Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 27, 2015

Sex အကြောင်း မက်ဆေ့ဂ်ျ အပြန်အလှန်ပေးပို့ခြင်းဟာ အချစ်ရေး မှာ ပိုမို စိတ်ကျေနပ်မှု ရစေနိုင်



Sexting ဆိုတာကို လေ့လာမှုမှာပါဝင်တဲ့ သုတေသီတွေက အဓိပ္ပာယ်ဖွင့်ဆိုထားတာကတော့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများ (သို့) ဆက်စပ်အကြောင်းအရာများကို မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် စာသားမက်ဆေ့ဂ်ျ အဖြစ်ပေးပို့ခြင်း ၊ လက်ခံရရှိခြင်းတို့ကို ဆိုလိုတာဖြစ်ပါတယ်။

သုတေသီတွေဟာ အမေရိက မှာရှိတဲ့ အသက် ၁၈ နှစ်ကနေ အသက် ၈၂ နှစ်ကြားရှိတဲ့ လူဦးရေ ၈၇၀ ယောက်ကို စစ်တမ်းကောက်ယူခဲ့ကြပါတယ်။ ထို လူဦးရေ ရဲ့ ထက်ဝက်ခန့်ဟာ အမျိုးသမီးတွေဖြစ်ကြပြီး ၂၆ ရာခိုင်နှုန်းကတော့ တစ်ကိုယ်တည်း သမား(Single) တွေ ဖြစ်ကြပါတယ်။

သုတေသီတွေဟာ ထို အစစ်ဆေးခံခဲ့သူတွေကို Sexting အမူအကျင့်တွေတင်မကပဲ သူတို့ရဲ့ လှုပ်ရှားမှု ၊ အချစ်ရေး နဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေကိုပါ မေးမြန်းပြီး စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

ထို အစစ်ဆေးခံသူ ၈၈ ရာခိုင်နှုန်းဟာ တစ်ခါတစ်လေ မှ သာ Sexting ပြုလုပ်ကြပြီး ၈၂ ရာခိုင်နှုန်းကတော့ မနှစ်က Sexting ပြုလုပ်ခဲ့ဖူးတယ်လို့ ဆိုထားကြပါတယ်။ ၇၅ ရာခိုင်နှုန်းကတော့ Sexting ဟာ ကျူးကျူးလွန်လွန်ဖြစ်တဲ့ အချစ်ရေးမှာ အရေးပါနေတယ်လို့ ဆိုကြပြီး ၄၃ ရာခိုင်နှုန်းကတော့ Sexting ဆိုတဲ့ သာမန် အချစ်ရေးတွေမှာ ရှိသင့်တဲ့အရာ လို့ပဲ ဆိုထားပါတယ်။

အချစ်ရေးတွေတိုင်းမှာ Sexting လုပ်ဆောင်မှု မြင့်မားလာတာနဲ့ အမျှ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု လည်း ပိုမို ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် အစမ်းသပ်ခံခဲ့ကြသူတွေထဲမှာ Sexting လုပ်ဆောင်ခဲ့ကြတဲ့ စုံတွဲတွေဟာ ပိုမို ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ကြပြီး အချစ်ရေး တစ်ခုရဲ့ မျှော်လင့်ထားတဲ့ အခြေအနေတွေ ကို ရရှိနိုင်တယ်လို့ ဆိုကြပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Medical News Today

No comments:

Post a Comment