Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 28, 2015

အေးချမ်းမြတ်မိုးသေဆုံးမှုနှင့် ပတ်သက်၍ သက်သေအဖြစ် ဓာတ်ပုံများကို တရားရုံးသို့ တင်သွင်း

    မော်ဒယ်အေးချမ်းမြတ် မိုးအသတ်ခံရမှုနှင့် ပတ်သက်၍ သြဂုတ် ၂၇ ရက်တွင် တရားစွဲဆို ခံထားရသူကို စစ်ဆေးခဲ့ပြီး သေ ဆုံးသူနှင့် တရားစွဲဆိုခံထားရသူ တို့ တွဲရိုက်ထားသည့် ဓာတ်ပုံများ သက်သေအဖြစ် တင်သွင်းခဲ့ ကြောင်း သိရသည်။

တရားစွဲဆိုခံထားရသူ အံ့ဖြိုးပိုင်ကို အနောက်ပိုင်းခရိုင်တရား ရုံးတွင် တတိယအကြိမ်မြောက် စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး စက်တင် ဘာ ၃ ရက်၌ စတုတ္ထအကြိမ် ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်း တရားခွင်အတွင်းမှ သိရသည်။

မော်ဒယ်အေးချမ်းမြတ်မိုး၏ နေအိမ်အောက်သို့ သေဆုံးသူက အရေးကြီး ပြောစရာရှိသည်ဟု ခေါ်ဆိုခြင်းကြောင်း သွားရောက် ခဲ့ခြင်းဖြစ်ပြီး သက်သေခံဓားမှာ လည်း မော်ဒယ်အေးချမ်းမြတ်မိုး ၏ ဓားဖြစ်ကြောင်း တရားစွဲဆိုခံ ထားရသူ အံ့ဖြိုးပိုင်က တရားရုံး တွင် ထွက်ဆိုခဲ့သည်။

သေဆုံးသူမှာ တရားစွဲဆိုခံ ထားရသူနှင့် တွေ့စဉ် ၎င်းအိမ်က စေ့စပ်ပေးတော့မည့် အကြောင်း ပြောဆိုပြီး အသင့်ပါလာသည့် ဓားဖြင့် ၎င်း၏ လည်ပင်းကိုဖြတ် မည့်ပုံစံမျိုးပြုလုပ်သဖြင့် အံ့ဖြိုးပိုင် က ညာဘက်လက်ဖြင့် ဆွဲခဲ့ရာ လက်တွင်ဓားဒဏ်ရာရရှိခဲ့ကြောင်း ယင်းနောက် ဘယ်ဘက်လက်ဖြင့် ပြန်လုရာ ဓားက လက်အတွင်းပါ လာခဲ့ပြီး သေဆုံးသူ၏ လည်ပင်း တွင် ဒဏ်ရာရရှိသွားကြောင်း အံ့ ဖြိုးပိုင်က တရားရုံး၌ ထွက်ဆိုချက်များအရ သိရသည်။

ထို့နောက် သေဆုံးသူက ပြန်ရန်ပြောဆိုပြီး လှေကားပေါ်ပြေး တက်သွားသဖြင့် ၎င်းကလည်း နေအိမ်သို့ ပြန်လာခဲ့ပြီး မိနစ် ၂၀ ခန့်အကြာတွင် ရပ်ကွက်လူကြီးနှင့် ရဲများ ၎င်းနေအိမ်သို့ ရောက်ရှိလာကြောင်း၊ တရားစွဲဆိုခံရသူအနေဖြင့် ဒဂုံရဲစခန်းသို့ ရောက်ရှိပြီး ၁၀ မိနစ်ခန့်အကြာတွင် မော်ဒယ်အေးချမ်းမြတ်မိုးသေဆုံးသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း အံ့ဖြိုးပိုင်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။

အမှုဖြစ်စဉ်မှာ ၂၀၁၄ သြ ဂုတ် ၂၆ ရက် ညပိုင်းတွင် ဒဂုံမြို့ နယ် ဦးဝိစာရအိမ်ရာတွင် နေထိုင် သည့် အသက် (၁၉) နှစ်အရွယ် မော်ဒယ်အေးချမ်းမြတ်မိုးအပြင်မှ ပြန် လာစဉ် ၎င်းနေထိုင်သည့် တိုက် ခန်း ဒုတိယထပ်၌ အဆိုပါအိမ် ရာဝင်းအတွင်း နေထိုင်သည့် အံ့ ဖြိုးပိုင်ဆိုသူက လည်ပင်းကို ဓား ဖြင့်ထိုးခဲ့ခြင်းကြောင့် သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း ဖော်ပြချက်များအရ သိရသည်။

အဆိုပါအမှုနှင့် ပတ်သက် ၍ ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံ ထားရသူ အံ့ဖြိုးပိုင်ကို ၂၀၁၄ အောက်တိုဘာ ၂ ရက်၌ ကျောက်တံတားမြို့နယ်အတွင်းရှိ အနောက်ပိုင်းခရိုင်တရားရုံးတွင် ပထမဆုံးရုံးချိန်းအဖြစ် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တစ်နှစ် ကျော်ကြာမြင့်လာခဲ့သည့် သြဂုတ်၂၇ ရက်၌ အံ့ဖြိုးပိုင်ကို တတိယ အကြိမ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

7day daily

No comments:

Post a Comment