Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, September 25, 2015

ကခ်င္ျပည္နယ္ ရြာတခ်ိဳ႕မဲဆြယ္ စည္းရံုးတာ မလုပ္ဖို႔ ဟန္႔တား

 ရမည္းသင္းၿမိဳ႕နယ္တြင္ စက္တင္ဘာလ ၁၉ ရက္ေန႔က မဲဆြယ္စည္းရံုးေနသည့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ယာဥ္တန္းကို ေတြ႔ရစဥ္။ Photo: Myo Thant Khaing/ RFA
ကခ်င္ျပည္နယ္ ခ်ီေဖြ၊ ဝိုင္းေမာ္နဲ႔ ေဆာ့ေလာ္ၿမိဳ႕နယ္ေတြက ရြာေတြမွာ မဲဆြယ္ စည္းရံုးတာေတြ မလုပ္ဖို႔ ကခ်င္ျပည္နယ္ အထူးေဒသ (၁ )ေခါင္းေဆာင္ ဦးဇခုန္တိန္႔ယိန္းက တားျမစ္တဲ့စာေတြ ထုတ္ျပန္လိုက္တာဟာ တရားဥပေဒနဲ႔ မညီဘူး လို႔ အဲဒီနယ္ေျမေတြကေန ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ NLD ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ေက်ာ္ဦးက ေျပာလိုက္ပါတယ္။

ခ်ီေဖြ၊ အင္ဂ်န္းယန္နဲ႔ ေဆာ့ေလာ္ၿမိဳ႕နယ္ေတြကို ကိုယ္စားျပဳၿပီး အမ်ိဳးသားလႊတ္ေတာ္ အတြက္ ယွဥ္ၿပိဳင္မယ့္ NLD ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ေက်ာ္ဦးက စာလက္ခံ ရရိွတာနဲ႔ ပတ္သက္ၿပီး ေျပာလိုက္တာျဖစ္ပါတယ္။

"ေလာေလာဆယ္ ျပည္ခိုင္ၿဖိဳးနဲ႔ သူတို႔ပဲအႏိုင္ရရွိဖို႔အတြက္ကို ရည္ရြယ္ထားတဲ့ သေဘာရွိတယ္၊ စစ္ဘုရင္ေတြေပါ့ဗ်ာ၊ အုပ္စိုးတဲ့ေဒသဆိုၿပီး သူတို႔ကယူဆတယ္၊ သူကိုယ္တိုင္ကလႊတ္ေတာ္ကိုယ္စား လွယ္ေလာင္းတစ္ေယာက္ျဖစ္ေနရဲ႕သားနဲ႔ ဒီလိုမ်ိဳးစာထုတ္တယ္ဆိုတာ တရားဥပေဒနဲ႔ အညီမရွိဘူးဆိုတာ က်ေနာ္တို႔ သိေနရတယ္၊ ေလာေလာဆယ္ဗဟိုကိုလည္းတင္ထားၿပီးသြားပါၿပီ၊ က်ေနာ္တို႔သြားတာ လြယ္တဲ့ခရီး မဟုတ္ဘူး၊ လမ္းပန္းဆက္သြယ္ေရးက ပန္ဝါရဲ႕ဟိုဖက္ကိုက်ေတာ့ ႏိုင္ငံေတာ္ရဲ႕ဘက္ဂ်က္နဲ႔ေဆာက္ခဲ့တဲ့ လမ္းေတြ၊ ဟိုဖက္ကိုေတာ့ေကာင္းေအာင္လုပ္ ထားၿပီး၊ ဒီဖက္ကိုက်ေတာ့လူသူမသြားႏိုင္ေအာင္ လမ္းေတြ ကိုဖ်က္ဆီးထားတဲ့ သေဘာရွိတယ္၊ လမ္းကလံုးဝမေကာင္းဘူး၊ က်ေနာ္တို႔ခက္ခက္ခဲခဲ၊ လူေတြေရာ၊ ယာဥ္ေတြေရာ၊ ပစၥည္းေတြေရာ၊ က်ေနာ္တို႔ရွားရွားပါးပါး၊ ခက္ခက္ခဲခဲနဲ႔ က်ေနာ္တို႔ အေရာက္သြားခဲ့တာပါ၊ အခုဒီလိုတုန္႔ျပန္လာတယ္ဆိုေတာ့ က်ေနာ္တို႔ဖက္ကလုပ္သင့္ လုပ္ထိုက္တာ က်ေနာ္တို႔လုပ္သြားမွာပါ"

အန္အယ္လ္ဒီပါတီက အထူးေဒသ (၁) က ၿမိဳ႕နယ္ေတြကို ကုိယ္စားျပဳမယ့္ ကိုယ္စားလွယ္ေလာင္းေတြထံ ၿပီးခဲ့တဲ့ ၂၂ ရက္ေန႔က စာေတြေပးပို႔ လုိက္တာ ျဖစ္ပါတယ္။

အဲဒီ နယ္ေျမဟာ အစိုးရအေျပာင္းအလဲ ျပဳလုပ္ဖို႔အတြက္ ရည္ရြယ္ေဆာင္ရြက္ေနျခင္း မရွိေသးတဲ့ ေဒသျဖစ္ တာေၾကာင့္ မဲဆြယ္စည္းရံုးေရးကို ေနာက္ဆုတ္ၾက ဖို႔ အန္အယ္လ္ဒီပါတီ ကိုယ္စားလွယ္ေလာင္းေတြထံ ေပးပို႔တဲ့ စာမွာ ပါရွိပါတယ္။

ဒါ့အျပင္ အထူးေဒသ ၁ နယ္ေျမျဖစ္တဲ့ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္း ဆဒံုး၊ ကံပိုင္တည္၊ မန္ဝင္း၊ ဒြမ္ဘမ္၊ မန္ေဒါင္၊ ခဝမ္နဲ႔ ရွီေငၚေခ်ာင္းရိုးေဒသက ေက်းရြာေတြ၊ ခ်ီေဖြနဲ႔ ေဆာ့္ေလာ္ၿမိဳ႕နယ္အတြင္းက ေက်းရြာေတြမွာ မဲဆြယ္စည္းရံုးေရးမလုပ္ဖို႔ တားျမစ္တာ ျဖစ္ပါတယ္။

အဲဒီလို ဟန္႔တားတဲ့ စာကို လီဆူအမ်ဳိးသားဖံ႔ြၿဖိဳးတုိးတက္ေရးပါတီနဲ႔ ေလာ္ေဝၚ အမ်ဳိးသား စည္းလံုးညီညြတ္ေရးနဲ႔ ဖံ႔ြၿဖိဳးေရးပါတီထံလည္း ေပးပို႔ထားတယ္လို႔ သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ကခ်င္ျပည္နယ္အထူးေဒသ ၁ ထာဝရၿငိမ္းခ်မ္းေရးအဖြဲ႔ တာဝန္ရွိသူေတြကို RFA က သီးျခားဆက္သြယ္ေမးျမန္းလို႔ မရရွိေသးပါဘူး။

ပန္ဝါၿမိဳ႕အေျခစိုက္ ကခ်င္ျပည္နယ္ အထူးေဒသ ၁ ထာဝရၿငိမ္းခ်မ္းေရး အဖြဲ႔ေခါင္းေဆာင္ ဦးဇခုန္တိန္႔ယိန္းဟာ လက္ရွိ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သလို လာမယ့္ ေရြးေကာက္ပဲြမွာလည္း ခ်ီေဖြ၊ ေဆာ႔ေလာ္၊ အင္ဂ်န္းယန္ စတဲ႔ၿမိဳ႕နယ္သံုးခု အတြက္ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္းအျဖစ္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေျမ အမွတ္ ၅ မွာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

အဲဒီမဲဆႏၵနယ္ေျမမွာ ဦးဇခုန္တိန္႔ယိန္းအျပင္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္၊ ကခ်င္ျပည္နယ္ ဒီမိုကေရစီ ပါတီ၊ ေလာ္ေဝၚအမ်ိဳးသားစည္းလံုးညီညႊတ္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ၊ အမ်ိဳးသားဒီမိုကေရစီ အင္အားစုပါတီနဲ႔ တစ္သီး ပုဂၢလကိုယ္စားလွယ္ ေတြ စုစုေပါင္း ၆ ဦး ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

...................................................................................................................................................................

  ရမည်းသင်းမြို့နယ်တွင် စက်တင်ဘာလ ၁၉ ရက်နေ့က မဲဆွယ်စည်းရုံးနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယာဉ်တန်းကို တွေ့ရစဉ်။ Photo: Myo Thant Khaing/ RFA
ကချင်ပြည်နယ် ချီဖွေ၊ ဝိုင်းမော်နဲ့ ဆော့လော်မြို့နယ်တွေက ရွာတွေမှာ မဲဆွယ် စည်းရုံးတာတွေ မလုပ်ဖို့ ကချင်ပြည်နယ် အထူးဒေသ (၁ )ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက တားမြစ်တဲ့စာတွေ ထုတ်ပြန်လိုက်တာဟာ တရားဥပဒေနဲ့ မညီဘူး လို့ အဲဒီနယ်မြေတွေကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦးက ပြောလိုက်ပါတယ်။

ချီဖွေ၊ အင်ဂျန်းယန်နဲ့ ဆော့လော်မြို့နယ်တွေကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော် အတွက် ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦးက စာလက်ခံ ရရှိတာနဲ့ ပတ်သက်ပြီး ပြောလိုက်တာဖြစ်ပါတယ်။

"လောလောဆယ် ပြည်ခိုင်ဖြိုးနဲ့ သူတို့ပဲအနိုင်ရရှိဖို့အတွက်ကို ရည်ရွယ်ထားတဲ့ သဘောရှိတယ်၊ စစ်ဘုရင်တွေပေါ့ဗျာ၊ အုပ်စိုးတဲ့ဒေသဆိုပြီး သူတို့ကယူဆတယ်၊ သူကိုယ်တိုင်ကလွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ယောက်ဖြစ်နေရဲ့သားနဲ့ ဒီလိုမျိုးစာထုတ်တယ်ဆိုတာ တရားဥပဒေနဲ့ အညီမရှိဘူးဆိုတာ ကျနော်တို့ သိနေရတယ်၊ လောလောဆယ်ဗဟိုကိုလည်းတင်ထားပြီးသွားပါပြီ၊ ကျနော်တို့သွားတာ လွယ်တဲ့ခရီး မဟုတ်ဘူး၊ လမ်းပန်းဆက်သွယ်ရေးက ပန်ဝါရဲ့ဟိုဖက်ကိုကျတော့ နိုင်ငံတော်ရဲ့ဘက်ဂျက်နဲ့ဆောက်ခဲ့တဲ့ လမ်းတွေ၊ ဟိုဖက်ကိုတော့ကောင်းအောင်လုပ် ထားပြီး၊ ဒီဖက်ကိုကျတော့လူသူမသွားနိုင်အောင် လမ်းတွေ ကိုဖျက်ဆီးထားတဲ့ သဘောရှိတယ်၊ လမ်းကလုံးဝမကောင်းဘူး၊ ကျနော်တို့ခက်ခက်ခဲခဲ၊ လူတွေရော၊ ယာဉ်တွေရော၊ ပစ္စည်းတွေရော၊ ကျနော်တို့ရှားရှားပါးပါး၊ ခက်ခက်ခဲခဲနဲ့ ကျနော်တို့ အရောက်သွားခဲ့တာပါ၊ အခုဒီလိုတုန့်ပြန်လာတယ်ဆိုတော့ ကျနော်တို့ဖက်ကလုပ်သင့် လုပ်ထိုက်တာ ကျနော်တို့လုပ်သွားမှာပါ"

အန်အယ်လ်ဒီပါတီက အထူးဒေသ (၁) က မြို့နယ်တွေကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်လောင်းတွေထံ ပြီးခဲ့တဲ့ ၂၂ ရက်နေ့က စာတွေပေးပို့ လိုက်တာ ဖြစ်ပါတယ်။

အဲဒီ နယ်မြေဟာ အစိုးရအပြောင်းအလဲ ပြုလုပ်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်နေခြင်း မရှိသေးတဲ့ ဒေသဖြစ် တာကြောင့် မဲဆွယ်စည်းရုံးရေးကို နောက်ဆုတ်ကြ ဖို့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းတွေထံ ပေးပို့တဲ့ စာမှာ ပါရှိပါတယ်။

ဒါ့အပြင် အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ဝိုင်းမော်မြို့နယ်အတွင်း ဆဒုံး၊ ကံပိုင်တည်၊ မန်ဝင်း၊ ဒွမ်ဘမ်၊ မန်ဒေါင်၊ ခဝမ်နဲ့ ရှီငေါ်ချောင်းရိုးဒေသက ကျေးရွာတွေ၊ ချီဖွေနဲ့ ဆော့်လော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ မဲဆွယ်စည်းရုံးရေးမလုပ်ဖို့ တားမြစ်တာ ဖြစ်ပါတယ်။

အဲဒီလို ဟန့်တားတဲ့ စာကို လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီထံလည်း ပေးပို့ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ တာဝန်ရှိသူတွေကို RFA က သီးခြားဆက်သွယ်မေးမြန်းလို့ မရရှိသေးပါဘူး။

ပန်ဝါမြို့အခြေစိုက် ကချင်ပြည်နယ် အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းဟာ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သလို လာမယ့် ရွေးကောက်ပွဲမှာလည်း ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်သုံးခု အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၅ မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အဲဒီမဲဆန္ဒနယ်မြေမှာ ဦးဇခုန်တိန့်ယိန်းအပြင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနဲ့ တစ်သီး ပုဂ္ဂလကိုယ်စားလှယ် တွေ စုစုပေါင်း ၆ ဦး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment