Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 16, 2015

HIV ပိုး ရှိနေသူ ကို မုဒိမ်း ကျင့်ခဲ့မိတဲ့ အမျိုးသား



မုဒိမ်းမှု နဲ့ ထောင်ကျနေသူ အမျိုးသားတစ်ဦးဟာ HIV ပိုးရှိနေသူကို မှ မုဒိမ်းကျင့်ခဲ့မိတဲ့အတွက် စိတ်ဖိစီးမှုတွေ
နဲ့ နောင်တတွေရနေခဲ့ပါတယ်။

Philip Donald Jason ဆိုသူဟာ မနှစ်က ဇွန်လမှာ အခြား အမျိုးသားတစ်ယောက်ကို လိင်တူချင်း မုဒိမ်းကျင့်ခဲ့ပြီးတဲ့နောက် သူ့မှာ မုဒိမ်းမှု ၊ ခိုးမှု ၊ အကြမ်းဖက်မှု တို့နဲ့ အပြစ်ရှိနေပါတယ်ဆိုပြီး ကိုယ်တိုင်ဝန်ခံခဲ့သူ ပဲ ဖြစ်ပါတယ်။

ထို အဖြစ်အပျက်ဟာ အသက် ၄၈ နှစ်အရွယ် Jason အတွက်တော့ ပထမဆုံး အကြိမ် လိင် အကြမ်းဖက်မှု 
ကျူးလွန်ခြင်းပဲ ဖြစ်ပြီး သူမုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသား ဟာ သူ့ကို အလိုတူအလိုပါခွင့်ပြုခဲ့တဲ့ သဘောမျိုးမှာ 
ရှိနေပါတယ်။ ဒါပေမယ့်လည်း Jason ဟာ အကာအကွယ်မပါတဲ့ လိင်ဆက်ဆံမှု ကို ကျူးလွန်တာဖြစ်တဲ့
အတွက် ထို မုဒိမ်းကျင့်ခံရသူ အမျိုးသားက သူ့ကို ရပ်တန့်ဖို့ သတိပေးခဲ့ပါသေးတယ်။

Jason က တရားရုံးမှာ အပြစ်ဝန်ခံပြီး ထောင်ကျတဲ့အခါမှာ သူမုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသားမှာ HIV ပိုးရှိနေတယ်ဆိုတာသိလိုက်ရတဲ့နောက်မှာတော့ Jason ဟာ ၀မ်းနည်းကြေကွဲရတော့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ Jason ဟာ ရောဂါကင်းရှင်းကြောင်း မသိရမချင်း ၆ လတိတိ ဆေးစစ်မှုတွေ ခံယူရမှာ ဖြစ်ပါတယ်။

Jason ရဲ့ ရှေ့နေဖြစ်သူ Mr O'Brien ကတော့ Jason ဟာ HIV ပိုးရှိမှာကိုကြောင့်တဲ့အတွက် စိတ်
ထိခိုက်နေတယ်လို့ ဆို ပြီး ဒါကို အယူခံဝင်ဖို့အတွက်လည်းတောင်းဆိုခဲ့ပါတယ်။ တရားသူကြီး 
Fleur Kingham ကတော့ လက်မခံခဲ့ပါဘူး။ ဒါဟာ အကာအကွယ်မပါတဲ့ လိင်ဆက်ဆံမှုမှာ ပါဝင်ခဲ့တဲ့ 
Jason ရဲ့ နောက်ဆက်တွဲ ရလဒ်ပဲ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အရင်တုန်းက မှုခင်းဆိုင်ရာ မှတ်တမ်းတွေရှိခဲ့တယ်လို့ သတ်မှတ်ခံရတဲ့ Jason ဟာ ထို မုဒိမ်းမှုအတွက်
 ထောင်ဒဏ် ၂ နှစ်ခွဲ ကျခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ Jason ရဲ့ ပထမဆုံး လိင်အကြမ်းဖက်
မှု ကို ကျူးလွန်တဲ့ ပြစ်မှု ပဲ ဖြစ်တယ်လို့လည်းသိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

No comments:

Post a Comment