Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, September 19, 2015

ပရီးမီးယားလိခ္ေဘာ္လံုး ခ်ယ္လ္ဆီး - အာဆင္နယ္ ၂ဂိုး-ဂိုးမရွိ

ပရီမီယားလိဂ္ေဘာလံုးၿပိဳင္ပြဲမွာ ခ်ယ္ဆီးက Eden Hazard နဲ႔ အာဆင္နယ္က Hector Bellerin တို႔ အႀကိတ္အနယ္။ (စက္တင္ဘာ ၁၉၊ ၂၀၁၅) 
 အဂၤလန္မွာ စေနေန႔ကကစားတဲ့ ပရီမီယာလိဂ္ေဘာလုံးပဲြမွာေတာ့ ခ်ယ္ဆီးက အာဆင္နယ္ကို ၂ ဂိုး ဂိုးမရွိ နဲ႔ ႏုိင္သြားပါတယ္။ ခ်ယ္ဆီး အတြက္ ဂိုးေတြကို ေနာက္တန္းလူ Bouma နဲ႔ Eden Hazard တုိ႔က ဒုတိယပိုင္းမွာ သြင္းခဲ့ၾကတာပါ။

Premier League ပထမပဲြစဥ္အတြင္း Arsenal က Gabriel Paulista နဲ႔ Chelsea ရဲ႕ Oscar တို႔ ျပႆနာျဖစ္စဥ္။ (စက္တင္ဘာ ၁၉၊ ၂၀၁၅)
ပထမပိုင္းၿပီးခါနီးမွာခ်ယ္ဆီးက Diego Costa နဲ႔ အာဆင္နယ္က Gabriel Paulista တုိ႔ ျပႆနာျဖစ္ၿပီး Gabriel အနီကတ္ျပခံသလိုSanti Cazorla လည္း ၇၉ မိနစ္မွာ အထုတ္ခံခဲ့ရပါတယ္။ အာဆင္နယ္နည္းျပ Arsene Wenger ကေတာ့ - ခ်ယ္ဆီးတုိက္စစ္မႉး ဒီေယဂို ေကာ္စတာရဲ႕လုပ္ရပ္ဟာ ရြံ စရာေကာင္းၿပီး သူ႔ကို ဒုိင္က အနီကတ္မျပတဲ့ ဒုိင္လူႀကီး Mike Dean ကိုလည္း ေဝဖန္လိုက္ပါတယ္။ ဒ့ါအျပင္ FA အဂၤလန္ေဘာလုံးအဖဲြ႔ခ်ဳပ္အေနနဲ႔ဒီေယဂိုေကာ္စတာအနီကတ္မျပခံရတာကို စစ္ေဆးသင့္တယ္လို႔ ေျပာလိုက္ပါတယ္။ ခ်ယ္ဆီးနည္းျပ မုိရင္ညိဳကေတာ့ - ဒီေယဂိုေကာ္စတာဟာ ဒီပဲြရဲ႕ အေကာင္းဆုံးေဘာလုံးသမားျဖစ္တယ္လို႔ တုံ႔ျပန္လိုက္ပါတယ္။

မန္စီးတီးနဲ႔ ဝက္စ္ဟမ္းပဲြမွာေတာ့ ဝက္စ္ဟမ္းက အိမ္ရွင္မန္စီးတီးကို ၂ ဂိုး ၁ ဂိုး နဲ႔ ႏုိင္သြားတာေၾကာင့္ ႏုိင္ပဲြဆက္ေနတဲ့ ခ်န္ပီယံမန္စီးတီး ပထမဆုံးအရႈံးနဲ႔ ရင္ဆုိင္သြားရပါတယ္။ ဝက္စ္ဟမ္းအတြက္ ဂိုးေတြကို Moses နဲ႔ Sakho တုိ႔က ပထမပိုင္းမွာ သြင္းခဲ့တာပါ။

က်န္တဲ့ပဲြေတြမွာေတာ့ ဘုန္းေမာက္ က ဆန္းဒါးလန္းကို ၂ ဂိုး ဂိုးမရွိ၊ ဝက္စ္ဘရြန္က အက္စတြန္ဗီလာကို ၁ ဂိုး ဂိုးမရွိ၊ ဝတ္ဖုိ႔က နယူးကာဆယ္ကို ၂ ဂိုး ၁ ဂိုး နဲ႔ ႏုိင္ၿပီး စတုတ္ခ္ နဲ႔ လက္စတာ ၂ ဂိုးစီသေရ၊ ဆြမ္စီးနဲ႔ အဲဗာတန္ ဂိုးမရွိသေရက်သြားပါတယ္။

ဒီကေန႔မွာေတာ့ ေတာ့တင္ဟမ္နဲ႔ ခရစၥတယ္ပဲေလ့စ္၊ လီဗာပူးလ္နဲ႔ ေနာရစ္ခ်္၊ ေဆာက္သမ္တန္ နဲ႔ မန္ခ်က္စတာယူႏုိက္တက္တုိ႔ ကစားၾကမွာပါခင္ဗ်ာ။

ဗြီအိုုေအ (ျမန္မာဌာန)
http://burmese.voanews.com
................................................................

ပရီမီယားလိဂ်ဘောလုံးပြိုင်ပွဲမှာ ချယ်ဆီးက Eden Hazard နဲ့ အာဆင်နယ်က Hector Bellerin တို့ အကြိတ်အနယ်။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)
 အင်္ဂလန်မှာ စနေနေ့ကကစားတဲ့ ပရီမီယာလိဂ်ဘောလုံးပွဲမှာတော့ ချယ်ဆီးက အာဆင်နယ်ကို ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။ ချယ်ဆီး အတွက် ဂိုးတွေကို နောက်တန်းလူ Bouma နဲ့ Eden Hazard တို့က ဒုတိယပိုင်းမှာ သွင်းခဲ့ကြတာပါ။


Premier League ပထမပွဲစဉ်အတွင်း Arsenal က Gabriel Paulista နဲ့ Chelsea ရဲ့ Oscar တို့ ပြဿနာဖြစ်စဉ်။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)
ပထမပိုင်းပြီးခါနီးမှာချယ်ဆီးက Diego Costa နဲ့ အာဆင်နယ်က Gabriel Paulista တို့ ပြဿနာဖြစ်ပြီး Gabriel အနီကတ်ပြခံသလိုSanti Cazorla လည်း ရ၉ မိနစ်မှာ အထုတ်ခံခဲ့ရပါတယ်။ အာဆင်နယ်နည်းပြ Arsene Wenger ကတော့ - ချယ်ဆီးတိုက်စစ်မှူး ဒီယေဂို ကော်စတာရဲ့လုပ်ရပ်ဟာ ရွံ စရာကောင်းပြီး သူ့ကို ဒိုင်က အနီကတ်မပြတဲ့ ဒိုင်လူကြီး Mike Dean ကိုလည်း ဝေဖန်လိုက်ပါတယ်။ ဒ့ါအပြင် FA အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ဒီယေဂိုကော်စတာအနီကတ်မပြခံရတာကို စစ်ဆေးသင့်တယ်လို့ ပြောလိုက်ပါတယ်။ ချယ်ဆီးနည်းပြ မိုရင်ညိုကတော့ - ဒီယေဂိုကော်စတာဟာ ဒီပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

မန်စီးတီးနဲ့ ဝက်စ်ဟမ်းပွဲမှာတော့ ဝက်စ်ဟမ်းက အိမ်ရှင်မန်စီးတီးကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားတာကြောင့် နိုင်ပွဲဆက်နေတဲ့ ချန်ပီယံမန်စီးတီး ပထမဆုံးအရှုံးနဲ့ ရင်ဆိုင်သွားရပါတယ်။ ဝက်စ်ဟမ်းအတွက် ဂိုးတွေကို Moses နဲ့ Sakho တို့က ပထမပိုင်းမှာ သွင်းခဲ့တာပါ။

ကျန်တဲ့ပွဲတွေမှာတော့ ဘုန်းမောက် က ဆန်းဒါးလန်းကို ၂ ဂိုး ဂိုးမရှိ၊ ဝက်စ်ဘရွန်က အက်စတွန်ဗီလာကို ၁ ဂိုး ဂိုးမရှိ၊ ဝတ်ဖို့က နယူးကာဆယ်ကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး စတုတ်ခ် နဲ့ လက်စတာ ၂ ဂိုးစီသရေ၊ ဆွမ်စီးနဲ့ အဲဗာတန် ဂိုးမရှိသရေကျသွားပါတယ်။

ဒီကနေ့မှာတော့ တော့တင်ဟမ်နဲ့ ခရစ္စတယ်ပဲလေ့စ်၊ လီဗာပူးလ်နဲ့ နောရစ်ချ်၊ ဆောက်သမ်တန် နဲ့ မန်ချက်စတာယူနိုက်တက်တို့ ကစားကြမှာပါခင်ဗျာ။

ဗွီအိုုအေ (မြန်မာဌာန)
http://burmese.voanews.com

No comments:

Post a Comment