Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 12, 2015

ဆင်းရဲလွန်းလို့  ပြိုင်တူ အဆိပ်သောက်သေဘို့  ဆုံးဖြတ်ခဲ့ပြီး ပိုးသတ်ဆေးဖိုး မရှိလို့အသက်ပြန်ရှင်လာသည့် မြေးအဖွားတစ်စု



ထိုင်းနိုင်ငံ စကိုထိုင်းပြည်နယ်မှာ ယခုရက်ပိုင်းအတွင်း မြေအဖွားလေးလောက်ဟာ ပြိုင်တူ သတ်သေကြဘို့  ကြိုးစားမှုဖြစ်ပွားခဲ့ပေမယ့် အိမ်နီးချင်းတွေက အသိဦးသွားလို့  အချိန်မှီတားဆီးနိုင်ခဲ့တယ်လို့  ထိုင်းနိုင်ငံ daily online သတင်းမှာဖေါ်ပြထားပါတယ်။
မွေးပြီးနားမလည်တဲ့ မိဘတွေက ဖွားအေဆီမှာ ခလေးတွေပြစ်ထားပြီး တာဝန်မယူကြတော့ ရောဂါဖြစ်နေတဲ့ဖွားအေက ဈေးလဲမရောင်းနိုင်တော့ ၀င်ငွေကမရှိ ဖြစ်ပြီး လစဉ် အိမ်ဌားခ နဲ့  ထမင်းစားဖို့ တောင် ဆက်မပေးနိုင်တော့ပိုးသတ်သောက်သေကြရအောင်လို့  ကျောင်းတက်နေတဲ့ မြေးအကြီးဆုံးက အကြံပေးခဲ့ပါတယ်၊
လေးယောက်လုံး သဘောတူပြီး သေဘို့  ဆုံးဖြတ်တာတောင် ပိုးသတ်ဆေးဝယ်ဘို့  ပိုက်ဆံမရှိတဲ့ဘ၀ပါ၊
ဖွားအေကိုယ်တိုင်ကကြွေးတွေဝိုင်းနေတာကြောင့် အငယ်ဆုံးမြေးကို အိမ်နီးချင်းမိသားစုမှာ ပိုက်ဆံသွားချေးခိုင်းလိုက်တော့မှ ခလေးက မလိမ်တတ်ဘူးလေ အမှန်တိုင်း ပိုးသတ်ဆေးဝယ်ပြီးသောက်မလို့ ပါ လို့ ပြောလိုက်မိတယ်။
တော်သေးတာပေါ့ ...ခလေးကကယ်လို့  အိမ်နီးချင်းတွေ ကျေးရွာလူကြီးတွေ အိမ်လိုက်သွားပြီး အချိန်မှီတားနိုင်ခဲ့ပါတယ်။
ခုတော့ မြေးအဖွားကံဇာတာက ကောင်းသွားခဲ့ပါပြီ ရပ်ကွတ်သားတွေစုပေါင်းပြီး နေစရာမြေရှာပေးပြီး အိမ်ဝိုင်းေ ဆာက်ပေးကြပါတယ်။ စားရေးသောက်ရေး ကိုလည်း တာဝန်ယူပေးမယ့်လူပေါ်သွားခဲ့ပါပြီလို့ သိရပါတယ်။
Social Action for Women - SAW

No comments:

Post a Comment