Chinese man who divorced wife after winning lottery ordered to hand over part of the cash |
ပေကျင်း ၊ ၁၈-၉-၂၀၁၅
တရုတ်နိုင်ငံတွင် ထီဆုတစ်ဆု ကို သွားရောက် မထုတ်ယူမီ ဇနီး ဖြစ်သူကို ကွာရှင်းခဲ့သည့် အမျိုးသား တစ်ဦးကို အာဏာပိုင် များက တရားစွဲဆို ခဲ့ကြောင်း သိရသည်။
လုရှင်း အမည်ရှိ အဆိုပါ အမျိုးသားသည် ဖေဖေါ်ဝါရီလ အတွင်းက ယွမ် ၄ ဒသမ ၆ သန်း (စတာလင်ပေါင် ၄၆၇ဝဝဝ) ခန့်ရှိ ထီဆုကို ဆွတ်ခူးရရှိ ခဲ့သော်လည်း ၄င်းထီပေါက်သည့် အကြောင်းကို ဇနီးဖြစ်သူကို ပြောကြားခြင်း မရှိဘဲ ယင်းဆုကြေး ငွေကို သွားရောက် မထုတ်ယူမီ တစ်ရက် အလိုတွင် ဇနီးသည်ကို ကွာရှင်းခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ဇနီးဖြစ်သူက လုရှင်း ထီပေါက်ကြောင်း ကို မိတ်ဆွေများမှ တစ်ဆင့် ကြားသိခဲ့ ရာမှ ဆုငွေတစ်ဝက် ရလိုမှုဖြင့် ခင်ပွန်းဟောင်းကို တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဇနီးဖြစ်သူကို ဆုကြေးငွေများ အနက်မှ လေးပုံတစ်ပုံကို ပေးအပ်ရန် တရားရုံးက အမိန့်ချမှတ် ခဲ့သည်။
နိုင်ငံအနောက် တောင်ပိုင်း ချုံကင်းမြို့တွင် နေထိုင်သည့် လုရှင်း နှင့် ဇနီးဖြစ်သူ ယွမ်လီ တို့သည် ၄င်းတို့ ပေးအပ်ရန် ရှိသည့် ယွမ် ၂၅ဝဝဝဝ ကို ပေးချေရန် တောင်းဆိုခြင်း ခံရပြီး နောက်ပိုင်း ၂ဝ၁၃ ခုနှစ် ဇွန်လတွင် လမ်းခွဲရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment