Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 23, 2015

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အန္တရာယ်ရှိ နိုင်ငံစာရင်းမှာ မြန်မာထိပ်ကပါဝင်


(Credit: http://www.ushmm.org/)
 အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့က လူမျိုးတုန်းသတ်ဖြတ်မှု မှတ်တမ်းပြတိုက် United States Holocaust Memorial Museum ကနေ တည်ထောင်ထားတဲ့ Simon-Skjodt Center for the Prevention of Genocide အဖွဲ့ဟာ ဒီနေ့ ကမ္ဘာပေါ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားဖို့ အန္တရာယ်ရှိနေတဲ့ နိုင်ငံတွေကို စာရင်းပြုစုပြီး၊ ကြိုတင်သတိပေးတဲ့ Early Warning Project အဖြစ် တနင်္လာနေ့က ထုတ်ပြန်လိုက်ရာမှာ မြန်မာနိုင်ငံကို နိုင်ဂျီးရီးယား၊ ဆူဒန်၊ အာဖဂန်နစ္စတန်နဲ့ တောင်ဆူဒန် စတဲ့ နိုင်ငံတွေရဲ့ အထက်မှာထားပြီး၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ဖို့ ဘေးအန္တရာယ်အရှိဆုံး နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံကို ဘာကြောင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ဖို့ ဘေးအန္တရာယ်အရှိဆုံး နိုင်ငံအဖြစ် သတ်မှတ်တာလဲဆိုတာ Simon-Skjodt Center ရဲ့ ဒါရိုက်တာ Cameron Hudson က ရှင်းပြထားတာကို ကိုရဲခေါင်က တင်ပြပေးပါမယ်။

အတိတ်ကဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ရပ်တွေဖြစ်တဲ့ ဒါဖာ၊ ဘော့စနီးယား၊ ရ၀မ်ဒါနဲ့ ဂျူးလူမျိုးတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတဲ့ Holocaust ဖြစ်ရပ်တွေကို လေ့လာကြည့်မယ်ဆိုရင် အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်မှုတွေ မဖြစ်ခင်မှာ ရှေ့ပြေးလက္ခဏာတွေ ကြိုတင်ဖြစ်ပေါ်ခဲ့တာ တွေ့ရတာကြောင့်၊ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ အခုလို ရှေ့ပြေး လက္ခဏာတွေ ဖြစ်ပေါ်နေတဲ့ နိုင်ငံတွေကို လေ့လာစောင့်ကြည့်ခြင်းအားဖြင့် အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်မှုတွေ ထပ်မဖြစ်တော့အောင် ထိထိရောက်ရောက် တားမြစ်နိုင်မယ်လို့ Simon-Skjodt Center ရဲ့ ဒါရိုက်တာ Cameron Hudson က ပြောပါတယ်။ 

“ကျနော်တို့ ဒီပရောဂျက်က ပြောဖို့ ကြိုးစားနေတာဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ လက်ရှိ ဖြစ်နေတယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ ဘယ်နိုင်ငံတွေမှာ  ကြီးမားတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်လာဖို့ ဘေးအန္တရာယ် ရှိနေသလဲဆိုတာကို အသိပေးတာပါ။ ဒီအထဲမှာ မြန်မာနိုင်ငံက နံပါတ်တစ်အဖြစ် ရှိနေပါတယ်။ ရခိုင်ပြည်နယ်ကို သွားကြည့်မယ်ဆိုရင် ဒုက္ခသည် စခန်းလို နေရာတွေမှာ နေထိုင်နေရတယ်။ ဥပဒေအကြောင်းအရ အသိအမှတ်ပြု မခံရတဲ့အတွက် သူတို့ရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေ ရဖို့ ကန့်သတ်ခံထားရပါတယ်။ ဒါတွေအားလုံးဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ရပ်တွေ မဖြစ်လာခင်မှာ တွေ့ရတတ်တဲ့ ရှေ့ပြေး လက္ခဏာတွေ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်ထဲမှာ ၂၀၁၂ ခုနှစ်က ဇွန်လနဲ့ အောက်တိုဘာလတွေမှာ မူဆလင် ရိုဟင်ဂျာတွေနဲ့ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားတွေ အကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် အသိုင်းအ၀ိုင်း နှစ်ဘက်စလုံးမှာ သေဆုံးသူတွေရှိခဲ့ပြီး၊ အစိုးရက အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရပါတယ်။ ရခိုင်တိုင်းရင်းသားတွေဘက်မှာလည်း ကျေးရွာတွေ ဖျက်ဆီးခံရမှုနဲ့ ရွှေ့ပြောင်းနေထိုင်ခဲ့ရမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီပြဿနာဟာ တဘက်သတ်ကျူးလွန်မှု သတ်ဖြတ်မှုတွေ မဟုတ်ဘဲ လူ့အသိုင်းအ၀ိုင်းနှစ်ခုကြား အပြန်အလှန် ဖြစ်ပွားတဲ့ ပဋိပက္ခတခုအဖြစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သုံးသပ်သူအချို့လည်း ရှိပါတယ်။

မစ္စတာ Cameron Hudson ကတော့ မြန်မာနိုင်ငံက အစွန်းရောက် သံဃာတော်တွေက အမုန်းတရားပါတဲ့ ပြောဆိုရေးသားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတာဟာလည်း စိုးရိမ်စရာကောင်းတဲ့ ရှေ့ပြေးလက္ခဏာ တခုဖြစ်တယ်လို့ ဆိုပါတယ်။

“အမုန်းတရားပါတဲ့ ပြောဆိုရေးသားမှုတွေ၊ နှိမ်ချရေးသားမှုတွေကို  သြဇာအာဏာရှိတဲ့ ဘုန်းတော်ကြီးတွေ ကိုယ်တိုင်က နိုင်ငံပိုင် မီဒီယာတွေမှာ ဖြန့်ချိနေကြတာဟာ အန္တရာယ်ကြီးပါတယ်။ စိုးရိမ်စရာကောင်းတဲ့ ရှေ့ပြေးလက္ခဏာ တခုလည်းဖြစ်ပါတယ်။ ရိုဟင်ဂျာလူနည်းစုတွေကို တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေမှာလည်း တိုက်ခိုက်သူတွေကို အပြစ်ပေးမခံရဘဲ ရှိနေပါတယ်။ ဒီဖြစ်ရပ်တွေအားလုံးဟာ ဒီလူနည်းစုကို တိုက်ခိုက်တာတို့ ဖိနှိပ်တာတို့ကို လုပ်လို့ရတယ်လို့ ယူဆတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာအောင် ဖန်တီးပေးနေတာ ဖြစ်ပါတယ်။” 

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားဖို့ အလားအလာရှိတဲ့ နိုင်ငံတွေကို အဆင့်သတ်မှတ်ရာမှာ ဘယ်လို နည်းလမ်းတွေကို အသုံးပြုပြီး လေ့လာသုံးသပ်တယ် ဆိုတာကိုလည်း သူက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့အသုံးပြုတဲ့ နည်းစနစ်ကတော့  အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဘာကြောင့် စတင် ဖြစ်ပေါ်ရတယ်ဆိုတာ ရှင်းပြထားတဲ့ သီအိုရီ သုံးခုကို အသုံးပြုပါတယ်။ ဒီသီအိုရီတွေဟာ လူမှုရေး သိပ္ပံ ပညာရှင်တွေနဲ့ သုတေသီတွေက ဖန်တီးထားတဲ့ ပညာရပ်ဆိုင်ရာ သီအိုရီနဲ့ ကိန်းဂဏန်း အချက်အလက်တွေကို အခြေခံပြီး ဒီလို သတ်ဖြတ်မှုတွေ ဘာကြောင့် ဖြစ်လာရသလဲဆိုတာကို ရှင်းပြထားတဲ့ စံနမူနာ ပုံစံတွေကို သုံးပါတယ်။ ကျနော်တို့က ဒီသီအိုရီ သုံးခုစလုံးကို ပေါင်းစည်းပြီး မော်ဒယ်တခု ဖန်တီးလိုက်ပါတယ်။  ဒီမော်ဒယ်ကို အခြေခံပြီး ကြိုတင်ခန့်မှန်းချက် သုံးခုကို ဖန်တီးတွက်ချက်ပါတယ်။ အဲဒီကြိုတင်ခန့်မှန်းချက် ရလဒ် သုံးခုကို ပျမ်းမျှခြင်းယူပြီး တခုတည်းသော အဆင့်တခုကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။  ဒါဟာ ကိန်းဂဏန်းကို အခြေခံပြီး ကြိုတင်ခန့်မှန်းချက် ထုတ်တဲ့ နည်းလမ်းဖြစ်ပြီး၊ ဒီကနေ ရာသီဥတု ခန့်မှန်းတာလို ကိစ္စတွေ အပါအ၀င် နေရာအတော်များများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ နည်းစနစ်လည်း ဖြစ်ပါတယ်။”

ခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ဖို့ ဘေးအန္တရာယ်အရှိဆုံး နိုင်ငံတွေကို စာရင်းပြုစု ဖော်ထုတ်ရာမှာ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်မှုကို စုပေါင်းထားတဲ့ Expert Opinion Pool ဆိုတဲ့ အပိုင်းလည်း ပါဝင်နေပါတယ်။ ဒီအပိုင်းမှာ ပါဝင်သုံးသပ်ထားတဲ့ ကျွမ်းကျင်သူတွေရဲ့ ဘက်လိုက်မှုမရှိအောင် ဘယ်လို လုပ်ထားတယ်ဆိုတာကိုလည်း သူက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ရဲ့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အပိုင်းမှာ ရာပေါင်းများစွာသော ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို ထည့်သွင်း အသုံးပြုထားပါတယ်။ ဒီလို အရေအတွက် များပြားတဲ့ ကျွမ်းကျင်သူတွေကို ပါဝင်စေပြီး၊ သူတို့ရဲ့သုံးသပ်ထားတဲ့ အမှတ်တွေကို ပျမ်းမျှခြင်း ယူပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်ကို ဘက်လိုက်မှု အနည်းဆုံးဖြစ်အောင် ကန့်သတ်ပေးပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားဖို့ ဘေးအန္တရာယ် ရှိနေတာဟာ လူနည်းစုဖြစ်တဲ့ အစွန်းရောက် သံဃာတော်တွေကြောင့်တင် မဟုတ်ဘဲ၊ အစိုးရနဲ့လည်း ဆိုင်တယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံ အစိုးရနဲ့ ဗုဒ္ဓဘာသာဝင် လူများစုကတော့ ရိုဟင်ဂျာတွေကို တိုင်းရင်းသား လူမျိုးစုတခုအဖြစ် အသိအမှတ်မပြုဘဲ၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရောက်လာတဲ့ ဘင်္ဂါလီတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကိုရဲခေါင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
...............................


(Credit: http://www.ushmm.org/)
 အေမရိကန်နိုင်ငံ ၀ါရွင္တန္ဒီစီမြို့က လူမိုးတုန်းသတ်ျဖတ္မှု မွတ္တမ်ျးပတိုက် United States Holocaust Memorial Museum ကေန တည်ထောင္ထားတဲ့ Simon-Skjodt Center for the Prevention of Genocide အဖြဲ့ဟာ ဒီနေ့ ကမ္ဘာပေါ်မွာ အစုလိုက်အပြုံလိုက် သတ်ျဖတ္မှုတျြေဖစ္ပြားဖို့ အန္တရာယ်ရွိနေတဲ့ နိုင်ငံတြေကို စာရင်ျးပုစုပြီး၊ ကြိုတင်သတိပေးတဲ့ Early Warning Project အျဖစ် တနင်္လာနေ့က ထုတ်ျပန္လိုက်ရာမျွာမန္မာနိုင်ငံကို နိုင္ဂ်ီးရီးယား၊ ဆူဒန်၊ အာဖဂန္နစ္စတန္နဲ့ တောင္ဆူဒန် စတဲ့ နိုင်ငံတြေရဲ့ အထက္မွာထားပြီး၊ အစုလိုက် အပြုံလိုက် သတ်ျဖတ္မှုတျြေဖစ္ဖို့ ဘေးအန္တရာယ်အရွိဆုံး နံပါတ် ၁ နိုင်ငံအျဖစ် သတ္မွတ္ထားပါတယ်။ျမန္မာနိုင်ငံကို ဘာကြောင့် အစုလိုက် အပြုံလိုက် သတ်ျဖတ္မှုတျြေဖစ္ဖို့ ဘေးအန္တရာယ်အရွိဆုံး နိုင်ငံအျဖစ် သတ္မွတ္တာလဲဆိုတာ Simon-Skjodt Center ရဲ့ ဒါရိုက္တာ Cameron Hudson က ရွင်ျးပထားတာကို ကိုရဲခေါင္က တင်ျပေပးပါမယ်။

အတိတ္ကျဖစ္ပြားခဲ့တဲ့ လူမိုးတုန်းသတ်ျဖတ္မျှုဖစ်ရပ်တျြေဖစ္တဲ့ ဒါဖာ၊ ဘော့စနီးယား၊ ရ၀မ္ဒါနဲ့ ဂ်ူးလူမိုးတြေ လူမိုးတုန်းသတ်ျဖတ္ခံခဲ့ရတဲ့ Holocaustျဖစ်ရပ်တြေကို လေ့လာကြည့်မယ္ဆိုရင် အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ျဖတ္မှုတြေ မျဖစ္ခင္မွာ ရွေ့ျေပးလက္ခဏာတြေ ကြိုတင်ျဖစ်ပေါ်ခဲ့တာ တြေ့ရတာကြောင့်၊ ကမ္ဘာ့ နိုင်ငံအသီးသီးမွာ အခုလို ရွေ့ျေပး လက္ခဏာတျြေဖစ်ပေါ်နေတဲ့ နိုင်ငံတြေကို လေ့လာစောင့်ကြည့်ျခင်းအာျးဖင့် အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ျဖတ္မှုတြေ ထပ္မျဖစ်တော့အောင် ထိထိရောက်ရောက် တာျးမစ်နိုင္မယ္လို့ Simon-Skjodt Center ရဲ့ ဒါရိုက္တာ Cameron Hudson ကျေပာပါတယ်။

“က်န္တောို့ ဒီပေရာဂ်က္ကျေပာဖို့ ကြိုးစားနေတာဟာ လူမိုးတုန်း သတ်ျဖတ္မှုတြေ လက်ရျွိဖစ်နေတယ္ဆိုတဲ့ သေဘာမဟုတ္ပါဘူး။ ဘယ်နိုင်ငံတြေမွာ  ကြီးမားတဲ့ အစုလိုက် အပြုံလိုက် သတ်ျဖတ္မှုတျြေဖစ္လာဖို့ ဘေးအန္တရာယ် ရွိနေသလဲဆိုတာကို အသိပေးတာပါ။ ဒီအထဲမျွာမန္မာနိုင်ငံက နံပါတ္တစ်အျဖစ် ရွိနေပါတယ်။ ရခိုင်ျပည္နယ္ကို သြားကြည့်မယ္ဆိုရင် ဒုက္ခသည် စခန်းလို နေရာတြေမွာ နေထိုင်နေရတယ်။ ဥပေဒအေကြာင်းအရ အသိအမွတ်ျပု မခံရတဲ့အတြက် သူတို့ရဲ့ လြတ္လပ္ခြင့်နဲ့ အခြင့်အေရးတြေ ရဖို့ ကန့်သတ္ခံထားရပါတယ်။ ဒါတြေအားလုံးဟာ လူမိုးတုန်း သတ်ျဖတ္မျှုဖစ်ရပ်တြေ မျဖစ္လာခင္မွာ တြေ့ရတတ္တဲ့ ရွေ့ျေပး လက္ခဏာတျြေဖစ္ပါတယ်။”

ျမန္မာနိုင်ငံရဲ့ အေနာက္ဘက်ျခမ်း ရခိုင်ျပည္နယ္ထဲမွာ ၂၀၁၂ ခုနွစ္က ဇြန္လနဲ့ အောက္တိုဘာလေတြမွာ မူဆလင် ရိုဟင္ဂ်ာတြေနဲ့ ဗုဒ္ဓဘာသာ ရခိုင္တိုင်းရင်းသားတြေ အကြား ပဋိပက္ခတျြေဖစ္ပြားခဲ့တာကြောင့် အသိုင်းအ၀ိုင်း နွစ္ဘက္စလုံးမွာ သေဆုံးသူတြေရွိခဲ့ပြီး၊ အစိုးရက အေရးပေါ် အျေခအေန ထုတ်ျပန္ခဲ့ရပါတယ်။ ရခိုင္တိုင်းရင်းသားတြေဘက္မွာလည်း ကေ်းရြာတြေ ဖ်က္ဆီးခံရမှုနဲ့ ရွှေ့ျေပာင်းနေထိုင္ခဲ့ရမှုတြေ ရွိခဲ့ပါတယ်။ ဒါကြောင့် ဒျီပဿနာဟာ တဘက်သတ္က်ူးလြန္မှု သတ်ျဖတ္မှုတြေ မဟုတ္ဘဲ လူ့အသိုင်းအ၀ိုင်းနွစ္ခုကြား အျပန်အလွန်ျဖစ္ပြားတဲ့ ပဋိပက္ခတခုအျဖစ် ငြိမ်းခ်မ်းရေး နိုဘဲလ္ဆုရွင် ဒေါ်အောင္ဆန်းစုကြည် အပါအ၀င် သုံးသပ်သူအခို့လည်း ရွိပါတယ်။

မစ္စတာ Cameron Hudson ကေတျာ့မန္မာနိုင်ငံက အစြန်းရောက် သံဃာတော်တြေက အမုန်းတရားပါတဲ့ျေပာဆိုရေးသားမှုတြေ က်ယ္က်ယ်ျပန့်ျပန့် လုပ်နေကြတာဟာလည်း စိုးရိမ္စရာကောင်းတဲ့ ရွေ့ျေပးလက္ခဏာ တချုဖစ္တယ္လို့ ဆိုပါတယ်။

“အမုန်းတရားပါတဲ့ျေပာဆိုရေးသားမှုတြေ၊ နွိမ္ခ်ရေးသားမှုတြေကို  သြဇာအာဏာရွိတဲ့ ဘုန်းတော်ကြီးတြေ ကိုယ္တိုင္က နိုင်ငံပိုင် မီဒီယာတြေမျွာဖန့်ခိနေကြတာဟာ အန္တရာယ်ကြီးပါတယ်။ စိုးရိမ္စရာကောင်းတဲ့ ရွေ့ျေပးလက္ခဏာ တခုလည်ျးဖစ္ပါတယ်။ ရိုဟင္ဂ်ာလူနည်းစုတြေကို တိုက္ခိုက္တျဲ့ဖစ္စဉ်တြေမွာလည်း တိုက္ခိုက်သူတြေကို အျပစ်ပေးမခံရဘဲ ရွိနေပါတယ်။ ဒျီဖစ်ရပ်တြေအားလုံးဟာ ဒီလူနည်းစုကို တိုက္ခိုက္တာတို့ ဖိနွိပ္တာတို့ကို လုပ္လို့ရတယ္လို့ ယူဆတဲ့ ပတ်ဝန်းက်င္တချုဖစ္လာအောင် ဖန္တီးပေးနေတျာဖစ္ပါတယ်။”

အစုလိုက် အပြုံလိုက် သတ်ျဖတ္မှုတျြေဖစ္ပြားဖို့ အလားအလာရွိတဲ့ နိုင်ငံတြေကို အဆင့်သတ္မွတ်ရာမွာ ဘယ္လို နည်းလမ်းတြေကို အသုံျးပုပြီး လေ့လာသုံးသပ္တယ် ဆိုတာကိုလည်း သူက အခုလို ရွင်ျးပပါတယ်။

“က်န္တောို့အသုံျးပုတဲ့ နည်းစနစ္ကေတာ့  အစုအလိုက်အပြုံလိုက် သတ်ျဖတ္မှုတြေ ဘာကြောင့် စတင်ျဖစ်ပေါ်ရတယ္ဆိုတာ ရွင်ျးပထားတဲ့ သီအိုရီ သုံးခုကို အသုံျးပုပါတယ်။ ဒီသီအိုရီတြေဟာ လူမှုရေး သိပ္ပံ ပညာရွင်တြေနဲ့ သုတေသီတြေက ဖန္တီးထားတဲ့ ပညာရပ္ဆိုင်ရာ သီအိုရီနဲ့ ကိန်းဂဏန်း အခ်က်အလက်တြေကို အျေခခံပြီး ဒီလို သတ်ျဖတ္မှုတြေ ဘာကြောင့်ျဖစ္လာရသလဲဆိုတာကို ရွင်ျးပထားတဲ့ စံနမူနာ ပုံစံတြေကို သုံးပါတယ်။ က်န္တောို့က ဒီသီအိုရီ သုံးခုစလုံးကို ပေါင်းစည်းပြီး မ္ဒောယ္တခု ဖန္တီးလိုက္ပါတယ်။  ဒီမ္ဒောယ္ကို အျေခခံပြီး ကြိုတင္ခန့်မွန်းခ်က် သုံးခုကို ဖန္တီးတြက္ခ်က္ပါတယ်။ အဲဒီကြိုတင္ခန့်မွန်းခ်က် ရလဒ် သုံးခုကို ပ်မ်းမွ်ျခင်းယူပြီး တခုတည်းသော အဆင့်တခုကို ဖန္တီးလိုက္တျာဖစ္ပါတယ်။  ဒါဟာ ကိန်းဂဏန်းကို အျေခခံပြီး ကြိုတင္ခန့်မွန်းခ်က် ထုတ္တဲ့ နည်းလမ်ျးဖစ်ပြီး၊ ဒီကေန ရာသီဥတု ခန့်မွန်းတာလို ကိစ္စတြေ အပါအ၀င် နေရာအေတ္မာ်ားမ်ားမွာ တြင္တြင္က်ယ္က်ယ် အသုံျးပုနေကြတဲ့ နည်းစနစ္လည်ျးဖစ္ပါတယ်။”

ခုလို အစုလိုက် အပြုံလိုက် သတ်ျဖတ္မှုတျြေဖစ္ဖို့ ဘေးအန္တရာယ်အရွိဆုံး နိုင်ငံတြေကို စာရင်ျးပုစု ဖ္ထောုတ်ရာမွာ ကျမြ်းက်င်သူတြေရဲ့ သုံးသပ္မှုကို စုပေါင်းထားတဲ့ Expert Opinion Pool ဆိုတဲ့ အပိုင်းလည်း ပါဝင်နေပါတယ်။ ဒီအပိုင်းမွာ ပါဝင်သုံးသပ္ထားတဲ့ ကျမြ်းက်င်သူတြေရဲ့ ဘက္လိုက္မှုမရွိအောင် ဘယ္လို လုပ္ထားတယ္ဆိုတာကိုလည်း သူက အခုလို ရွင်ျးပပါတယ်။

“က်န္တောို့ရဲ့ ကျမြ်းက်င်သူတြေရဲ့ သုံးသပ္ခ်က်အပိုင်းမွာ ရာပေါင်းမ်ားစြာသော ကျမြ်းက်င်သူတြေရဲ့ သုံးသပ္ခ်က်တြေကို ထည့်သြင်း အသုံျးပုထားပါတယ်။ ဒီလို အေရအတြက် မ်ာျးပားတဲ့ ကျမြ်းက်င်သူတြေကို ပါဝင်စေပြီး၊ သူတို့ရဲ့သုံးသပ္ထားတဲ့ အမွတ်တြေကို ပ်မ်းမွ်ျခင်း ယူပါတယ်။ ဒီလို လုပ်ျခင်းအာျးဖင့် ကျမြ်းက်င်သူတြေရဲ့ သုံးသပ္ခ်က္ကို ဘက္လိုက္မှု အနည်းဆုံျးဖစ်အောင် ကန့်သတ်ပေးပါတယ်။”

ဒါ့အျပင်ျမန္မာနိုင်ငံမွာ အခုလို အစုလိုက်အပြုံလိုက် သတ်ျဖတ္မှုတျြေဖစ္ပြားဖို့ ဘေးအန္တရာယ် ရွိနေတာဟာ လူနည်းဈုဖစ္တဲ့ အစြန်းရောက် သံဃာတော်တြေကြာင့်တင် မဟုတ္ဘဲ၊ အစိုးရနဲ့လည်း ဆိုင္တယ္လို့ သူကျေပာပါတယ်။ျမန္မာနိုင်ငံ အစိုးရနဲ့ ဗုဒ္ဓဘာသာဝင် လူမ်ားစုကေတာ့ ရိုဟင္ဂ်ာတြေကို တိုင်းရင်းသား လူမိုးစုတခုအျဖစ် အသိအမွတ္မျပုဘဲ၊ အိမ္နီးခ်င်း ဘဂင်္လားဒေ့ရွ် နိုင်ငံက ရောက္လာတဲ့ ဘင်္ဂါလီတြေအျဖစ် သတ္မွတ္ထားတျာဖစ္ပါတယ်။

ကိုရဲခေါင် / ဗြီအိုအေ (ျမန္မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment