Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 19, 2015

ခင်ပွန်းဖြစ်သူက သားတွေလောက် သမီးကို မချစ်လို့ သားသုံးယောက်စလုံးကို သတ်လိုက်တဲ့ အမျိုးသမီး

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်မှာ အမျိုးသမီးတစ်ယောက်က သူ့သားလေး အသက်မရှူတော့တဲ့
အကြောင်း တည်ငြိမ်တဲ့အသံနဲ့ သြဂုတ် ၁၈ ရက်နေ့က ဖုန်းဆက်ခဲ့တယ်လို့ သိရပါတယ်။

နောက်နာရီအနည်းငယ်အကြာမှာတော့ သူဟာ အခုသားလေးကိုသာမက ပြီးခဲ့တဲ့လတွေအတွင်း ကျန်တဲ့သားလေးနှစ်ယောက်ကိုလည်း သတ်ခဲ့ပြီး အကြောင်းရင်းကတော့ သူ့ခင်ပွန်းက သားတွေကို ဂရုစိုက်ပြီး သမီးဖြစ်သူကိုကျ လျစ်လျူရှူထားလို့ဖြစ်ကြောင်း အာဏာပိုင်တွေထံ ထွက်ဆိုခဲ့ပါတယ်။

ပီလ်ကင်တန်ဟာ သြဂုတ် ၁၈ ရက်က သုံးလသား နိုရာ သေဆုံးမှုနဲ့ ပြီးခဲ့တဲ့ ဧပြီလက အသက်လေးနှစ်
အရွယ် ဂယ်ဗင် သေဆုံးမှုနဲ့ ၂၀၁၄ ခုနှစ် ဇူလိုင်က သုံးလသားအရွယ် နီရယ် သေဆုံးမှုတို့အတွက် စွပ်စွဲခံထားရပါတယ်။

ပီလ်ကင်တန်က အယောက်တိုင်းကို မျက်နှာပေါ် စောင်အုပ်ပြီး အသက်ရှူကျပ်အောင် လုပ်ကာ သတ်ပစ်ခဲ့တာဖြစ်ကြောင်း လိုဂန်ကောင်တီ အစိုးရရှေ့နေ ၀ီလီယံဂေါ့စလီထံ ထွက်ဆိုခဲ့တယ်။
သူမစိတ်ထဲမှာ ဒါဟာ သမီးဖြစ်သူကို စောင့်ရှောက်ကာကွယ်ပေးတာလို့ ခံယူခဲ့တယ်လို့လည်း သိရပါတယ်။
Phothutaw

ခင်ပွန်းဖြစ်သူက သားတွေလောက် သမီးကို မချစ်လို့ သားသုံးယောက်စလုံးကို သတ်လိုက်တဲ့ အမျိုးသမီးhttp://www.themeltingpot4u.com/2015/08/blog-post_841.html
Posted by The Melting Pot 4 U on Wednesday, 19 August 2015

No comments:

Post a Comment