖြစ် လုပ် ပေးမယ်ဆိုပြီး အနုပညာကြေး ကျပ်သိန်းနှစ်ရာကျော်တောင်း တာတောင် ကြံုတွေ့ရပါတယ်။ အဲဒီအချိန်တုန်းက သူတောင်းတဲ့ ငွေပမာဏက တိုက်ခန်းလေးတစ် ခန်းလောက် ဝယ်လို့ရပါသေး တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး စလုပ်တဲ့ပွဲမို့ အခကြေး ငွေပဓာနမထားဘဲ ပါဝင်ခွင့်ရရင် ပဲ အကောင်းဆုံးဆောင်ရွက်ကြ မယ်ဆိုတဲ့ ရဲဘော်ရဲဘက်မိတ်ဆွေတွေလည်း အများကြီးရရှိခဲ့ပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၃ ခုနှစ် မယ်စကြဝဠာမြန်မာပြိုင်ပွဲ ကြီးကတော့ ကြီးကျယ်ခမ်းနား အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အ တွက် ပူးပေါင်းပါဝင်ပံ့ပိုးသူ အား လုံးကို အထူးကျေးဇူးတင်ရှိပါ တယ်။

မော်စကိုက မယ်စကြဝဠာ

မော်စကိုမြို့မှာ ကျင်းပမယ့် (၆၂)ကြိမ်မြောက် မယ်စကြဝဠာ ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် မိုးစက်ဝိုင် လာရောက်  ယှဉ်ပြိုင်မှာဖြစ်တဲ့အကြောင်း မော်စကိုမှာရှိတဲ့ သံရုံးအသိုင်းအ ဝိုင်းနဲ့ ကျောင်းတက်နေကြတဲ့ တပ်မတော်အရာရှိ ကျောင်းသား တွေကို ကြိုတင်ပြီး သတင်းပို့ထား ရပါတယ်။ သူတို့တွေအားလုံးက လည်း သံအမတ်ကြီး ဇနီးမောင်နှံ ရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ စိတ် လှုပ်ရှားပျော်ရွှင်စွာ အားပါးတရ လာရောက်ကြိုဆိုကြပါတယ်။ ပထမဆုံးခြေလှမ်းဖြစ်တာကြောင့် တချို့နေရာတွေမှာ တော်တော် လေး ရှင်းပြရပါတယ်။ နိုင်ငံတိုင်း က National Director တွေဟာ အလှမယ်တစ်ဦးတည်းကိုပဲ တာဝန်ယူစေလွှတ်ပေးကြရတာပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ မိဘ အသိုင်းအဝိုင်းက လိုက်လံအား ပေးချင်တယ်ဆိုရင် ကိုယ့်အစီ အစဉ်နဲ့ ကိုယ်လိုက်ပါအားပေးရ တာ ဖြစ်ပါတယ်။ ဒါကို အစပိုင်း မှာ နားလည်အောင် ရှင်းပြရပါ တယ်။ ဒီက မိဘတွေအထင်က နိုင်ငံကိုယ်စားပြုအဖြစ် သွားပြိုင် တာ နိုင်ငံတော်က ဘာမှမလုပ် ပေးဘူးလားလို့ မေးတာလည်း ကြံုရပါတယ်။ ဒါကို National Director အနေနဲ့ ပြည်တွင်းမှာ နိုင်ငံကိုယ်စားပြု အလှမယ်ရွေး ချယ်ပွဲနဲ့ ထိုက်တန်တဲ့ ပြိုင်ပွဲ ကျင်းပနိုင်ဖို့၊ ဟိုဘက်က မယ် စကြဝဠာအဖွဲ့အစည်းမှာ ဝင် ရောက်ယှဉ်ပြိုင်ခွင့် ရရှိနိုင်ဖို့၊ ဆုကြေးငွေ ချီးမြှင့်နိုင်ဖို့၊ သွား ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် သွားလာစရိတ်တွေ ကျခံနိုင်ဖို့ဆို တာ အလုပ်တွေအများကြီးလုပ် ပေးရပါတယ်။ ကူညီပံ့ပိုးတဲ့ ကုမ္ပဏီတွေအတွက်လည်း ဈေး ကွက်မြှင့်တင်ရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက်ဖြစ်အောင်၊ ကျေနပ်ဖွယ်ရာ ရလဒ်ဖြစ်အောင် ဖော်ဆောင်နိုင်ဖို့ လိုပါတယ်။ တစ်နှစ်တစ်နှစ် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရဖို့အတွက် သိန်းရာပေါင်းများ စွာ နှစ်စဉ်ကြေးပေးသွင်းရပါ တယ်။ ဒါကြောင့်မို့လို့သာ ဟိုက မယ်စကြဝဠာအဖွဲ့အစည်းအနေ နဲ့ နိုင်ငံတကာအလှမယ်တွေကို စခန်းသွင်းလေ့ကျင့်ချိန်တွေမှာ နေထိုင်စားသောက်စရိတ်တွေ ကျခံနိုင်တာဖြစ်ပါတယ်။ ဒါက ဒီကနေသွားရတဲ့ လေယာဉ်လက် မှတ် အသွားအပြန်စရိတ်တွေ မပါသေးပါဘူး။ ပြီးရင် နိုင်ငံလေး နိုင်ငံက အလှမယ်လေးဦးကို ကြီးကြပ်သူတစ်ယောက် တာဝန်ပေးထားတာမို့ သူတို့အတွက် လက်ဆောင်လေးတွေလည်း ပြင်ဆင်ရ ပါတယ်။ ကိုယ့်ပြိုင်ပွဲဝင်အတွက် လိုအပ်တဲ့ ပွဲတက်ဝတ်စုံတွေ၊ညနေခင်းဝတ်စုံတွေ၊ အမျိုးသား ဝတ်စုံနဲ့ လေလံတင်ရောင်းချဖို့အ တွက် လက်ဆောင်ပစ္စည်းတွေ စီစဉ်ပေးရတာကလည်း National Director တစ်ယောက်ရဲ့ တာဝန် ပါပဲ။ ဒီတော့ စရိတ်စကတွေ အ များကြီးစိုက်ထုတ်ထားတာ မစဉ်း စားရင်တောင် လုပ်ငန်းတာဝန် များစွာကို ပံ့ပိုးလုပ်ဆောင်နေတဲ့ Oragnization ကိုယ်တိုင်က ပရိ သတ်တွေမျှော်လင့်တာထက် ရလဒ်ကောင်းတွေ ပိုပြီးတော့ တောင်ရချင်ပါသေးတယ်။

မော်စကိုမှာက နိုင်ငံတကာ အလှမယ်တွေ၊ National Director တွေအားလုံး ဟိုတယ်အတူတူပဲ ဖြစ်တာမို့ သူတို့တွေကို နေ့စဉ်မြင် တွေ့နေရပါတယ်။ အဲဒီနှစ်က ဆုရသွားတဲ့ ဗင်နီဇွဲလားအလှ မယ်ဆိုလို့ရှိရင် ဘယ်အချိန်ပဲတွေ့တွေ့ မနက်စောစောပဲဖြစ် ဖြစ်ညဉ့်နက်ချိန်ပဲဖြစ်ဖြစ် မိတ် ကပ်အပြည့်နဲ့ ဒေါက်ဖိနပ်အမြင့် ကြီးစီးပြီး စမတ်ကျကျနဲ့ တက်ကြွ ရွှင်လန်းနေတာ တွေ့ရပါတယ်။ သူ့ကြည့်ရတာ နှစ်ပေါင်းတော် တော်ကြာ စစ်သားတစ်ယောက် လို လေ့ကျင့်ထားပုံရပါတယ်။ နောက်တစ်ခုထူးခြားတာက မြန်မာအလှမယ်နဲ့ ဖိလစ်ပိုင်အလှ မယ်တို့ဟာ Top-16 နေရာအ တွက် Voting မှာ ပြိုင်ဆိုင်မှုပြင်း ထန်နေကြပါတယ်။ အဲဒီနှစ်တုန်း  က Miss Universe ရဲ့ Official Website မှာ Voting အများဆုံးရ တဲ့သူဟာ Top-16 ရဲ့ နောက်ဆုံး နေရာကို အလိုအလျောက်ဝင်ခွင့် ရမှာပဲဖြစ်ပါတယ်။ မြန်မာပရိ သတ်တွေကလည်း Voting ပေး လို့ရတဲ့ Website တွေ အကုန်လုံး ကို နေ့မအား၊ ညမအား ၀ုိင်းပြီး အားပေးကြတာကြောင့် Website တော်တော်များများမှာ မြန်မာဦးဆောင်နေခဲ့ပါတယ်။ ဖိလစ်ပိုင်သံအမတ်ကြီးကတော့ နေ့ရောည ပါ ပြိုင်ပွဲဝင်တွေနေတဲ့ ဟိုတယ် Lobby မှာ နိုင်ငံတကာက ဧည့် သည်တွေ မီဒီယာတွေကို ရင်းရင်း နှီးနှီးဧည့်ခံစကားပြောရင်း သူ့ နိုင်ငံအတွက် စည်းရုံးအားပေးနေ တာ အမြဲတွေ့ရပါတယ်။ ပြိုင်ပွဲ မှာလာရောက်သတင်းယူကြတဲ့ မီဒီယာသမားတော်တော်များများ ကလည်း အရှေ့တိုင်းသူတွေ ထက် အနောက်နိုင်ငံသူတွေ၊ လက်တင်သူတွေကို ပိုပြီး စိတ် ၀င်တစားမေးမြန်းရေးသားကြ တာကို တွေ့ရပါတယ်။ ပြိုင်ပွဲ ကျင်းပဖို့ တစ်ရက်အလိုမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတ ကိုယ်တိုင်က မယ်စကြဝဠာဖိလစ်ပိုင်ကို အား ပေးကြဖို့ နိုင်ငံကို တိုက်တွန်းခဲ့ တာကြောင့် တကယ့်ပြိုင်ပွဲနေ့မှာ မယ်စကြဝဠာဖိလစ်ပိုင်ဟာ Voting ထိုးတက်ပြီး Top-16 နေ  ရာကို ရရှိသွားခဲ့ပါတယ်။ ပြိုင်ပွဲခန်းမထဲမှာလည်း ဖိလစ်ပိုင်ပရိ သတ်တွေဟာ ကြိုတင်စီစဉ်မှု အားကောင်းကောင်းနဲ့ လာ ရောက်အားပေးကြတာကို တွေ့ရ ပါတယ်။ မယ်စကြဝဠာမြန်မာ မိုးစက်ဝိုင်ကတော့ နာမည်ကြီးWebsite တစ်ခုဖြစ်တဲ့ Missology ကချီးမြှင့်တဲ့ People Choice Awards ကို ရရှိခဲ့ပါတယ်။ ပထမဆုံးခြေလှမ်းအဖြစ် သွားရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ ၂၀၁၃ မယ် စကြဝဠာ မြန်မာဟာ ၂၀၁၄ မယ်စကြဝဠာအတွက် အတွေ့အကြံု တွေ၊ အကြံဉာဏ်တွေ ပြန်လည်မျှဝေပေးနိုင်တဲ့ အကောင်းဆုံး နည်းပြဖြစ်ခဲ့ပါတယ်။

၂၀၁၄ မယ်စကြဝဠာမြန်မာ

ဒုတိယအကြိမ် မယ်စကြဝဠာပြိုင်ပွဲကြီးကို ပထမနှစ်ထက် ပိုပြီးကျယ်ပြန့်အောင် ကြိုးစားခဲ့ ကြပါတယ်။ ပြိုင်ပွဲဝင်တွေဟာ ပြည်တွင်းမှာ မန္တလေး၊ ပြင်ဦး လွင်၊ ပုဂံဘက်တို့ကို လူမှုရေးခရီး စဉ်တွေ သွားရောက်ခဲ့တဲ့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ဖူး ခက်ကမ်းခြေတို့ကို လေ့လာရေး ခရီးသွားရောက်ခဲ့ကြပါတယ်။ ခရီးစဉ်အတွင်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြသလို Miss Myanmar- Thailand Friendship ကိုလည်း ရွေးချယ်နိုင်ခဲ့ကြပါတယ်။

၂၀၁၄ မယ်စကြဝဠာအဖြစ် ရွေးချယ်ခံရတဲ့ သျှားကတော့ ငယ် ရွယ်တက်ကြွသူပီပီ မိုင်ယာမီကမ်း ခြေမှာ ပြုလုပ်တဲ့ မယ်စကြဝဠာ ပြိုင်ပွဲရဲ့ စခန်းသွင်းလေ့ကျင့်ချိန် တိုင်း အမြဲတမ်းတက်ကြွစွာပါ၀င် နိုင်ခဲ့ပါတယ်။ လူရွေးပြီးခေါ်တဲ့ပွဲ တွေ တော်တော်များများမှာလည်း ရွေးချယ်ခံရပြီး တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ မီဒီယာနဲ့ တွေ့ဆုံတာတို့၊ Sponsor ကုမ္ပဏီတွေရဲ့ဖိတ်ကြားမှုတို့မှာ အမြဲတမ်းပါ၀င် ခွင့်ရခဲ့ပါတယ်။ နိုင်ငံတကာက လာရောက်ယှဉ်ပြိုင်တဲ့ အလှမယ်တွေအားလုံးအနက် ဗင်နီဇွဲလား ရယ်၊ ဖိလစ်ပိုင်ရယ်၊ မြန်မာရယ် သုံးဦးကိုပဲ ရွေးချယ်ပြီး Online မှာပရိသတ်နဲ့ တိုက်ရိုက်စကားပြော ခွင့်အစီအစဉ်မှာ ပါ၀င်ခဲ့ရပါ တယ်။ ၂ နှစ်တာကာလအတွင်းရှေ့တန်းကို ရောက်ရှိလာတဲ့ အားထုတ်မှုတွေပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ပရိသတ်တွေက SemiFinalist ဖြစ်တဲ့ Top-16 ထဲကို Volting နဲ့ ၀င်ရောက်နိုင်အောင် အားပေးဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ Miss Universe Orga-nization ရဲ့ အစီအစဉ်က အရင်နှစ်အတိုင်းမဟုတ်ဘဲ National Costume ကို သာ Twitter ကနေမဲပေးခိုင်းပါတယ်။ မြန်မာပရိသတ်တော်တော်များများက Twitter မသုံးကြသေးတာကြောင့် အားနည်းချက်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ Activities တိုင်းမှာ တက်ကြွစွာ ပါ၀င်လှုပ်ရှားနိုင်ခဲ့ တဲ့အပြင် မြန်မာကို ပိုပြီး သတိပြု မိစေခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ မနက် ၄ နာရီ၊ ၅ နာရီလောက်က နေ ည ၁၁ နာရီလောက်အထိ လှုပ်ရှားမှုတွေကို အမြဲတမ်းအ ဆင်သင့်ပုံစံနဲ့ ရှိနေတတ်တာ သူ့ ရဲ့ အားသာချက်ပါပဲ။ လူတိုင်းနဲ့  ချစ်ခင်သင့်မြတ်အောင် ပေါင်း သင်းတတ်ပြီး အလုပ်ကို စိတ်အားထက်သန်စွာ တက်ကြွစွာ ဆောင် ရွက်တတ်တာကလည်း သူ့ရဲ့ အ ခြေခံစိတ်ဓာတ်ကောင်းတစ်ခုပါ။ စခန်းသွင်းကာလအတွင်း အလှ မယ်ကို အနီးကပ်ကြည့်ရှုရတဲ့ ကြီးကြပ်သူတွေ၊ နည်းပြတွေ၊ နည်း ပညာပိုင်းဆိုင်ရာ ပညာရှင်တွေ အစ လုံခြံုရေးဝန်ထမ်းတွေအဆုံး ချစ်ခင်အားပေးမှုတွေ သျှားအနေ နဲ့ ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဖလော်ရီဒါမှာရှိတဲ့ မြန်မာမိသား စုတွေရဲ့ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကူညီတာတွေကလည်း အား ရစရာကောင်းလှပါတယ်။ ၁၉၅၉ က ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မယ် စကြဝဠာ ဒေါ်သန်းသန်းအေး ကိုယ်တိုင် သရဖူလေးဆောင်ပြီး သျှားကို လေဆိပ်မှာ လာကြိုနိုင်အောင် စီစဉ်ပေးတဲ့သူတွေကို လည်း မှတ်တမ်းတင်ကျေးဇူးတင် ရှိရပါတယ်။

မိုင်ယာမီက မယ်စကြဝဠာ

(၆၃) ကြိမ်မြောက် မယ်စကြ ၀ဠာပြိုင်ပွဲကို မိုင်ယာမီကမ်းခြေမှာ ပြုလုပ်ခဲ့ပါတယ်။ မော်စကိုမှာ တုန်းက ကျင်းပတဲ့နေရာ ကျယ် ၀န်းပေမယ့် ဒီနှစ်မှာတော့ လူဦး ရေ ၁,၈၀၀ လောက်ပဲဆံ့တဲ့ ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ Doral ဆိုတဲ့မြို့လေးကို ကမ္ဘာလှည့်ခရီးသည် တွေ ပိုပြီး စိတ်ဝင်တစားလာစေဖို့ ဒီပွဲကြီးကို ကျင်းပတာဖြစ်ပြီး မြို့တော်ဝန်ကိုယ်တိုင်  ပြိုင်ပွဲဝင် အလှမယ်တွေနဲ့ မြို့တွင်းလှည့် လည်မှုတွေ ပြုလုပ်ကြတာတွေ့ရ ပါတယ်။ ပွဲကြည့်လက်မှတ်တွေ ကလည်း နေ့ချင်းဆိုသလို ရောင်းကုန်သွားခဲ့ပြီး ပြိုင်ပွဲခန်းမအတွင်း မှာ မက္ကဆီကန်နဲ့ ကိုလံဘီယာပရိ သတ်တွေဟာ အမေရိကန်ပရိသတ်အင်အားထက် မလျော့တာ ကို တွေ့ရပါတယ်။ တစ်နှစ်ထက် တစ်နှစ်လေ့လာစရာတွေ၊ ပြင်ဆင်စရာတွေကတော့ အများကြီးပါပဲ။ တချို့အလှမယ်တွေဟာ ပစ္စည်းတွေ တစ်ပုံတစ်ပင်ကြီးပါ လာပေမယ့် တချို့ပြိုင်ပွဲဝင်တွေ က ဟိုရောက်မှ ရှာရတာမျိုးလည်း တွေ့ရပါတယ်။

ဖိလစ်ပိုင်ပရိသတ်တွေက တော့ သူတို့အလှမယ်က တစ်ခုခု လိုအပ်တယ်လို့ အွန်လိုင်းစာမျက် နှာမှာ တင်လိုက်တာနဲ့ ချက်ချင်း လာပို့ပေးကြတာ တွေ့ရတယ်လို့ သျှားက ပြောပါတယ်။ မနက်စော စောသွားရမယ့် ပွဲတွေရှိရင် ည တစ်ရေးနိုးကတည်းက မိတ်ကပ် လိမ်းထားပြီး အဆင်သင့်လုပ် ထားတတ်တဲ့အပြင် သူတို့ရဲ့ အ ကောင်းဆုံးပုံစံတွေကိုပဲ ပရိသတ် တွေကို မြင်တွေ့စေတာ သတိပြု မိပါတယ်။

ဒုတိယအကြိမ်မြောက်သွား ပြိုင်တဲ့နှစ်မှာ အထူးခြားဆုံးက တော့ မသွားခင်ကတည်းက မယ်စကြဝဠာအဖွဲ့အစည်းကနေ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုကြောင်း ကမ်း လှမ်းခဲ့တာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲ ပြီးတာနဲ့ နောက်ရက်မှာ အစည်း အဝေးပြုလုပ်ခဲ့ကြပါတယ်။ မြန် မာနိုင်ငံမှာ လက်ခံကျင်းပခဲ့ရင် အင်မတန်လှပတဲ့ ပွဲတစ်ပွဲဖြစ်နိုင် ကြောင်း ပြောဆိုကမ်းလှမ်းချက် ကို မြန်မာနိုင်ငံသို့ သယ်ဆောင် လာခဲ့ပါတယ်။

၂၀၁၅ နဲ့ ၂၀၁၆မယ်စကြဝဠာ မြန်မာ

ဒီနှစ်မှာတော့ မယ်စကြဝဠာ အဖွဲ့အစည်းရဲ့ ပင်မရည်ရွယ် ချက်အတိုင်း တိုင်းဒေသကြီးနဲ့ မြို့ကြီးတွေမှာ ပြုလုပ်နိုင်ဖို့ စတင် ဆောင်ရွက်ခဲ့ပါတယ်။ စစချင်း နှစ်မှာပဲ မြို့ကြီး ၁၃ မြို့မှာ ပြုလုပ် နိုင်ခဲ့ပြီး ကိုယ်စားပြုအလှမယ် တွေလည်း ပေါ်ထွက်လာပါ တယ်။ ကိုယ်စားပြုအလှမယ်တွေ ဖြစ်တဲ့အတွက် နောက်ခံပရိသတ် အင်အားကလည်း မနည်းလှပါ ဘူး။ အပြိုင်အဆိုင်ကို အားပေး ကြပါတယ်။ ပထမဆုံးခြေလှမ်း ဖြစ်ပေမယ့် အကောင်းဆုံးယှဉ် ပြိုင်သွားကြပြီး Top-5 နေရာကို ၆၀ ရာခိုင်နှုန်းလောက် လွှမ်းမိုးနိုင် ခဲ့ပါတယ်။ ရန်ကုန်ပြိုင်ပွဲဝင်တွေ ထဲမှာလည်း တခြားတခြားသော ပြိုင်ပွဲတွေကို လှေကားထစ်သ ဖွယ် ကြိုးစားကျော်ဖြတ်ခဲ့ကြပြီး အမြင့်ဆုံးပန်းတိုင်ကို ရောက်ရှိဖို့ အကောင်းဆုံးပြင်ဆင်ထားကြ တာ တွေ့ရပါတယ်။ လှပမှုပိုင်းမှာတစ်ဦးနဲ့ တစ်ဦးကွာဟချက်မရှိဘဲ  လူကြိုက်များ ရေပန်းစားကြသူ တွေလည်း ပါ၀င်ပါတယ်။ မယ် စကြဝဠာပြိုင်ပွဲကြီးမှာ ၂ နှစ်တာ သွားရောက်ယှဉ်ပြိုင်တဲ့ အတွေ့ အကြံုတွေအရ ပြည်တွင်းပြိုင်ပွဲ ပြီးဆုံးချိန်ရဲ့ နောက်ပိုင်းတာဝန် တွေကို ထမ်းဆောင်နိုင်ဖို့က နိုင်ငံ့ဂုဏ်ဆောင်အလှမယ်တစ် ယောက်အတွက် ပိုပြီးတော့ အရေးကြီးပါတယ်။ လူမှုရေးလှုပ်ရှားမှု တွေ၊ ပရဟိတလုပ်ငန်းတွေမှာ တက်ကြွစွာ ပါ၀င်နိုင်ဖို့ မယ်စကြဝဠာပြိုင်ပွဲကြီးရဲ့ စခန်းသွင်းလေ့ ကျင့်ချိန်တွေမှာ သေချာလိုက်နာ နိုင်ပြီး ကိုယ့်နိုင်ငံအပေါ် အထင် မသေးစေဖို့၊ ကွာခြားသွားတဲ့ အောင်မြင်မှုဒဏ်ကို ခံနိုင်ရည်ရှိဖို့၊အခြေခံဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ကောင်းမွန်ဖို့၊ ကိုယ် ကျင့်တရားကောင်းမွန်စွာ ထိန်း သိမ်းဖို့၊ အလှမယ်တစ်ယောက်နဲ့ လိုက်လျောညီထွေစွာ နေထိုင် ပြောဆိုဆက်ဆံတတ်စေဖို့၊ ကိုယ် နှုတ်အမူအရာယဉ်ကျေးသိမ်မွေ့ ဖို့၊ လုပ်ငန်းတာဝန်တွေကို မညည်းမညူဆောင်ရွက်လိုတဲ့ စိတ်အား ထက်သန်မှုရှိဖို့၊ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တတ်စေဖို့ ဆိုတာတွေက လှပမှုတစ်ခုတည်း၊ ဓာတ်ပုံလေးတစ်ပုံတည်းကို ကြည့်ပြီး ဆုံးဖြတ်လို့မရနိုင်ဘူးဆို တာ တော်တော်များများက နား လည်လက်ခံထားကြပါတယ်။

ဒီနှစ်မှာလည်း မြန်မာနိုင်ငံ ရဲ့ ရေဘေးသင့်အခြေအနေတွေ၊ ရွေးကောက်ပွဲအခြေအနေတွေ ကြောင့် ကုမ္ပဏီကြီးတွေက အသုံးစရိတ်တွေ လျှော့ချပြီး ထိန်းကွပ် နေကြတာဖြစ်လို့ မယ်စကြဝဠာ အဖွဲ့အစည်းက ကိုယ်အင်ကိုယ့် အားနဲ့ စိုက်ထုတ်ကြိုးစားခဲ့ကြပါ တယ်။ အရင်နှစ်တွေထက် တင်ပြ ပုံ၊ အရည်အသွေးတွေ မလျော့ အောင် အားပေးတဲ့ ပရိသတ်ကို လည်း ဖျော်ဖြေရာရောက်အောင် အဖွဲ့သားတွေအားလုံး ကြိုးစားခဲ့ ကြပါတယ်။ ပရိသတ်ကို တင် ဆက်ချင်တာလေးတွေကို အဓိ ပ္ပာယ်ဖော်စဉ်းစားကြပါတယ်။ ပညာရှင်အသီးသီးကလည်း ၀ိုင်း ၀န်းကြိုးစားကူညီပေးကြတာ ဖြစ် လို့ လှပခမ်းနားတဲ့ ပြိုင်ပွဲကြီးကို တတိယအကြိမ်မြောက်အောင် မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။

လေ့လာမိသလောက်မယ်စကြဝဠာ

မိုးစက်နဲ့ သျှားသွားပြိုင်ခဲ့ ကြတဲ့ ၂ နှစ်တာကာလအတွေ့ အကြံုအရ ပြိုင်ပွဲမှာ ဆုကြီးရရှိသူ တွေဟာ တစ်နှစ်၊ ၂ နှစ်အတွင်း ဒီအောင်မြင်မှုကို ရရှိလာကြတာ မဟုတ်ဘူးဆိုတာ တွေ့ရပါ တယ်။ ဆယ်ကျော်သက်အရွယ် ကတည်းက ဒီပြိုင်ပွဲ ဝင်ပြိုင်နိုင်ဖို့ စနစ်တကျလေ့ကျင့်ထားကြတာ ပါ။ လိုအပ်တဲ့အရာတွေအတွက် ကြိုတင်ပြင်ဆင်ထားကြပါတယ်။ အလှအပနဲ့ ခန္ဓာကိုယ်အချိုးအ စားတွေကိုလည်း ပြုပြင်ထားကြ တာကို တွေ့ရပါတယ်။ မြန်မာ နိုင်ငံကိုယ်စားပြု အလှမယ်လေး တွေအနေနဲ့ သဘာဝအလှဖြင့် သာ သွားရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်ပါတယ်။

အထူးသဖြင့် ကိုယ်စားပြု အလှမယ်တစ်ယောက်အနေနဲ့ ကိုယ့်ခေါင်းပေါ် ဆောင်းခွင့်ရတဲ့ သရဖူဟာ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ခွင့်ရတာပဲ ဖြစ်ပါ တယ်။ ပြိုင်ပွဲ နောက်ပိုင်းကိစ္စရပ် တွေ တာဝန်တွေက ပိုအရေးကြီး ပါတယ်။ သူဟာ ပြိုင်ပွဲသွား ရောက်ယှဉ်ပြိုင်စဉ်ကာလအတွင်း ကိုယ့်နိုင်ငံရဲ့ ကောင်းသတင်းတွေ ကို သယ်ဆောင်သွားရမှာဖြစ်ပြီး လိုက်လျောညီထွေနေထိုင်ပြော ဆိုနိုင်ဖိို့ အရေးကြီးပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားမှုကို ထုတ်ဖော်ပြသဖို့နဲ့ ကိုယ်နှုတ်အမူအရာပျူငှာပြီး အ များကိုလေးလေးစားစား ဆက်ဆံ ဖို့လိုတဲ့အပြင် ပေးအပ်လာတဲ့ အ လုပ်တွေကို အချိန်မရွေး တက် ကြွစွာ ထမ်းဆောင်နိုင်ရမှာ ဖြစ်ပါတယ်။ အပြုသဘောဆောင်ပြီး သဘောထားကြီးရမှာဖြစ်သလို အခြေခံထက် မြင့်မားတဲ့ဉာဏ် ရည်ဉာဏ်သွေးရှိမှသာ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေမှာ ပဲ ဖြစ်ပါတယ်။ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးပုံစံနဲ့ နေထိုင်ပြီး ပြီးဆုံးအောင် ယှဉ်ပြိုင်နိုင်ဖို့က အဓိကအကျဆုံးပါ။

တခြားနိုင်ငံတွေကဆို ကိုယ့် နိုင်ငံက လာပြိုင်တဲ့ ဘယ်သူ့ကို မဆို အားတက်သရောအားပေး ကြတဲ့ မျိုးချစ်စိတ်ကို တွေ့ရပါ တယ်။ သူတို့မကြိုက်တာကို တခြားနိုင်ငံကသူတွေ အသိမခံပါ ဘူး။ အချင်းချင်းညီညွတ်ကြတာ တွေ့ရလို့ အင်မတန်အားကျမိပါ တယ်။

ဒီပြိုင်ပွဲဟာ ကမ္ဘာ့ပထမအ ဆင့် အလှမယ်ပြိုင်ပွဲဖြစ်တာ ကြောင့် ဆုရဖို့ကလည်း အင် မတန်ခက်ခဲပါတယ်။ Title Awardကလည်း သုံးခုလောက်ပဲပါတာ ဖြစ်လို့ ပြိုင်ပွဲဝင် အယောက် ၉၀ လောက်ထဲမှာ ရဖို့ဆိုတာ မလွယ် လှပါဘူး။ အင်္ဂလန်နိုင်ငံတောင် မယ်စကြဝဠာ သရဖူမရဖူးသေး ပါဘူး။ အမေရိကန်နိုင်ငံက သရ ဖူအများဆုံးရရှိထားတာဖြစ်ပြီး (၈)ကြိမ်ပဲရထားတာကြောင့် အ ခွင့်အရေး ၁၂ ရာခိုင်နှုန်းလောက် ပဲရှိတယ်လို့ ပြောနိုင်ပါတယ်။ မယ်စကြဝဠာ မြန်မာအဖွဲ့အ စည်းဟာ ၁၀၀ ရာခိုင်နှုန်း ပုဂ္ဂလိ ကပိုင် အဖွဲ့အစည်းအဖြစ် ရပ် တည်လျက်ရှိပြီး ဘယ်လိုပဲဖြစ် ဖြစ် ကမ္ဘာ့စင်မြင့်ပေါ်မှာ မြန်မာ ဆိုတာ မြင်တွေ့ခွင့်ရနိုင်ဖို့ တစ် နှစ်ထက်တစ်နှစ် ရလဒ်ကောင်း တွေ ပိုင်ဆိုင်နိုင်ဖို့ ဆက်လက်ကြိုး စားသွားမှာပဲ ဖြစ်ပါတယ်။
http://7daydaily.com/story/49849

No comments:

Post a Comment