CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, September 11, 2015
ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် နယ်စပ်လုံခြုံရေး အဖွဲ့ကိုလာဘ်ငွေ ပေးခဲ့ရဟု ဖမ်းဆီးခံ အမျိုးသား ပြောကြား
ဗန်ကောက် ၊ ၁၁-၉-၂၀၁၅
ထိုင်းနိုင်ငံ အတွင်း ဖြစ်ပွားခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံခဲ့ ရသည့် သံသယရှိသူ တစ်ဦးက ယင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်နိုင်ရန် နယ်စပ် လုံခြုံရေး အဖွဲ့သို့ လာဘ်ငွေ ပေးခဲ့ရကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။
အာဒင်းကာရာဒက် အမည်ရှိ အဆိုပါ အမျိုးသားသည် သြဂုတ် ၁၇ ရက်က ဖြစ်ပွားခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှု အတွင်း ပါဝင်ခဲ့မှုဖြင့် ဗန်ကောက်မြို့ အရှေ့ပိုင်းရှိ တိုက်ခန်း တစ်ခုအတွင်း ၌ ထိုင်းရဲတပ်ဖွဲ့ ၏ ဖမ်းဆီးခြင်းကို ခံထားရသူ ဖြစ်ပြီး ၄င်းနှင့်အတူ ဖောက်ခွဲရေး ပစ္စည်းများနှင့် တူရကီ နိုင်ငံကူး လက်မှတ် အတုကိုပါ ရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့သည်။
ကာရာဒက် သည် ဗုံးခွဲမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆမှုဖြင့် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံထားရသူ နှစ်ဦးအနက် တစ်ဦးဖြစ်ပြီး ၄င်းထံမှ တရားမဝင် ဒေါ်လာ ၆ဝဝ ကို လက်ခံခဲ့သည့် အရာရှိမှာ မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်၊ ယင်းနောက် ထိုင်းရဲတပ်ဖွဲ့ သည် ဒုတိယ သံသယ ရှိသူတစ်ဦးကို နှစ်ရက် အကြာ၌ ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တွင် ထပ်မံဖမ်းဆီး နိုင်ခဲ့သည်။
ဒုတိယအကြိမ် ဖမ်းဆီးခံ ရသည့် အမျိုးသားသည် ဖောက်ခွဲမှု ပြုလုပ်ခဲ့သူကို ကျောပိုးအိတ် တစ်လုံး ပေးအပ်ခဲ့သည်ဟု ဝန်ခံ ပြောကြားထားပြီး ၄င်းနှင့်အတူ သိမ်းဆည်း ရမိခဲ့သည့် တရုတ် နိုင်ငံကူး လက်မှတ်မှာ အစစ် ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆလျက် ရှိသည်။
၎င်းသည် တရုတ်နိုင်ငံ ရှင်းကျန်း ပြည်နယ်မှ ဝီဂါမျိုးနွယ်စုဝင် တစ်ဦး ဖြစ်နိုင်ဖွယ် ရှိပြီး ထိုင်းအစိုးရက အဆိုပါ မျိုးနွယ်စုဝင် များကို မကြာသေးမီ အချိန် အတွင်းက နိုင်ငံ အတွင်းမှ ပြန်လည် နှင်ထုတ်ခဲ့ခြင်း အပေါ် လက်တုံ့ပြန်သည့် အနေဖြင့် ဝီဂါ မျိုးနွယ်စုဝင် စစ်သွေးကြွများ သို့မဟုတ် ၄င်းတို့ကို ထောက်ခံသူ များက ဗုံးခွဲတိုက်ခိုက် ခဲ့ဖွယ်ရှိသည် ဟု လေ့လာ သုံးသပ်သူ များက ယူဆ ထားကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com
ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် နယ်စပ်လုံခြုံရေး အဖွဲ့ကိုလာဘ်ငွေ ပေးခဲ့ရဟု ဖမ်းဆီးခံ အမျိုးသား ပြောကြား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 11, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 11, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment