Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 22, 2015

ရောင်ပြန်ပါတဲ့အကျီင်္မ၀တ်ရင် ဒဏ်ရိုက်ခံရမယ့် အီတလီ က ပြည့်တန်ဆာများ



အီတလီ နိုင်ငံမှာ ရှိတဲ့ ပြည့်တန်ဆာ တွေဟာ စည်ပင်သာယာ နဲ့ လမ်းပြုပြင်ရေး အဖွဲ့ဝင်တွေလိုပဲ
ညဘက်မှာ မြင်နေရနိုင်တဲ့ ရောင်ပြန်ပါတဲ့ ကုတ်အကျီင်္တွေ ၀တ်ဆင်ဖို့ ညွှန်ကြားခံရတယ်လို့ သိရပါတယ်။

ဒါကြောင့် သူတို့ဟာ ညကလပ်တွေအတွင်းမှာပြုလုပ်တဲ့ ပါတီတွေမှာလည်း ထင်ရှားစွာမြင်တွေ့နိုင်မှာ
 ဖြစ်သလို ည အမှောင်ထဲမှာလည်း ပိုမို အန္တရာယ်ကင်းလာတော့မှာပါ။

Spino d'Adda လို့ ခေါ်တဲ့ မြို့က မြို့တော်ဝန် က ပြည့်တန်ဆာတွေကို လမ်းပြုပြင်ရေးလုပ်သားတွေလို
ဝတ်ဆင်ရမယ်လို့ အမိန့်ပေးခဲ့တာဖြစ်ပြီး ပြည့်တန်ဆာ တိုင်းလိုလို မီနီ စကတ်များ ၀တ်ဆင်ထားခြင်းကို
ပယ်ဖျက်လိုက်တာပဲ ဖြစ်ပါတယ်။

Luciano Sinigaglia လို့ခေါ်တဲ့ မြို့တော်ဝန် က ပြောပြခဲ့တာကတော့" လိင်လုပ်သားတွေဟာ
လမ်းပြုပြင်ရေးအတွက် အလုပ်လုပ်တဲ့ ၀န်ထမ်းတွေလိုပဲ ဖြစ်သင့်ပါတယ်။ ပြည့်တန်ဆာတွေဟာ သူတို့ကို
ညဘက်မှာ ထင်ရှားစွာမြင်တွေ့နေရမယ့် အ၀တ်အစားတွေကို ၀တ်ဆင်ရပါလိမ့်မယ်။ ဒါတွေဟာ ဥပဒေ
အရ ပြဋ္ဌာန်းချက်တွေဖြစ်ပြီး စက်တင်ဘာလမှာ စတင်အတည်ပြုမှာ ပါ" လို့ ဆိုပါတယ်။

အကယ်၍ ထို ဥပဒေ ကို မလိုက်နာတဲ့ ပြည့်တန်ဆာတွေဟာ စတာလင်ပေါင် ၃၆၀ ဒဏ်ငွေ ပေးဆောင်ရမှာ
 ဖြစ်ပြီး နောက်လထဲမှာပဲ စည်းမျဉ်းတွေနဲ့ အရေးယူမှု တွေကို စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

မြို့တော်ဝန် Mr Sinigaglia ကတော့ " ယောကျာင်္းတွေအနေနဲ့ စိတ်ရှုပ်ထွေးပြီး လမ်းလုပ်သားတစ်ယောက်
ကို မှားယွင်းစွာ ခေါ်ဆောင်သွားတာမျိုးမလုပ်မိဖို့ပဲ မျှော်လင့် ရပါတယ်" လို့ ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

No comments:

Post a Comment