CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, August 3, 2015
ဗြိတိန်သတင်းဌာနက တစ်လေးတစ်စားဖော်ပြတဲ့ DVB က သတင်းထောက်
DVB မှ သတင်းထောက် တစ်ဦး အနေနဲ့ ရေကြီးနေတဲ့ အခြေအနေမှာ သတင်း မရရအောင် ယူလို့ ဗီဒီယို ရယူခဲ့မှုကြောင့် ဗြိတိန်အခြေဆိုက် Mirrir.co.uk အမည်ရ ဝဘ်ဆိုဒ်မှ နေပြီးတော့ ချီးကျူး ဖော်ပြခဲ့ပါတယ်။
သတင်းထောက် တစ်ယောက် လုပ်သင့်တက်တောင် ပိုပြီးတော့ လုပ်ခဲ့သူ ဖြစ်ကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးမှ ရပ်ကွက် တစ်ခုမှ ရေတစ်ရိတ်ရိတ် တက်လာမှုကို ထုတ်လွင့်ပြသတဲ့ သတင်း ဖြစ်ပြီး သတင်းကြေညာနေတုန်း ဘေးနားမှာ လှေများ ဖြတ်သွားခြင်းက တကယ်ပဲ ဒုက္ခ အခက်အခဲထဲမှာ သတင်းယူနေသူ ဖြစ်ပါလား ဆိုတာကို နိုင်ငံတကာ သတင်းမီဒီယာ တို့အား သိစေခဲ့ ပါတယ်။
လက်ရှိမှာ မြန်မာပြည် အပြင်၊ အိန္ဒိယ၊ ဗီယက်နမ်နဲ့ အခြားသော အာရှနိုင်ငံ အချိ့ဟာ မိုးလွန်ပြီး ရေကြီးမှုများ ဖြစ်ပေါ်လျက် ရှိပါတယ်။ တောင်ကျရေနဲ့အတူ၊ မြစ်ရေများ၊ မုန်တိုင်းများကြောင့်လည်းပါဝင်ပြီး မြန်မာနိုင်ငံရဲ့ ရေကြီး ဘေးဒုက္ခရောက်နေမှုဟာ ကမ္ဘာ တစ်လွှားက အာရုံစိုက် ကြည့်ရှုလာကြ ပါတယ်။ အာရှအပြင် အနောက်တိုင်း နိုင်ငံများမှာလည်း မုန်တိုင်းများ၊ မိုးများမှုများ ဖြစ်ပေါ်နေပြီး Climate change တစ်ခုအဖြစ် CNN မှ ဖော်ပြပါတယ်။
မူရင်း သတင်း - http://www.mirror.co.uk/…/brave-journalist-reads-live-news-…
Ref: mirror
အောင်ခမ်း (ရိုးရာလေး)
ဗြိတိန်သတင်းဌာနက တစ်လေးတစ်စားဖော်ပြတဲ့ DVB က သတင်းထောက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 03, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 03, 2015
Rating: 5
Subscribe to:
Post Comments (Atom)



No comments:
Post a Comment