Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 15, 2015

ဆိုင်ကယ်ကယ်ရီ သမားအား အမျိုးသားမှ ချုပ်ကိုင်ပေးပြီး အမျိုးသမီးမှ ဓါးဖြင့် ထိုး

 ဆိုင်ကယ်ကယ်ရီ သမားအား ဓါးဖြင့်ထိုးခဲ့သည့် ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ (၂)ဦးကို အချိန်တိုအတွင်း ဖော်ထုတ် ဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၁၅

၉.၉.၂၀၁၅ ရက်နေ့ ၀၃၄၅ အချိန်ခန့်တွင် သန်လျင်မြို့နယ်နေ ဆိုင်ကယ် ကယ်ရီမောင်းသူ ဦးဝင်းညွန့်သည် သန်လျင်မြို့၊ ငွေသန်းဝင်း(၂)လမ်းထိပ်၌ ခရီးသည် ဆောင့်ဆိုင်းနေစဉ် အမည်မသိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ရောက်ရှိလာပြီး ဆိုင်ကယ်ကယ်ရီ ငှားရမ်းရာမှ စကားများကာ အမျိုးသားမှ ချုပ်ကိုင်ပေးပြီး အမျိုးသမီးမှ အသင့်ပါလာသော ဓါးဖြင့် ထိုးခဲ့၍ ဦးဝင်းညွန့်တွင် ခါးယာဘက်ဘေး၌ ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် သန်လျင်မြို့မရဲစခန်း(ပ)၅၇၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ ဖြင့်အမှုဖွင့်ကာ ၎င်းမျိုးသားနှင့် အမျိုးသမီးတို့အား စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

စုံစမ်းစစ်ဆေးချက်များအရ အခင်းဖြစ်နေရာအနီးရှိ ရေမြောင်းအတွင်းမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော အရိုးအသွား(၈)လက်မခန့်ရှိ စတီးဓါး (၁)ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်ကာ တိမ်းရှောင်
သွားသည့် အမျိုးသားနှင့်အမျိုးသမီးတို့မှာ သန်လျင်မြို့နယ်နေ လင်မယား များဖြစ်ကြသည့် မြတ်သူအောင်နှင့် မအိတုံတို့ဖြစ်ကြောင်း မသင်္ကာဖွယ် သိရှိခဲ့ရပါသည်။

၎င်းတို့အား ဖမ်းဆီးရမိရေးအတွက် တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ယင်းနေ့ညနေတွင် မြတ်သူအောင်၊ (၂၆)နှစ်နှင့် မအိတုံ(ခ)မဆွေဆွေဦး၊ (၁၈)နှစ်တို့(၂)ဦးကို သုံးခွမြို့နယ်၊
သဲကုန်းကျေးရွာမှ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment