တိုကျို ၊ ၁၄-၉-၂၀၁၅
ဂျပန်နိုင်ငံ၌ မကြာသေးမီက တိုက်ခတ်ခဲ့သည့် အက်တော မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာ ဖူကူရှီးမား နျူကလီးယား စက်ရုံမှ ရေဒီယို သတ္တိကြွ ပစ္စည်းများ ပါဝင်သောအိတ် ၈၂ လုံးသည် ရေစီးနှင့်အတူ မျောပါ ခဲ့ကြောင်း တာဝန်ရှိ သူများ၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ အိတ်များသည် ၂ဝ၁၁ ခုနှစ် မတ်လက သဘာဝ ဘေးအန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့မှုကြောင့် ဖူကူရှီးမား နျူကလီးယား စက်ရုံ ပိတ်သိမ်း ခဲ့ပြီးနောက် ယင်း စက်ရုံဝင်း အတွင်း သိမ်းဆည်း ထားသော ရေဒီယို သတ္တိကြွ ပစ္စည်းများနှင့် အခြား ဓာတ်ပစ္စည်းများ ပါဝင်သော အိတ်များ ဖြစ်ကြောင်း ဂျပန်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။
ပျောက်ဆုံးလျက် ရှိသည့် အဆိုပါ အိတ်များအနက် အိတ် ၃ဝ ကို ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ တိုင်ဖွန်း မုန်တိုင်း အက်တော သည် နျူကလီးယား စက်ရုံအား ဝင်ရောက် တိုက်ခတ်ခြင်း မရှိသော်လည်း မုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှု ဖြစ်ပွားခဲ့ရာမှ ယင်း အိတ်များသည် ရေစီးနှင့်အတူ ပစိဖိတ် သမုဒ္ဒရာ အတွင်းသို့ ရောက်ရှိသွား နိုင်ဖွယ် ရှိကြောင်း တာဝန်ရှိ သူများက ပြောကြားသည်။
အဆိုပါ မုန်တိုင်းသည် ယခု ရက်သတ္တပတ် အစောပိုင်းမှ စ၍ နိုင်ငံတစ်ဝန်း အတွင်း တိုက်ခတ်ခဲ့ရာ ရေဘေးသင့် ဒေသခံ ထောင်ပေါင်း များစွာကို အစိုးရက ဘေးကင်းရာသို့ ရွှေ့ပြောင်းပေး ခဲ့ရကြောင်း သိရသည်။
82 contaminated waste bags from Fukushima washed away by typhoon floods
#PyiChitThar

No comments:
Post a Comment