Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

ဒိုရေမီအဖွဲ့ရဲ့ Lucky လို့ နာမည်ပေးမယ့် ဒုတိယစီးရီး


ဒုတိယမြောက်တေးစီးရီး အခြေအနေအရ လတ်တလော သဘာဝဘေး ဒဏ်ခံထားရသည့် အနေအထားမှ ကံကောင်းမှုများ ပြန်လည်ရရှိလာစေရန်ရည်ရွယ် ၍ Lucky ဟု အမည်ပေးထား ကြောင်း ဒိုရေမီအဖွဲ့ပြောသည်။
‘‘အခုဒီဒုတိယမြောက်တေး စီးရီးကို လုပ်နေတာ အကုန်လုံး ပြီးစီးနေပြီ။ အချောလည်း သပ် နေပြီ။ အောက်တိုဘာမှ ထွက် မယ်ဆိုပြီး စိုင်းပြင်းထားပါတယ်။ အခုမြန်မာနိုင်ငံမှာ သဘာဝဘေး အန္တရာယ်တွေကျရောက်နေတာ ကြောင့် နောက်ဆုတ်ပြီးမှ ထွက် လာနိုင်ပါတယ်။ စီးရီးနာမည်ကို Lucky လို့ အကြမ်းပေးထားပေ မယ့်   အခြေအနေကြောင့်   ဒီ နာမည်လေးပဲ အတည်ပေးဖြစ်ဖို့ များပါတယ်’’ ဟု ဒိုရေမီအဖွဲ့က ပြောသည်။
ပထမတေးစီးရီးထွက်ပြီး အ တော်ကြာမှ ဒုတိယတေးစီးရီး ထွက်လာနိုင်ခြင်းမှာ သီချင်း ကောင်းများကို အသေးစိတ်ရွေး ချယ်နေခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။
‘‘ပရိသတ်တွေအတွက် သီ ချင်းကောင်းတွေပဲ အရမ်းလုပ်ချင် တယ်။ ကြားထဲမှာလာပြတဲ့ သီချင်းတွေရှိတယ်။ မကြိုက်လို့ ပါ။ ပထမစီးရီးထွက်ပြီး ကတည်း က  နောက်စီးရီးကျရင် သီချင်း တွေကို ဒီထက်အကောင်းဆုံးတွေ ပိုလုပ်မယ်ဆိုပြီး တစ်ပုဒ်ချင်းစီကို ပရိသတ်အကြိုက်ဖြစ်စေရမယ်။ ကျော်ပြီး ကြည့်တာမျိုးမဖြစ်ချင် ဘူး။ သုံးယောက်လည်းဖြစ်တဲ့အ တွက် ရွေးချယ်မှုလည်း များသွား ပြီး အကြိုက်တွေကို ညှိနေရင်း ကြာသွားတာပါ’’ဟု ဒိုရေမီအဖွဲ့ က ပြောသည်။
အဆိုပါအခွေတွင် ရွှေဂျော် ဂျော်၊ ချမ်းချမ်း၊ သားကြီးနှင့် အ ခြားတေးရေးဆရာများစွာ ရေး သားသည့် တေးသီချင်းများပါဝင် ပြီး ဒိုရေမီအဖွဲ့က တစ်ခွေလုံးသီ ဆိုထားကြောင်း သိရသည်။
ဒိုရေမီအဖွဲ့သည် ဇူလိုင်လ ကုန်ပိုင်းက ‘ဟန်နီ’နှင့်‘ယောင်ချာ ချာ’သီချင်းသစ်နှစ်ပုဒ် ထွက်ရှိ ထားခဲ့ပြီး အွန်လိုင်းတွင် အောင် မြင်မှုရရှိထားကြောင်း သိရသည်။
ဒိုရေမီအဖွဲ့သည် ရေဘေး သင့်ပြည်သူများအား လှူဒါန်းရန် အလှူငွေများ လိုက်လံကောက်ခံ ပေးခြင်းနှင့် ရန်ကုန်မြို့အနှံ့ဖျော် ဖြေရေးနှင့် အလှူခံခြင်းတို့ဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီ ပေးလျက်ရှိသည်။
http://7daydaily.com/story/43892

No comments:

Post a Comment