Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 22, 2015

အသက္ ၁၂ ႏွစ္မျပည့္ခင္အထိ အမ်ိဳးသားေတြမွာ မ်ိဳးပြား အဂၤါ မရွိၾကတဲ့ ရြာေလး

ဓါတ္ပံုထဲမွာပါတဲ့ Johnny ဆိုတဲ့အမ်ိဳးသား ကို အသက္ ၁၂ ႏွစ္မျပည့္ခင္အခ်ိန္မွာ လူတိုင္းက သူ႔ကို မိန္းကေလးတစ္ေယာက္လုိ႔ပဲ ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ လူတိုင္းရဲ႕ ထင္ျမင္ခ်က္မွားယြင္းခဲ့ပါတယ္။

သူဟာ အသက္ ၁၂ ႏွစ္ျပည့္မွာ ေယာက်ာၤးလိင္အဂၤါ ထြက္ေပၚလာတဲ့ "Guevedoce" ဆိုတဲ့ ေ၀ဒနာ တစ္မ်ိဳးကို ခံစားေနရသူျဖစ္ၿပီး လူပ်ိဳ မျဖစ္ခင္အထိ သူ႔မွာ မ်ိဳးပြားအဂၤါ မရွိရွာပါဘူး။ ဒါေၾကာင့္လည္း သူ႔ရဲ႕ မိဘေတြက ငယ္ရြယ္စဥ္မွာ သူ႔နာမည္ကို Felecitia လို႔ အမည္ေပးထားခဲ့ၿပီး အသက္ ၁၂ ႏွစ္ျပည့္ၿပီးမွ Johnny လို႔ ေျပာင္းလဲေခၚေ၀ၚခဲ့ၾကတာျဖစ္ပါတယ္။

သူေနထိုင္တဲ့ Dominican ႏိုင္ငံ အေနာက္ေတာင္ပိုင္းက Salinas ဆိုတဲ့ သီးျခားရြာကေလးမွာေတာ့ အမ်ိဳးသား အေယာက္ ၉၀ မွာ ၁ ေယာက္ခန္႔ဟာ ထိုေရာဂါ ကို ခံစားေနၾကရၿပီး ဒါဟာ ကြဲျပားျခားနားေနမႈ တစ္ခုအျဖစ္ မသတ္မွတ္ၾကေတာ့တာလည္း ၾကာခဲ့ပါၿပီ။

Telegraph သတင္းဌာန ကို Johnny က ေျပာျပခဲ့တာကေတာ့ "ကၽြန္ေတာ္ မွတ္မိတာေတာ့ ကၽြန္ေတာ္ အနီေရာင္ဂါ၀န္ေလးကို ခဏခဏ ၀တ္ခဲ့ရတယ္။ ကၽြန္ေတာ္ဟာ ေဆးရံုမွာ ေမြးရမယ့္ အစား အိမ္မွာပဲ ေမြးဖြားခဲ့ရတဲ့အတြက္ ကၽြန္ေတာ္ ေမြးတုန္းက ေယာက်ာၤးေလးလား ၊ မိန္းကေလးလား ဆိုတာ ဘယ္သူမွအတိအက်မသိခဲ့ၾကပါဘူး။ " လို႔ဆိုပါတယ္။

"ကၽြန္ေတာ္ေက်ာင္းသြားရင္လည္း စကတ္၀တ္ၿပီးသြားခဲ့ရပါတယ္။ဒါေပမယ့္ ကၽြန္ေတာ္ မိန္းမလို၀တ္ရတာ သေဘာမက်ပါဘူး။ ကၽြန္ေတာ့္ကို မိန္းကေလး ကစားစရာ ေတြ ၀ယ္ေပးတဲ့အခါ ကၽြန္ေတ္ာ အဲဒါေတြနဲ႔ ကစားဖို႔ ျပင္းပါတယ္။ ကၽြန္ေတာ္ အၿမဲတမ္း ေယာက်ာၤးေလးေတြနဲ႔ပဲ ကစားခ်င္ခဲ့တာပါ" လို႔လည္း ထည့္သြင္းေျပာၾကားခဲ့ျပန္ပါတယ္။

ဒီလို ရွားပါးလွတဲ့ လိင္ပိုင္းဆိုင္ရာ အေျခအေနကို ပထမဆံုး ရွာေဖြေတြ႕ရွိခဲ့တာကေတာ့ ေဒါက္တာ Julianne Imperato ဆိုသူပဲ ျဖစ္ပါတယ္။ သိပၸံပညာရွင္ ေတြ ယံုၾကည္ခဲ့ၾကတာကေတာ့ ထိုျဖစ္စဥ္ဟာ အမ်ိဳးသား လိင္ပိုင္းဆိုင္ရာ ေဟာ္မုန္းျဖစ္ေပၚမႈတစ္မ်ိဳးကို ကာကြယ္ေပးႏိုင္တဲ့ ဓါတ္ေျပာင္းအကူျဒပ္ တစ္မ်ိဳး ေပ်ာက္ဆံုးေနတာေၾကာင့္ျဖစ္တယ္ဆိုတာပါပဲ။

ဒါဟာ ထိုရြာရဲ႕သီးျခားေနထိုင္မႈ က စတင္ျဖစ္ေပၚလာတာျဖစ္တယ္လို႔ သိပၸံပညာရွင္ေတြကို သံုးသပ္ၾကၿပီး ဒါဟာ ထိုရြာသူရြာသား အားလံုးအတြက္ အထူးအဆန္းမဟုတ္တဲ့ ပံုမွန္အေနအထား တစ္ခုျဖစ္ေနပါၿပီ။

( Mario )
................................
အသက် ၁၂ နှစ်မပြည့်ခင်အထိ အမျိုးသားတွေမှာ မျိုးပွား အင်္ဂါ မရှိကြတဲ့ ရွာလေး

ဓါတ်ပုံထဲမှာပါတဲ့ Johnny ဆိုတဲ့အမျိုးသား ကို အသက် ၁၂ နှစ်မပြည့်ခင်အချိန်မှာ လူတိုင်းက သူ့ကို မိန်းကလေးတစ်ယောက်လို့ပဲ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် လူတိုင်းရဲ့ ထင်မြင်ချက်မှားယွင်းခဲ့ပါတယ်။

သူဟာ အသက် ၁၂ နှစ်ပြည့်မှာ ယောကျာင်္းလိင်အင်္ဂါ ထွက်ပေါ်လာတဲ့ "Guevedoce" ဆိုတဲ့ ဝေဒနာ တစ်မျိုးကို ခံစားနေရသူဖြစ်ပြီး လူပျို မဖြစ်ခင်အထိ သူ့မှာ မျိုးပွားအင်္ဂါ မရှိရှာပါဘူး။ ဒါကြောင့်လည်း သူ့ရဲ့ မိဘတွေက ငယ်ရွယ်စဉ်မှာ သူ့နာမည်ကို Felecitia လို့ အမည်ပေးထားခဲ့ပြီး အသက် ၁၂ နှစ်ပြည့်ပြီးမှ Johnny လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။

သူနေထိုင်တဲ့ Dominican နိုင်ငံ အနောက်တောင်ပိုင်းက Salinas ဆိုတဲ့ သီးခြားရွာကလေးမှာတော့ အမျိုးသား အယောက် ၉၀ မှာ ၁ ယောက်ခန့်ဟာ ထိုရောဂါ ကို ခံစားနေကြရပြီး ဒါဟာ ကွဲပြားခြားနားနေမှု တစ်ခုအဖြစ် မသတ်မှတ်ကြတော့တာလည်း ကြာခဲ့ပါပြီ။

Telegraph သတင်းဌာန ကို Johnny က ပြောပြခဲ့တာကတော့ "ကျွန်တော် မှတ်မိတာတော့ ကျွန်တော် အနီရောင်ဂါ၀န်လေးကို ခဏခဏ ၀တ်ခဲ့ရတယ်။ ကျွန်တော်ဟာ ဆေးရုံမှာ မွေးရမယ့် အစား အိမ်မှာပဲ မွေးဖွားခဲ့ရတဲ့အတွက် ကျွန်တော် မွေးတုန်းက ယောကျာင်္းလေးလား ၊ မိန်းကလေးလား ဆိုတာ ဘယ်သူမှအတိအကျမသိခဲ့ကြပါဘူး။ " လို့ဆိုပါတယ်။

"ကျွန်တော်ကျောင်းသွားရင်လည်း စကတ်ဝတ်ပြီးသွားခဲ့ရပါတယ်။ဒါပေမယ့် ကျွန်တော် မိန်းမလိုဝတ်ရတာ သဘောမကျပါဘူး။ ကျွန်တော့်ကို မိန်းကလေး ကစားစရာ တွေ ၀ယ်ပေးတဲ့အခါ ကျွန်တေ်ာ အဲဒါတွေနဲ့ ကစားဖို့ ပြင်းပါတယ်။ ကျွန်တော် အမြဲတမ်း ယောကျာင်္းလေးတွေနဲ့ပဲ ကစားချင်ခဲ့တာပါ" လို့လည်း ထည့်သွင်းပြောကြားခဲ့ပြန်ပါတယ်။

ဒီလို ရှားပါးလှတဲ့ လိင်ပိုင်းဆိုင်ရာ အခြေအနေကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာကတော့ ဒေါက်တာ Julianne Imperato ဆိုသူပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင် တွေ ယုံကြည်ခဲ့ကြတာကတော့ ထိုဖြစ်စဉ်ဟာ အမျိုးသား လိင်ပိုင်းဆိုင်ရာ ဟော်မုန်းဖြစ်ပေါ်မှုတစ်မျိုးကို ကာကွယ်ပေးနိုင်တဲ့ ဓါတ်ပြောင်းအကူဒြပ် တစ်မျိုး ပျောက်ဆုံးနေတာကြောင့်ဖြစ်တယ်ဆိုတာပါပဲ။

ဒါဟာ ထိုရွာရဲ့သီးခြားနေထိုင်မှု က စတင်ဖြစ်ပေါ်လာတာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကို သုံးသပ်ကြပြီး ဒါဟာ ထိုရွာသူရွာသား အားလုံးအတွက် အထူးအဆန်းမဟုတ်တဲ့ ပုံမှန်အနေအထား တစ်ခုဖြစ်နေပါပြီ။

( Mario )

No comments:

Post a Comment