Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 22, 2015

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် IC အဖွဲ့၏ ရန်ပုံငွေဂီတပွဲတွင် အလှူငွေကျပ် သိန်းနှစ်သောင်းနီးပါး ရရှိ

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ဦးစီးကျင်းပသော IC အဖွဲ့သားများ၏ ရေဘေး
သင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဂီတပွဲတွင် လှူဒါန်းငွေ ကျပ် ၁၉၅၈၈ သိန်း ရရှိခဲ့သည်။
အဆိုပါဖျော်ဖြေပွဲတွင် IC အဖွဲ့သားများဖြစ်သည့် လေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ၀ိုင်ဝိုင်း တို့မှ နာမည်ကြီး တေးသီချင်းများဖြင့် အလှည့်ကျ ဖျော်ဖြေခဲ့ကြပြီး ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် အနုပညာကြေး အခမဲ့ ဖျော်ဖြေပေးခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်းမှ စေတနာရှင် အလှူရှင်များမှလည်း ဘဏ်အကောင့်မှဖြင့် လည်းကောင်း၊ လူကိုယ်တိုင် လာရောက်လှူဒါန်းခြင်းဖြင့် လည်းကောင်း ၊ ဖုန်းဖြင့် လည်းကောင်း ပြန်လည်ထူထောင်ရေး ရန်ပုံငွေများကို လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
Eleven Media Group

No comments:

Post a Comment