Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 12, 2015

ဒုတိယကမ္ဘာစစ် အတွင်း ဂျပန်နိုင်ငံ၏ လုပ်ရပ်များ အတွက် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တောင်းပန်မည်

Japanese PM Invited to Participate in 70th Anniversary of WWII

တိုကျို ၊ ၁၂-၈-၂ဝ၁၅

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသည့် နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပရာတွင် ပြောကြားမည့် မိန့်ခွန်းအတွင်း ၌ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၏ တောင်းပန် ပြောကြားမှု ပါဝင်မည် ဖြစ်ကြောင်း NHK သတင်းဌာနက သြဂုတ် ၁ဝ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ မိန့်ခွန်းမူကြမ်း တွင် ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန်နိုင်ငံ၏ လုပ်ရပ်များ အတွက် တရုတ်နှင့် ကိုရီးယား အပါအဝင် အာရှနိုင်ငံ များကို တောင်းပန်ထားပြီး ယင်း နှစ်ကာလများ အတွင်း ဂျပန်တို့၏ ကျူးကျော် မှုကြောင့် နိုင်ငံများစွာမှ ပြည်သူများ ခံစား ခဲ့ရသော ဆင်းရဲဒုက္ခများ၊ ဆုံးရှုံး ပျက်စီးမှု များအတွက် ဂျပန်နိုင်ငံက နောင်တ ရမိသည် ဟု ဖော်ပြ ထားကြောင်း သိရသည်။

၁၉၁ဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ကိုရီးယား ကျွန်းဆွယ်နှင့် ၁၉၃၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နယ်မြေ အစိတ်အပိုင်း များကို နယ်မြေချဲ့ထွင် ကျူးကျော် ခဲ့သော ဂျပန် နိုင်ငံ၏ လုပ်ရပ်များ အတွက် ပြန်လည် ပေးဆပ်သည့် အနေဖြင့် အာဘေး ၏ ဖော်ပြချက်ပါ စာသားများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ က အကြံဉာဏ် ပေးခဲ့ခြင်း ဖြစ်သည်။

အလားတူ ၁၉၉၅ ခုနှစ်တွင် ဝန်ကြီးချုပ် တိုမီချီမူရာ ယာမာ က ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်နိုင်ငံ၏ လုပ်ရပ်များ အပေါ် နောင်တ ရမိကြောင်း ပြောကြား ခဲ့ဖူးသည်။

၁၉၄၅ ခုနှစ်တွင် ဂျပန်နိုင်ငံက မဟာမိတ် များကို လက်နက်ချ ခဲ့သော သြဂုတ် ၁၅ ရက် မတိုင်မီ တစ်ရက် အလိုတွင် အာဘေး၏ မိန့်ခွန်း မူကြမ်းကို ထုတ်ပြန်နိုင်ရန် မျှော်လင့် ထားကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment