Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 12, 2015

ရိုစီတာ နှင့် ကြယ်တံခွန်ကြီး တို့သည် နေနှင့်အနီးဆုံးသို့ ချဉ်းကပ်လျက်ရှိ




လန်ဒန် ၊ ၁၂-၈-၂၀၁၅

ဥရောပ အာကာသ အေဂျင်စီ ESA ၏ အစီအစဉ်ဖြင့် ကြယ်တံခွန် အမှတ် 67P ပေါ်သို့ ဖီလေး ကြယ်တံခွန် ဆင်းယာဉ် ကို အောင်မြင်စွာ ဆင်းသက် စေခဲ့ပြီး သည့်နောက် ရိုစီတာ ဂြိုဟ်ပတ်ယာဉ် သည် ကြယ်တံခွန် 67 P ကို လှည့်ပတ်ရင်း နေရှိရာသို့ အတူတကွ ချဉ်းကပ် နေခဲ့ရာ မကြာမီ နေနှင့် အနီးဆုံး နေရာသို့ ရောက်ရှိ သွားကြတော့မည် ဖြစ်ကြောင်း သိရသည်။

ကြယ်တံခွန် 67P သည် ကမ္ဘာနှင့် မိုင်ပေါင်း ၁၀ သန်းထက်မနည်း အကွာအဝေး တွင် နေကို လှည့်ပတ်နေပြီး ဂြိုဟ်ပတ်ယာဉ် ရိုစီတာ က ကြယ်တံခွန် 67P ကို လိုက်လံလှည့်ပတ် ခရီးနှင်နေခြင်း ဖြစ်သောကြောင့် 67P က နေနှင့် အနီး ရောက်သွားချိန် တွင် ရိုစီတာ ကလည်း နေနှင့် အနီးဆုံး နေရာသို့ ပြိုင်တူ ရောက်ရှိမည် ဖြစ်ကြောင်း ၊ 67P သည် နေကို တစ်ပတ်ပတ် မိရန် ၆ ဒသမ ၅ နှစ် ကြာမြင့်ကြောင်း ၊ လာမည့် သြဂုတ် ၁၃ ရက်တွင် နေနှင့် အနီးဆုံး နေရာသို့ ရောက်ရှိ သွားမည် ဖြစ်ကြောင်း သိရသည်။

" 67P ဟာ နေနဲ့ တဖြည်းဖြည်း နီးကပ် လာတာနဲ့ အမျှ ရေခဲ ၊ ဖုန် ၊ ဓာတ်ငွေ့ တွေလည်း မျက်နှာပြင် ကနေ ပေါက်ကွဲ လွင့်စဉ်ထွက်လာ နေပါတယ် ၊ ရိုစီတာ က ကြယ်တံခွန် ကြီးနဲ့ အနီးကပ် လိုက်ပါ သွားမှာ ဖြစ်တဲ့အတွက် နေနဲ့ အနီးဆုံး အချိန်မှာ ကြယ်တံခွန် တစ်စီးပေါ်မှာ ဘယ်လိုတွေ ဖြစ်တယ် ဆိုတာကို ကျွန်တော်တို့ ပထမဆုံး အကြိမ် အနီးကပ် ကြည့်ရှုခွင့် ရမှာ ဖြစ်ပါတယ် .. " ဟု ESA မှ သိပ္ပံပညာရှင် တစ်ဦးက ပြောပြသည်။

လွန်ခဲ့သော ရက်သတ္တပတ် က ESA က 67P ၏ ပုံရိပ်အချို့ ကို အများပြည်သူ ကြည့်ရှုနိုင်ရန် ထုတ်ပြန် ခဲ့ကြောင်း ၊ ၄င်း ဓာတ်ပုံများကို ရိုစီတာ က မိုင် ၁၀၀ ခန့် အဝေးမှ ရိုက်ကူး ထားခြင်း ဖြစ်ကြောင်း ၊ ၄င်းဓာတ်ပုံများ ထဲတွင် 67P ထံမှ ဖုန် နှင့် ဓာတ်ငွေ့များ ပန်းထွက် နေပြီ ဖြစ်သည်ကို မြင်တွေ့ ရမည် ဖြစ်ကြောင်း သိရသည်။

ဥရောပ အာကာသ အေဂျင်စီ က လွှတ်တင်ခဲ့သော ရိုစီတာ ဂြိုဟ်ပတ်ယာဉ် သည် ကြယ်တံခွန် အမှတ် 67P သို့ ရောက်ရှိရန် အချိန် ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့ရပြီး ၂၀၁၄ ခုနှစ် သြဂုတ် တွင် 67P ကို လိုက်မီသွားကာ ဖီလေး ဂြိုဟ်ဆင်းယာဉ် ကို 67P ပေါ်သို့ အောင်မြင်စွာ ဆင်းသက် စေနိုင်ခဲ့ခြင်းဖြင့် အာကာသ စူးစမ်း လေ့လာရေး သမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူ နိုင်ခဲ့ခြင်း ဖြစ်သည်။

The first true color image of comet 67P taken by the Rosetta spacecraft

#PyiChitThar

No comments:

Post a Comment