Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 2, 2015

“မြန်မာအလုပ်သမားဇနီးမောင်နှံ၂ဦးဘန်ကောက်တွင်ပစ်သတ်ခံရ”



၂၀၁၅ သြဂုတ်လ ၂ ရက်

ကိုတီး

ဘန်ကောက်မြို့ဖလန်ဆောင်နယ်မြေ စကင်ငန် ၅၄လမ်းတွင်ရှိသော Carcare ဆိုင်တွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားဇနီးမောင်နှံ၂ဦးတို့အား ဆိုင်ပိုင်ရှင်၏ဆွေမျိုးတစ်ဦးက ပစ်သတ်လိုက် ကြောင်း ထိုင်းသတင်းများ တွင်ဖေါ်ပြခဲ့သည်။

ကားအပိုပစ္စည်းနှင့်ကားရေဆေးဆီထိုးလုပ်ငန်းဆိုင်ဖြစ်သောCarcare ဆိုင်တွင် ယမန်နေ့ နံနက်အလုပ်ဖွင့်ခါစအချိန်၈နာရီကျော်ခန့်ကသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ဆိုပိုင်ရှင်အမျိုးသမီး၏ ညီမတော်စပ်သူ အသက် ၅၄နှစ်အရွယ်ရှိ နန်းကျင်သနာဖူစီလ၀ါ ဆိုသူက အလုပ်သမား၂ဦးအားပစ်သတ်ခဲ့ပြီး ရဲစခန်းသို့ အဖမ်းခံရန် အငှါးကားတစ်စီးပေါ်သို့တက် သွားကြောင်း အနီးဝန်ကျင်မှလူများကပြောဆိုကြောင်း ထိုင်းသတင်းတွင်ရေးသား ထားသည်။

စမယ်ဒဲန်းနယ်မြေမှ ရဲအရာရှိများက သွားရောက်စစ်ဆေးရာတွင် ပစ္စတိုသေနတ်ဖြင့် ပစ်သတ်ခံရ သဖြင့်သေဆုံးနေကြောင်းတွေ့ရှိသည် ဟုဆိုသည်။

ဆိုင်ပိုင်ရှင်၏ထွက်ဆိုချက်အရ သေဆုံးသွားသည့် အလုပ်သမား၂ဦး တို့မှာ ယခုဆိုင်တွင် လာရောက် အလုပ်ကိုင်ကြသည်မှာ၂လ ရှိနေပြီဖြစ်ကြောင်း ၊ သေဆုံးသူများနှင့်စကားအနည်းငယ်
များကြပြီး သူမ၏ ညီမတော်စပ်သူက စိတ်မထိန်းနိုင်ဖြစ်ကာ ယခုလို ဖြစ်သွားခြင်းကြောင်း သတင်းတွင်ရေးထားသည်။

သေဆုံသူ၂ဦးမှ ကရင်အလုပ်သမားဇနီးမောင်နှံဖြစ်ကြောင်းလောက် သာသိရှိရသေးပြီးကျန်အချက် အလက်များရရှိရန်အတွက် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ကြိုးပမ်းနေဆဲဖြစ်သည်။

No comments:

Post a Comment