CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, September 12, 2015
ကြီးလွန်းလို့ တောင်ပံတောင် ခေါက် သိမ်းရမယ့် ခရီးသည်တင် ဘိုးအင်း 777X
by Aung Kham Kyaw
ကြီးလွန်းလို့ တောင်ပံတောင် ခေါက်ပြီး ကွင်းထဲမှာ ဆင်းသိမ်းရမယ့် ခရီးသည်တင် လေယာဉ်ကြီးကို အမေရိကန် ဘိုးအင်းကုမ္ဗဏီမှ စတင်တည်ဆောက်တော့မှာ ဖြစ်ကြောင်း အတည်ပြုခဲ့ ပါတယ်။ လေယာဉ်စီးရီး အမည်က ဘိုးအင်း 777X ဖြစ်ပြီး 777-9X ကို စတင်တည်ဆောက်မှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား လေကြောင်းလိုင်း ကုမ္ဗဏီပေါင်း ဆယ်ခုကျော်လောက်က ယင်း လေယာဉ်ကို ဘိုးအင်းကုမ္ဗဏီကနေ မှာယူထားပြီး စုစုပေါင်း အစီးရေ ၃၂၀ ကျော် အော်ဒါ လက်ခံရရှိထား ပါတယ်။ လေယာဉ်ဟာ တောင်ပံ တစ်ဖက်နဲ့ တစ်ဖက် ဗျက်ကို တိုင်းလိုက်ရင် ၂၃၅ ပေ၊၅ လက်မ ကျယ်ပြောပြီး ခေါက်ထားတဲ့ တောင်ပံက ၁၂ပေ တောင် ရှိပါသေးတယ်။ 777-8 က အနည်းငယ်သေးပြီး ခရီးသည်ပေါင်း ၃၇၅ ဦးအထိ သယ်ဆောင် နိုင်ပါတယ်။ 777-9 ကတော့ ခရီးသည်ပေါင်း ၄၂၅ဦးအထိ သယ်ဆောင် နိုင်ပါတယ်။ 777-8 က အမေရိကန်ဒေါ်လာ ၃၇၁ သန်း ကုန်ကျပြီး၊ 777-9 က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကုန်ကျ ပါတယ်။ လေယာဉ်အတွင်းမှာ ခရီးသည်ထိုင်တဲ့ ထိုင်ခုံဟာလည်း ဈေးသက်သာတဲ့ Economic Class ခုံတောင် ၁၈ လက်မ အကျယ် မက ရှိပါတယ်။ Class အမျိုးမျိုးခွဲထားပြီး ဘိုးအင်းရဲ့ အောင်မြင်တဲ့ 787 Dreamliner လေယာဉ်အတွင်းက အပြင်အဆင်နဲ့ ပုံစံ များကို ယူထားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် ပြတင်းပေါက်များကတော့ အနည်းငယ် ပိုကြီးပါလိမ့်မယ်။ လောဉ်ဟာ ယနေ့လေယာဉ်များအတွက် ဆီစားနှုန်းလည်း ၁၀ ရာခိုင်နှုန်းအထပ် ပိုသက်သာ ပါတယ်။ ဂျက် အင်ဂျင် နှစ်လုံးသာ အသုံးပြုထားတာကြောင့် ကမ္ဘာမှာ ဂျက်အင်ဂျင် နှစ်လုံးသာ အသုံးပြုတဲ့ အကြီးဆုံး လေယာဉ်အဖြစ်လည်း စံချိန်တင်သွားမှာ ဖြစ်ပါတယ်။ တည်ဆောက်မှုကို ၂၀၁၇ ခုနှစ်မှ စတင်မှာ ဖြစ်ပေမယ့် မှာယူတဲ့ ကုမ္ဗဏီများကတော့ စံရံငွေများ ပေးအပ်ထားမှုကြောင့် သန်းပေါင်း ဘီလျံများစွာကို ဘိုးအင်းမှ ရရှိထားပြီ ဖြစ်ါတယ်။
Ref: dailymail
http://www.yoyarlay.com/int/228-777x.html
ကြီးလွန်းလို့ တောင်ပံတောင် ခေါက် သိမ်းရမယ့် ခရီးသည်တင် ဘိုးအင်း 777X
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 12, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment