Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 4, 2015

မြန်မာ့ရေဘေးကူညီရေး လော့စ်အိန်ဂျယ်လိစ်မှာ ပူးပေါင်းအဖွဲ့ ဖွဲစည်း


မြန်မာနိုင်ငံ နေရာဒေသများစွာတွင် ရေကြီးရေလျှံမှုကြောင့် ဒုက္ခရောက်နေသော ပြည်သူများကို ကယ်ဆယ် ကူညီနိုင်ရန် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း၊ လော့စ်အိန်ဂျယ်လိစ်မြို့တစ်ဝိုက်ရှိ မြန်မာအဖွဲ့အစည်းပေါင်းစုံသည် ဩဂုတ်လ ၂ ရက်၊ တနင်္ဂနွေနေ့က အစည်းအဝေးကျင်းပ၍ ပူးတွဲအလုပ်အမှုဆောင် အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။
မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁၁ ခုတွင် မကြုံစဖူး ရေဘေးဒုက္ခဆိုက်ရောက်မှုအတွက် အရေးပေါ် ကယ်ဆယ်ကူညီပေးရန် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ အောင်ဇေခန်းမတွင် အဖွဲ့အစည်းပေါင်းစုံ အစည်းအဝေး ကျင်းပနေပုံ ဖြစ်ပါသည်။မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁၁ ခုတွင် မကြုံစဖူး ရေဘေးဒုက္ခဆိုက်ရောက်မှုအတွက် အရေးပေါ် ကယ်ဆယ်ကူညီပေးရန် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ အောင်ဇေခန်းမတွင် အဖွဲ့အစည်းပေါင်းစုံ အစည်းအဝေး ကျင်းပနေပုံ ဖြစ်ပါသည်။မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ၏ အဖွဲ့အစည်းအားလုံးလိုလိုမှ အစည်းအဝေး တက်ရောက်လာသူ ၄၀ ခန့်သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ရေဘေးဒုက္ခ ကယ်ဆယ်ရေး အလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၁၂ ဦးဖြင့် အများသဘောတူ ဖွဲ့စည်းခဲ့ကြသည်။ မြန်မာနိုင်ငံ ရေဘေးကယ်ဆယ် ကူညီရေးအဖွဲ့သည် လော့စ်အိန်ဂျယ်လိစ်မြို့နှင့် အနီးတစ်ဝိုက်ဒေသတွင် နေထိုင်သူများဖြင့် ဖွဲ့စည်းခဲ့သော်လည်း နယ်နိမိတ်ကန့်သတ်မှု မရှိဘဲ၊ ကယ်လီဖိုးနီးယား ပြည်နယ်နှင့် အမေရိကန် ပြည်ထောင်စု အခြားပြည်နယ်များသို့ပါ စည်းရုံးလှုံ့ဆော်ကာ အလှူငွေများ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် ၁၁ ခုတွင် မကြုံစဖူး ရေလျှံ လွှမ်းမိုးမှုကြောင့် ဘေးဒုက္ခ ကြုံတွေ့နေသော ပြည်သူများကို အဆင့်နှစ်ဆင့်ဖြင့် အကူအညီပေးသွားရန် အစည်းအဝေးတက်ရောက်သူများက ဆန္ဒပြု ဆုံးဖြတ်ခဲ့ကြသည်။ ပထမအဆင့်အနေဖြင့် အရေးပေါ်ကယ်ဆယ်ကူညီရေးနှင့် ဒုတိယအဆင့်အနေဖြင့် ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ငွေကြေးနှင့် ပစ္စည်းများ ကူညီပံ့ပိုးပေးမည် ဖြစ်ပါသည်။
ပထမအဆင့် အရေးပေါ်ကယ်ဆယ်ရေး ရန်ပုံငွေကို အမြန်ဆုံး ရှာဖွေစုဆောင်းပြီးနောက် ဒေါ်လာ ၂၀,၀၀၀ ပြည့်လျှင် ပြည့်ချင်း မြန်မာနိုင်ငံသို့ ပေးပို့မည် ဖြစ်၏။ ဒုက္ခရောက်သူအားလုံးကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ လှူဒါန်းကူညီမှုများ ပေးအပ်သွားရန်လည်း အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်။
အမေရိကန်တရားဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်မည်
အစည်းအဝေးတက်ရောက်သော အဖွဲ့အစည်းအသီးသီးသည် ငွေကြေး ကောက်ခံစုဆောင်းပြီးနောက် အမေရိကန်နိုင်ငံ တရားဥပဒေနှင့် အညီ အလှူငွေများ တရားဝင် ပေးပို့နိုင်စေရန် ပြည်သူ့ဂုဏ်ရည်အသင်း (Citizen of Burma Inc.) သို့ အားလုံးလွှဲအပ်ကာ မြန်မာနိုင်ငံဖက်တွင်လည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် နာရေးကူညီမှုအသင်းသို့ ညီတူညီမျှ ခွဲဝေပေးပို့ရန်ကိုလည်း သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။
များမကြာမီ ရက်များအတွင်း ရန်ပုံငွေ ရှာဖွေရေး လှုပ်ရှားမှုများ ပြုလုပ်ကြမည် ဖြစ်၍ သတင်းများ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရှိရသည်။ရေဘေးဒုက္ခသည်များအတွက် ထမင်းထုပ်များ လှေဖြင့် လိုက်လံဝေငှနေပုံ ဖြစ်ပါသည်။ ရေဘေးဒုက္ခသည်များအတွက် ထမင်းထုပ်များ လှေဖြင့် လိုက်လံဝေငှနေပုံ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဇူလိုင်လလယ်ခန့်မှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်၊ ရုတ်တရက် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ တံတားကျိုးခြင်း၊ လမ်းများ ရေလွှမ်းမိုးကာ အဆက်အသွယ် ပြတ်တောက်ခြင်းတို့ကြောင့် ပြည်သူလူထု များစွာ ဒုက္ခကြုံတွေ့နေရသည်။ လူဦးရေ ၂၁၇,၀၀၀ ခန့် အိုးအိမ်မဲ့ ဖြစ်နေရပါသည်။
စိုက်ပျိုးမြေ ဧက ၅၂၅,၀၀၀ ခန့် ရေနစ်မြုပ်ကာ ကောက်ပဲသီးနှံများ ပျက်စီးခဲ့သည်။ ၎င်းမြေနေရာအကျယ်အဝန်းမှာ လူဇင်ဘတ်နိုင်ငံ တစ်ခုစာ ရှိသည်။ ယခုအချိန်အထိ သေဆုံးသူ ၄၇ ဦး ရှိနေကြောင်း ဩဂုတ် ၃ ရက်၊ တနင်္လာနေ့တွင် မြန်မာအစိုးရ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။ ၎င်းအရေအတွက်မှာ အမှန်ထက် များစွာ လျော့နည်းဖွယ် ရှိနိုင်ကြောင်း ကုလသမဂ္ဂမှ ခန့်မှန်းထားသည်။
မြန်မာအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်ပုံ အလွန်နှေးကွေး၍ ထိရောက်မှု မရှိခြင်းအပေါ် သတင်းမီဒီယာများနှင့် ပြည်သူလူထုက ပြင်းထန်စွာ ပြစ်တင် ဝေဖန်ခဲ့ကြပြီးနောက် ဇူလိုင် ၃၁ ရက်၊ သောကြာနေ့တွင် သမ္မတ ဦးသိန်းစိန်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အရေးပေါ် သဘာဝဘေးအန္တရာယ်အခြေအနေ ကြေညာခဲ့ပါသည်။
မြန်မာနိုင်ငံရေဘေးဒုက္ခအတွက် အရေးပေါ်အကူအညီ အမြန်ဆုံး ပေးအပ်ရန် အမေရိကန်သမ္မတ အိုဘားမားအား မေတ္တာရပ်ခံ တောင်းဆိုလွှာကိုလည်း အိမ်ဖြူတော် ဝက်ဘ်စာမျက်နှာတွင် လက်မှတ်ရေးထိုးပွဲ လှုပ်ရှားလှုံ့ဆော်လျက် ရှိပါသည်။ စက်တင်ဘာ ၁ ရက်မတိုင်မီ လက်မှတ် တစ်သိန်းပြည့်အောင် စုဆောင်းနိုင်လျှင် သမ္မတထံ တရားဝင် တင်ပြမည် ဖြစ်သည်။ ဩဂုတ်လ ၃ ရက်အထိ စုစုပေါင်းလက်မှတ် ၇၃,၆၂၇ ရရှိနေပြီ ဖြစ်၍ လက်မှတ် ၂၆,၃၇၃ ခု လိုအပ်နေဆဲ ဖြစ်သည်။
အမေရိကန်သမ္မတ အိုဘားမားအား မေတ္တာရပ်ခံတောင်းဆိုလွှာ လက်မှတ်ရေးထိုးရန် ကလစ်ခ် လုပ်ပါ။
ထို့ပြင်၊ မည်သည့်နိုင်ငံမှဖြစ်စေ၊ နည်းများမဆို PayPal မှတစ်ဆင့် ပေးပို့လှူဒါန်းရန် ကမ္ဘာသစ်မီဒီယာမှလည်း စီစဉ်ထားပါသည်။ PayPal မရှိလျှင်လည်း ခရက်ဒစ်ကဒ်ဖြင့် လှူဒါန်းနိုင်ပြီး၊ ပြည်သူ့ဂုဏ်ရည်အသင်း (Citizen of Burma Inc.) မှတစ်ဆင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဦးကျော်သူဦးစီးသော နာရေးကူညီမှုအသင်းသို့ ပေးပို့လှူဒါန်းမည် ဖြစ်သည်။ အလှူရှင်စာရင်းကိုလည်း ထုတ်ပြန်ကြေညာပါမည်။
မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေး ရန်ပုံငွေအတွက် လှူဒါန်းရန် ကလစ်ခ်လုပ်ပါ။
 

အလှူရှင်စာရင်း-

ဤသတင်းကို တင်လိုက်ပြီး နာရီပိုင်းအတွင်း ပထမဦးဆုံး လှူဒါန်းသော စေတနာရှင်မှာ ဝစ်စကွန်ဆင်ပြည်နယ်၊ မက်ဒီဆင်မြို့မှ ဆူရှီးလုပ်ငန်းရှင် ဒေါ်ငွေဇင် ဖြစ်၍ ဒေါ်လာ ၅၀၀ အလှူငွေထည့်ဝင်ခဲ့ပါသည်။
၁။ ဒေါ်ငွေဇင်      ဝစ်စကွန်ဆင်ပြည်နယ်၊ မက်ဒီဆင်မြို့    ဒေါ်လာ ၅၀၀.၀၀

http://kabarthit.com/index.php?option=com_content&view=article&id=714:2015-08-04-00-37-21&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment