Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 15, 2015

iPhone 6s နဲ့ 6s Plus တို့ကို ကြိုတင်အော်ဒါ စနစ်နဲ့ ၀ယ်ယူမှု တစ်ပတ်အတွင်း အလုံးရေ ၁၀ သန်းကျော် ရှိ


Apple ကုမ္မဏီ ကနောက်ဆုံး မိတ်ဆက်ကြေညာထားတဲ့ iPhone 6s နဲ့ iPhone 6s Plus တို့ကို စနေနေ့ကပဲ ကြိုတင် အော်ဒါ မှာယူခွင့်ပြုခဲ့ပါတယ်။

အခုတော့ Apple ကုမ္မဏီ က iPhone 6s နဲ့ iPhone 6s Plus တို့ရဲ့ ကြိုတင် အော်ဒါ နဲ့ ၀ယ်ယူမှုဟာ 
အရမ်း အားကောင်းနေပြီး မနှစ်က စံချိန်ကို ကျော်လွန်နိုင်တော့မယ်လို့ မျှော်လင့်နေကြပါတယ်။
 Apple ဟာ တစ်ပတ် အတွင်းမှာတင် iPhone 6s နဲ့ iPhone 6s Plus တို့ကို ကြိုတင်အော်ဒါမှာ စနစ် နဲ့ 
အလုံးရေ ၁၀ သန်း ကျော် ရောင်းချပြီးဖြစ်တယ်လို့ သိရပါတယ်။

ချက်ချင်း တိုက်ရိုက်ဝယ်ယူခွင့်ကတော့ စက်တင်ဘာ ၂၅ ရက်နေ့မှာ စတင် ခွင့်ပြုမှာဖြစ်တယ်လို့လည်း 
သိရပါတယ်။ Apple ရဲ့ iPhone 6s နဲ့ 6s Plus တို့ဟာ မနှစ်ကထုတ်လုပ်ခဲ့တဲ့ iPhone 6 နဲ့ 6 Plus 
တို့ထက် ပိုမိုများပြားတဲ့ RAM ပမာဏ ၊ ပိုမိုမြန်ဆန်တဲ့ Processor နဲ့ 12 Mega-Pixel ရှိတဲ့ ကင်မရာ 
စတဲ့ အစိတ်အပိုင်းတွေ ပိုမို ကောင်းမွန်လာခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီလို အစိတ်အပိုင်းတွေ ပိုမို ကောင်းမွန်သွားတဲ့အတွက်လည်း iPhone 6s နဲ့ 6s Plus တို့ဟာ
 ဈေးမတက်သွားပါဘူး။ ဒါပေမယ့် မနှစ်က စံချိန်တင် ရောင်းချနိုင်ခဲ့တဲ့ iPhone 6 နဲ့ 6 Plus တို့ကတော့ 
အရင်ဈေးနှုန်းထက် ဒေါ်လာ ၁၀၀ သက်သာသွားခဲ့ပါတယ်။

Apple ကုမ္မဏီ ဟာ iPhone တွေကို အရေးပါတဲ့ ထုတ်ကုန် တွေ အဖြစ် အားထားနေရတုန်းပါ။ 
ကယ်လီဖိုးနီးယားနိုင်ငံ အခြေစိုက် ကုမ္မဏီ ရဲ့ ၂၀၁၅ နှစ် တစ်ဝက် ဘဏ္ဍာငွေ ဒေါ်လာ ၁၀၇ ဘီလီယံ ရဲ့ ၃ 
ပုံ ၂ ပုံ ဟာ iPhone ရဲ့ ရောင်းအားပဲ ဖြစ်တယ်လို့ သိရပါတယ်။ အခုလည်း Apple ရဲ့ iPhone 6s နဲ့ 
6s Plus တို့ ထုတ်လုပ်လိုက်မှုဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက် ကို နှေးကွေးသွားစေခဲ့ပြန်ပါတယ်။

အခုလို iPhone 6s နဲ့ 6s Plus တို့ရဲ့ ရောင်းအား ချက်ချင်း တက်လာတာဟာ တရုတ်နိုင်ငံမှာ ပထမဆုံး 
တရားဝင်ရောင်းချခွင့်ရခဲ့တာ ကြောင့်လည်း ဖြစ်တယ်လို့ ဈေးကွက် သုံးသပ်သူတွေကဆိုပါတယ်။ Apple 
ရဲ့ ဈေးကွက်သုံးသပ်သူ တစ်ယောက်ဖြစ်တဲ့ Gene Munste4r ကတော့ တရုတ်နိုင်ငံမှာ ဖုန်းအလုံး ရေ ၂ 
သန်း ခန့် တင်ပို့နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

Apple ဟာ iPhone 6s ၊ 6s Plus တို့နဲ့ အတူ ၁၂.၉ လက်မ ကြီးမားတဲ့ Monster iPad နဲ့ Apple TV Box 
တို့ကိုလည်း ထုတ်လုပ်ထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

No comments:

Post a Comment