CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, October 6, 2015
တောင်ကယ်ရိုလိုင်းနားရေကြီးမှု ၁၁ ဦးသေဆုံး
(ရိုက်တာ)
Myanmaalinn
.........................................
အနောက်ကိုလံဘီယာ အောက်တိုဘာ ၆
တောင်ကယ်ရိုလိုင်းနားတွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ရေကြီးမှုဖြစ်ရာမှ လူ ၁၁ ဦးသေဆုံးပြီး လမ်းနှင့်တံတား ၅၅ဝ ခန့် ပိတ်ထားရကြောင်း၊ ရာပေါင်း များစွာသော ဒေသခံပြည်သူများမှာ နေအိမ်များနှင့် ကားများအတွင်း ပိတ်မိနေကြကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားသည်။
ပြည်နယ်မြို့တော ် ကိုလံဘီယာအပါအဝင် ဒေသ တွင်း စံချိန်တင်မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် ဒေသခံများအား သတိပေးမှုများပြုလုပ်ထားရကြောင်း အုပ်ချုပ်ရေးမှူး နစ်ကီဟာလီက ပြောသည်။
''ဒီရေကြီးမှုက မပြီးသေးပါဘူး။ ရေကြီးရေလျှံမှုတွေက ဖြစ်နေဆဲပါ''ဟု ၄င်းက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။ သမ္မတအိုဘားမားက တောင်ကယ်ရိုလိုင်းနားကို သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသအဖြစ် ကြေညာ လိုက်ပြီး ရန်ပုံငွေထောက်ပံ့ပေးမည်ဟု ဆိုသည်။ တောင်ကယ်ရိုလိုင်း နားတွင် လွန်ခဲ့သော သုံးရက်ခန့်က မိုးရေချိန်နှစ်ပေကျော် ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမူ များဖြစ်ပွားခဲ့သည်။
(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ကယ်ရိုလိုင်းနားရေကြီးမှု ၁၁ ဦးသေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 06, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment