Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 19, 2015

ဘန်ကောက်ဗုံးခွဲမှုအတွက် မသင်္ကာသူနှင့် မှားယွင်းထင်မှတ်ခံရသူ ရဲတပ်ဖွဲ့ထံတွင် လာရောက်ရှင်းလင်း

Photo:The Straits Times
ဘန်ကောက်တွင် ဗုံးဖောက်ခွဲမှု၏ နောက်ကွယ်မှ တရားခံနှင့် မှားယွင်းထင်မှတ်ခံရသူ သြစတြေးလျ မော်ဒယ်သရုပ်ဆောင်တစ်ဦးက ရဲတပ်ဖွဲ့ထံသို့ ကိုယ်တိုင်သွားရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။ အသက် ၂၆ နှစ်အရွယ် ဆန်နီဘန်းသည် ထိုင်းတွင် ပုဂ္ဂလိက အင်္ဂလိပ်ကျူရှင်ဆရာအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေ့တွင် ၎င်းသည် ဘေးအန္တရာယ် ကင်းရှင်းစွာ ရှိနေကြောင်း သြစတြေးလျရှိ မိဘနှင့် မိတ်ဆွေများ သိရှိစေရန်အတွက် ကိုယ်တိုင်ရိုက် ပုံတူတစ်ခုကို အွန်လိုင်းတွင် တင်ခဲ့သည်။ ထို့ပြင် ဘန်းသည် သြဂုတ် ၁၇ ရက်ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာ၌ မကြာသေးမီက ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံကိုလည်း Instagram တွင် တင်ခဲ့သည်။


ဘန်း၏ ဓာတ်ပုံနှင့် လုံခြုံရေးကင်မရာမှ ရိုက်ကူးခဲ့သော ဗုံးခွဲမှုအတွက် မသင်္ကာသူ၏ ဓာတ်ပုံတို့အကြား တူညီမှုများကို စွဲယူ၍ ထိုင်းဂျာနယ်လစ် ပရာဆစ်ချိုင်းခံခွန်ဘန်က Twitter တွင် တင်ခဲ့ပြီးနောက် ဘန်း၏ဓာတ်ပုံသည် အွန်လိုင်းတွင် ချက်ချင်းပျံ့နှံ့သွားခဲ့သည်။ ထို့နောက် ဘန်းသည် ၎င်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ရှိစေရန်အတွက် ရဲထံသို့ ကိုယ်တိုင်သွားရောက်ပြီး ရှင်းလင်းခဲ့သည်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ဘန်းသည် အားကစားခန်းမမှ ပြန်လာပြီး အင်္ဂလိပ်စာသင်တန်းတွင် သင်ကြားရန်အတွက် ပြင်ဆင်နေပုံကို လုံခြုံရေးကင်မရာမှ ရိုက်ကူးထားသည့် ဓာတ်ပုံကိုလည်း ဘန်းက အွန်လိုင်းတွင် ဖော်ပြခဲ့သည်။ ပရာဆစ်ချိုင်းက အထင်အမြင် လွဲမှားစေသော ၎င်း၏ပို့စ်အတွက် ပြန်လည်တောင်းပန်ခဲ့သည်။

Ref:The Straits Times

Eleven media

No comments:

Post a Comment