Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 18, 2015

ရဲတပ်ဖွဲ့၏ မှားယွင်းဖမ်းဆီးခံရသည့် ကျောင်းသားငယ်အား အိုဘားမားက တွေ့ဆုံရန် ဖိတ်ခေါ်

Ahmed Mohamed's handmade clock led to his arrest, then White House invite


ဝါရှင်တန် ၊ ၁၈-၉-၂၀၁၅

အမေရိကန် ပြည်ထောင်စု၌ လက်လုပ်နာရီ တစ်လုံးကို စာသင်ကျောင်း အတွင်းသို့ ယူဆောင် လာခြင်းကြောင့် မှားယွင်းဖမ်းဆီး ခံခဲ့ရသည့် အသက် ၁၄ နှစ်အရွယ် မွတ်စလင် ဆယ်ကျော်သက် တစ်ဦးကို သမ္မတ ဘားရက် အိုဘားမား က တွေ့ဆုံရန် စက်တင်ဘာ ၁၇ ရက်တွင် ဖိတ်ခေါ်ခဲ့ကြောင်း Daily Mail သတင်းတစ်ရပ် အရ သိရသည်။

အာမက်မိုဟာမက် အမည်ရှိ အဆိုပါ ဆယ်ကျော်သက် ကလေးသည် လက်လုပ် နာရီအား လွန်ခဲ့သည့် ရက်သတ္တပတ်က ၄င်း၏ အိပ်ခန်းအတွင်း ပြုလုပ်ပြီး ကျောင်းသို့ ယူဆောင်လာ ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကျောင်း တာဝန်ရှိ သူများက ၄င်းနာရီအား ဗုံးဟု ယူဆခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြား ခဲ့ရာမှ စက်တင်ဘာ ၁၄ ရက်တွင် မှားယွင်းဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် သူငယ်ချင်းများက ၄င်းဖမ်းဆီး ခံရပုံကို အင်တာနက် ပေါ်သို့ တင်ခဲ့ရာမှ ၄င်းအား ထောက်ခံသူ အများအပြားက အားပေးစကား ပြောကြား ခဲ့ကြောင်း သိရသည်။ အဆိုပါ မှားယွင်းဖမ်းဆီး ခံခဲ့ရခြင်းနှင့် စပ်လျဉ်း၍ နောက်ပိုင်းတွင် အာမက် က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး သမ္မတ အိုဘားမား ၏ ဖိတ်ခေါ်ခြင်း ကို လက်ခံမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာမက်မိုဟာမက် သည် စာသင်ကျောင်း အတွင်း ဗုံးလှန့်မှုဖြင့် ဖမ်းဆီးခံခဲ့ ရသော်လည်း တာဝန်ရှိ သူများက ၄င်းကို ခြွင်းချက်မရှိ ပြန်လွှတ်ပေး ခဲ့ကြောင်း Daily Mail သတင်းဌာနတွင် ဆက်လက် ဖော်ပြ ထားသည်။

#PyiChitThar

No comments:

Post a Comment