CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, September 2, 2015
မီးဖွားဖို့ ပြုလုပ်ပေးချိန် ဆယ်လ်ဖီဓာတ်ပုံ ရိုက်ခဲ့တဲ့ ဆရာဝန် အရေးယူခံရ
မလေးရှားနိုင်ငံက ဆရာဝန်မတစ်ဦးဟာ မီးဖွားဖို့ ပြုလုပ်ပေးနေစဉ် မိခင်လောင်းရဲ့ရှေ့မှာ ဆယ်လ်ဖီ ဓာတ်ပုံ ရိုက်ကူးခဲ့တာကြောင့် အရေးယူခြင်း ခံရတော့မယ်လို့ သိရပါတယ်။ ဆရာဝန်မဟာ ကလေးကို အပြင်
ထုတ်ဖို့ ကြိုးစားစဉ် လက်တစ်ဖက်ကို ငြိမ်းချမ်းခြင်း သင်္ကေတပြပြီး ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလို ရိုက်ကူးရာမှာ အခြားဆရာဝန်တွေကို နောက်ခံထားခဲ့တာကြောင့် ဝေဖန်စရာ ဖြစ်လာပါတယ်။
အထူးသဖြင့် လူတစ်ဦး ထားသင့်တဲ့ လေးစားမှု ပျောက်ကွယ်ခဲ့တာကြောင့် ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးခဲ့တဲ့ ဆရာဝန်ကို ပြင်းထန်စွာ အရေးယူသွားဖို့ မလေးရှား ကျန်မာရေး ၀န်ကြီးကိုယ်တိုင် ပြောကြားခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ မလေးရှားနိုင်ငံ၊ ဂျိုဟိုဘာယူ ဆေးရုံမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး ဆေးရုံတာဝန်ရှိသူ တွေကလည်း စုံစမ်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဆေးရုံ တာဝန်ရှိသူတစ်ဦးက “ဆရာဝန်တွေဟာ လူနာတွေအပေါ် တန်ဖိုးထား လေးစားရမှာ ဖြစ်ကြောင်း၊ ယခုလုပ်ရပ်သည် လက်ခံနိုင်စရာ မရှိကြောင်း”ပြောကြားခဲ့ပါတယ်။ ဆရာဝန်ဟာ လူနာတစ်ယောက်အပေါ် လေးစားမူ မရှိတာကြောင့် လူမှုကွန်ရက်မှာလည်း ပြင်းပြင်းထန်ထန် ဝေဖန်နေကြကြောင်း သိရပါတယ်။
ဆယ်လ်ဖီဓာတ်ပုံ အရိုက်ကောင်းတာကြောင့် ဆရာဝန်မဟာ ဒဏ်ငွေသို့မပာုတ် အခြား ပြစ်ဒဏ် တစ်ရပ် ချမှတ်ခံရဖွယ် ရှိကြောင်း သိရပါတယ်။
messenger news journal
မီးဖွားဖို့ ပြုလုပ်ပေးချိန် ဆယ်လ်ဖီဓာတ်ပုံ ရိုက်ခဲ့တဲ့ ဆရာဝန် အရေးယူခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 02, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 02, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment