Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, September 25, 2015

ေဆာ့ဖ္၀ဲလ္အေျပာင္းအလဲေၾကာင့္ မဲစားရင္းမွားယြင္းဟု ေရြးေကာက္ပြဲေကာ္မရွင္ဥကၠဌ ဦးတင္ေအး ေျပာၾကား


 စက္တင္ဘာလထဲတြင္ ေနာက္ဆံုးထုတ္ျပန္ခဲ့သည့္ မဲစာရင္းတြင္ အမွားအယြင္းမ်ား ထပ္မံပါ၀င္ေနျခင္းသည္ ေရြးေကာက္ပြဲ ေကာ္မရွင္မွတာ၀န္ေပးအပ္ခဲ့သည့္ ေဆာ့ဖ္၀ဲလ္ကုမၸဏီ၏ အမွားေၾကာင့္ျဖစ္သည္ဟု ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးတင္ေအးက စက္တင္ဘာ ၂၅ ေနျပည္ေတာ္တြင္ျပဳလုပ္ေသာ ေရြးေကာက္ပြဲႏွင့္ က်င့္၀တ္ဆိုင္ရာ အစည္းအေ၀း၌ ေျပာၾကားလိုက္သည္။

၎မွ `ကၽြန္ေတာ္တို႔က နည္းပညာပိုင္းမွာ အားနည္းေတာ့ ကုမၸဏီတခုကို မဲစာရင္းျပဳစုဖို႔ အပ္တယ္။ အြန္လိုင္းကေနပါ ၾကည့္လို႔ရႏိုင္သည္အထိ လုပ္ခ်င္လို႔ပါ။ အဲဒီမွာ အရင္က ထုတ္ျပန္တဲ့ မဲစာရင္းက ေဆာ့ဖ္၀ဲလ္ကို မသံုးေတာ့ဘဲ ေဆာ့ဖ္၀ဲလ္ေျပာင္းလိုက္လို႔ အခုလို ျဖစ္ရတာပါ။ အဲဒီလို ေျပာင္းလိုက္တာ ကၽြန္ေတာ္ေတာင္ မသိလိုက္ဘူး`ဟု ေျပာၾကားခဲ့သည္။

ပထမအႀကိမ္ မဲစာရင္း ထုတ္ျပန္မႈတြင္ မွားယြင္းမႈမ်ားရွိခဲ့ကာ မဲစာရင္းမ်ားျပင္ဆင္၍ ထုတ္ျပန္ခဲ့ရာ ေနာက္ဆံုး မဲဆႏၵေပးႏုိင္သည့္စာရင္းအထိ အမွားမကင္းဘဲ ရွိေနခဲ့၍ ေရြးေကာက္ပြဲ ေကာ္မရွင္အား ေ၀ဖန္မႈမ်ား ျမင့္တင္ေနခဲ့သည္။

ယင္းႏွင့္ပတ္သက္၍ ဦးတင္ေအးမွ `မဲဆႏၵရွင္ျပည္သူေတြ မဲေပးခြင့္ ဆံုးရံႈးမႈမရွိေအာင္ စီစဥ္သြားမွာပါ။ ေရြးေကာက္ပြဲနီးတာနဲ႔အမွ် မဲေပးခြင့္ သက္ေသခံလက္မွတ္ေတြ ထုတ္ေပးသြားမွာပါ။ ဥပမာ - ဦးတင္ေအးက ဦးတင္ေအးျဖစ္ေၾကာင္း မွတ္ပံုတင္နဲ႔ ေထာက္ခံရင္ရသလို အလုပ္သမားကတ္၊ ကားေမာင္းလိုင္စင္၊ ေက်ာင္းသားကတ္စတဲ့ သက္ေသခံလက္မွတ္ရွိသူေတြကို မဲေပးခြင့္ရေအာင္ ေဆာင္ရြက္မယ္။ အဲလိုမွ မရေသးရင္ မွတ္ပံုတင္ေပ်ာက္ေနတာတို႔ဆိုရင္ ဦးတင္ေအးကို ေထာက္ခံမယ့္သူ အျခားတေယာက္က ဦးတင္ေအးပါလို႔ ေထာက္ခံရင္ကို ထုတ္ေပးမယ္။ ျပည္သူေတြ မဲေပးခြင့္ ဆံုးရံႈးမွာ မစိုးရိမ္ပါနဲ႔လို႔ ေျပာခ်င္ပါ တယ္`ဟု ေျပာၾကားခဲ့သည္။

ကိုခက္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.............................


 စက်တင်ဘာလထဲတွင် နောက်ဆုံးထုတ်ပြန်ခဲ့သည့် မဲစာရင်းတွင် အမှားအယွင်းများ ထပ်မံပါ၀င်နေခြင်းသည် ရွေးကောက်ပွဲ ကော်မရှင်မှတာဝန်ပေးအပ်ခဲ့သည့် ဆော့ဖ်ဝဲလ်ကုမ္ပဏီ၏ အမှားကြောင့်ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ၂၅ နေပြည်တော်တွင်ပြုလုပ်သော ရွေးကောက်ပွဲနှင့် ကျင့်ဝတ်ဆိုင်ရာ အစည်းအဝေး၌ ပြောကြားလိုက်သည်။

၎င်းမှ `ကျွန်တော်တို့က နည်းပညာပိုင်းမှာ အားနည်းတော့ ကုမ္ပဏီတခုကို မဲစာရင်းပြုစုဖို့ အပ်တယ်။ အွန်လိုင်းကနေပါ ကြည့်လို့ရနိုင်သည်အထိ လုပ်ချင်လို့ပါ။ အဲဒီမှာ အရင်က ထုတ်ပြန်တဲ့ မဲစာရင်းက ဆော့ဖ်ဝဲလ်ကို မသုံးတော့ဘဲ ဆော့ဖ်ဝဲလ်ပြောင်းလိုက်လို့ အခုလို ဖြစ်ရတာပါ။ အဲဒီလို ပြောင်းလိုက်တာ ကျွန်တော်တောင် မသိလိုက်ဘူး`ဟု ပြောကြားခဲ့သည်။

ပထမအကြိမ် မဲစာရင်း ထုတ်ပြန်မှုတွင် မှားယွင်းမှုများရှိခဲ့ကာ မဲစာရင်းများပြင်ဆင်၍ ထုတ်ပြန်ခဲ့ရာ နောက်ဆုံး မဲဆန္ဒပေးနိုင်သည့်စာရင်းအထိ အမှားမကင်းဘဲ ရှိနေခဲ့၍ ရွေးကောက်ပွဲ ကော်မရှင်အား ဝေဖန်မှုများ မြင့်တင်နေခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ဦးတင်အေးမှ `မဲဆန္ဒရှင်ပြည်သူတွေ မဲပေးခွင့် ဆုံးရှုံးမှုမရှိအောင် စီစဉ်သွားမှာပါ။ ရွေးကောက်ပွဲနီးတာနဲ့အမျှ မဲပေးခွင့် သက်သေခံလက်မှတ်တွေ ထုတ်ပေးသွားမှာပါ။ ဥပမာ - ဦးတင်အေးက ဦးတင်အေးဖြစ်ကြောင်း မှတ်ပုံတင်နဲ့ ထောက်ခံရင်ရသလို အလုပ်သမားကတ်၊ ကားမောင်းလိုင်စင်၊ ကျောင်းသားကတ်စတဲ့ သက်သေခံလက်မှတ်ရှိသူတွေကို မဲပေးခွင့်ရအောင် ဆောင်ရွက်မယ်။ အဲလိုမှ မရသေးရင် မှတ်ပုံတင်ပျောက်နေတာတို့ဆိုရင် ဦးတင်အေးကို ထောက်ခံမယ့်သူ အခြားတယောက်က ဦးတင်အေးပါလို့ ထောက်ခံရင်ကို ထုတ်ပေးမယ်။ ပြည်သူတွေ မဲပေးခွင့် ဆုံးရှုံးမှာ မစိုးရိမ်ပါနဲ့လို့ ပြောချင်ပါ တယ်`ဟု ပြောကြားခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment