Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, September 21, 2015

ျမစ္ဆံုစီမံကိန္း အၿပီးဖ်က္ဖို႔ လာမည့္ အစိုးရကို ေျပာမည္

ျမစ္ႀကီးနားၿမိဳ႕နယ္ တိုင္းရင္းသား စည္းလံုး ညီညႊတ္ေရးပါတီ ဥကၠ႒ ဦးခ်စ္လွိဳင္ကို ေတြ႔ရစဥ္။ Photo: Kyaw Myo Min/ RFA
၂ဝ၁၅ ေရြးေကာက္ပဲြအၿပီး ထြက္ေပၚလာမယ့္ အစိုးရကို ဧရာဝတီျမစ္ဆံုစီမံကိန္း အၿပီးတိုင္ရပ္ဆိုင္းေပးဖို႔ တင္ျပေတာင္းဆုိသြားမယ္လို႔ ကခ်င္ျပည္နယ္ တိုင္းရင္းသား စည္းလံုးညီညႊတ္ေရးပါတီ NUP က ေျပာပါတယ္။

ေနာက္တက္လာမယ့္ အစိုးရ အဖြဲ႔နဲ႔ လႊတ္ေတာ္ကို ပထမဆံုး ဒီကိစၥတင္သြင္းမွာ ျဖစ္တယ္လို႔ ျမစ္ႀကီးနားၿမိဳ႕နယ္ တိုင္းရင္းသား စည္းလံုးညီညႊတ္ေရးပါတီ ဥကၠ႒ ဦးခ်စ္လွိဳင္က ေျပာပါတယ္။

"က်ေနာ္တို႔လည္း အခုထက္ထိေတာ့ ဘယ္လိုအစိုးရတက္လာမလဲဆိုတာ မသိေသးဘူး၊ လူထုဆႏၵနဲ႔ လုပ္မလား၊ မလုပ္ဘူးလား၊ အဲ့ဒါတစ္ပိုင္းထား၊ ကခ်င္ျပည္ နယ္ေနာက္တစ္ႏိုင္ငံလံုးအေနအထားအရ ျမစ္ဆံုကိစၥကို အၿပီးအပိုင္ ပယ္ဖ်က္ဖို႔၊ ဘယ္ေသာအခါမွ ဧရာဝတီျမစ္ကိုမထိပါးဖို႔ အဲ့ဒီရည္မွန္းခ်က္နဲ႔ လူထုရဲ႕ သေဘာတူညီခ်က္၊ လူထုရဲ႕ေထာက္ခံခ်က္၊ လူထုရဲ႕အင္အားဆိုၿပီးေတာ့မွ ၂ဝ၁၆ မွာ အသစ္ေပၚထြန္းလာမယ့္အစိုးရကို ဆက္လက္ၿပီး တရားဝင္လမ္းေၾကာင္း ကေန တင္သြားပါမယ္၊ လႊတ္ေတာ္ကိုလည္းတင္မယ္၊ အစိုးရအဖြဲ႔ကိုလည္းတင္မယ္"

တိုင္းရင္းသားစည္းလံုးညီညႊတ္ေရးပါတီက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဂ်ေယာဝူဟာ ၿပီးခဲ႔တဲ႔ ၂ဝ၁၁ ခုႏွစ္ စက္တင္ဘာ ၂၃ ရက္ေန႔ က ျမစ္ဆံုစီမံကိန္းကို ရပ္ဆိုင္းေပးဖို႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ အဆိုတင္သြင္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီနွစ္ စက္တင္ဘာလ ၃ဝ ရက္ေန႔ မွာ ႏုိင္ငံေတာ္သမၼတ ဦးသိန္းစိန္က သူ႔ရဲ့အစိုးရ သက္တမ္းအတြင္းမွာ ျမစ္ဆံုစီမံကိန္းကို ဆုိင္းငံ့ထားဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ျမစ္ဆံုစီမံကိန္း အၿပီးတိုင္ရပ္ဆိုင္းဖို႔ ေတာင္းဆုိတဲ့ ေဒသခံေတြရဲ႕လက္မွတ္ေတြကို စုေဆာင္းလိုက္လံေကာက္ယူေနတာ အခုအခါ လက္မွတ္ သံုးေသာင္းေလာက္ ရေနၿပီ္လို႔လဲ သိရပါတယ္။

လာမယ့္ေရြးေကာက္ပဲြမွာ တစညပါတီဟာ   ကိုယ္စားလွယ္ေလာင္း ၇ဝဝ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.....................................................

မြစ်ကြီးနားမြို့နယ် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ ဦးချစ်လှိုင်ကို တွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
၂ဝ၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အစိုးရကို ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့ တင်ပြတောင်းဆိုသွားမယ်လို့ ကချင်ပြည်နယ် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ NUP က ပြောပါတယ်။

နောက်တက်လာမယ့် အစိုးရ အဖွဲ့နဲ့ လွှတ်တော်ကို ပထမဆုံး ဒီကိစ္စတင်သွင်းမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ ဦးချစ်လှိုင်က ပြောပါတယ်။

"ကျနော်တို့လည်း အခုထက်ထိတော့ ဘယ်လိုအစိုးရတက်လာမလဲဆိုတာ မသိသေးဘူး၊ လူထုဆန္ဒနဲ့ လုပ်မလား၊ မလုပ်ဘူးလား၊ အဲ့ဒါတစ်ပိုင်းထား၊ ကချင်ပြည် နယ်နောက်တစ်နိုင်ငံလုံးအနေအထားအရ မြစ်ဆုံကိစ္စကို အပြီးအပိုင် ပယ်ဖျက်ဖို့၊ ဘယ်သောအခါမှ ဧရာဝတီမြစ်ကိုမထိပါးဖို့ အဲ့ဒီရည်မှန်းချက်နဲ့ လူထုရဲ့ သဘောတူညီချက်၊ လူထုရဲ့ထောက်ခံချက်၊ လူထုရဲ့အင်အားဆိုပြီးတော့မှ ၂ဝ၁၆ မှာ အသစ်ပေါ်ထွန်းလာမယ့်အစိုးရကို ဆက်လက်ပြီး တရားဝင်လမ်းကြောင်း ကနေ တင်သွားပါမယ်၊ လွှတ်တော်ကိုလည်းတင်မယ်၊ အစိုးရအဖွဲ့ကိုလည်းတင်မယ်"

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့ က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့ မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့အစိုးရ သက်တမ်းအတွင်းမှာ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ ဒေသခံတွေရဲ့လက်မှတ်တွေကို စုဆောင်းလိုက်လံကောက်ယူနေတာ အခုအခါ လက်မှတ် သုံးသောင်းလောက် ရနေပြီ်လို့လဲ သိရပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ တစညပါတီဟာ   ကိုယ်စားလှယ်လောင်း ရဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment