Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 23, 2015


ယခုနှစ်အတွင်းမှာ Selfie ရိုက်ကူးရင်း တာ့ခ်ျမဟာ အဆောက်အဦးပေါ်က ပြုတ်ကျသေဆုံးရသူ၊ တံတားပေါ်ကပြုတ်ကျသူတွေ ၊ အမိုက်စား selfie ရိုက်ဖို့ ကြိုးစားရင်း ဓာတ်လိုက်သေဆုံးရသူတွေ တပုံတပင် ရှိခဲ့ပါတယ်။



TrendMyanmar
..............................................
ယခုနှစ်အတွင်း ကမ္ဘာအနှံ ့မှာ ငါးမန်းကိုက်မှုကြောင့် သေဆုံးသူထက် Selfie တွေကြောင့် သေဆုံးသူ ဦးရေပိုများ

ယခုနှစ်အတွင်းမှာ Selfie ရိုက်ကူးရင်း တာ့ချ်မဟာ အဆောက်အဦးပေါ်က ပြုတ်ကျသေဆုံးရသူ၊ တံတားပေါ်ကပြုတ်ကျသူတွေ ၊ အမိုက်စား selfie ရိုက်ဖို ့ကြိုးစားရင်း ဓာတ်လိုက်သေဆုံးရသူတွေ တပုံတပင် ရှိခဲ့ပါတယ်။

ဓမ္မဓိဌာန်ကျကျ တွက်မယ်ဆိုရင်၊ ကမ္ဘာနဲ ့တစ်လွှားမှာ ယခုနှစ်အတွင်း Selfie နဲ ့ဆက်စပ်သေဆုံးမှုဟာ ငါးမန်းကြောင့်သေဆုံးရသူဦးရေထက် ပိုများတယ်လို ့ဆိုပါတယ်။ တရားဝင် စာရင်းဇယားတွေအရ ကမ္ဘာအနှံ ့မှာ selfie ရိုက်ကူးရင်း အသက်ဆုံးရှုံးရသူ ၁၂ ဦးရှိခဲ့ပြီး ငါးမန်းတိုက်ခိုက်မှုကြောင့်သေဆုံးသူက ရှစ်ဦးသာရှိခဲ့ပါတယ်။

Selfie ရူးသွပ်မှုဟာ အမြင့်ဆုံးအမှတ်ကို ရောက်ရှိနေတာကြောင့် တစ်ချို ့အစိုးရအာဏာပိုင်တွေဟာ Selfie မတော်တဆ အန္တရာယ်ကို လျော့ချဖို ့အတွက် စီမံချက်တွေတောင် ထုတ်ပြန်ခဲ့ရပါတယ်။ရုရှားမှာ သေနတ်ကိုင်ဆောင်ထား တုန်း Selfie ရိုက်ကူးခြင်းလို အန္တရာယ်ရှိတဲ့ အပြုအမူတွေ မလုပ်ကြဖို ့အစိုးရက ပိုစတာကပ်ခဲ့ရပါတယ်။

သိပ်မကြာခင်ကတင် အသက် ၂၁ နှစ်အရွယ်၊ ဆယ်ကျော်သက်တစ်ယောက်ဟာ သေနတ်နဲ ့Selfie ရိုက်ကူးရင်း မိမိကိုယ်ကို မတော်တဆပြန်ပစ်ခတ်မိကာ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။
TrendMyanmar

No comments:

Post a Comment