Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 19, 2015

အမေ့ဝမ်းထဲမှ အမျိုးသမီး ကလေးငယ် တစ်ဦး သေနတ် ကျည်ဆန် ထိမှန် ကံကောင်း ထောက်မစွာဖြင့် အသက်မသေ ကျန်းမာစွာဖြင့် မိခင်နှင့်ဆုံတွေ့


 သြဂုတ်လ ၁၈ရက် ပြည်ပသတင်းဌာန၏ တင်ပြချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကိုယ်ဝန်၈လရှိသည့်အချိန်၌ ၀မ်းဗိုက်နေရာတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး ကျည်ဆန်သည် သူမ၀မ်းဗိုက်အတွင်းရှိ ကလေးငယ်အား ထိမှန်ခဲ့သောကြောင့် ကလေးအား လမစေ့မီ မွေးဖွားခဲ့သည်။ ယခုလက်ရှိ တစ်လဆေးကုသ ပြီးနောက် ၀မ်းဗိုက်အတွင်း ကျည်ဆန်ထိမှန်ခဲ့သော ကလေးငယ်မှာ ထူးဆန်းစွာဖြင့် မိခင်နှင့်အတူ ပျော်ရွှင်စွာ နေထိုင်နေပြီဖြစ်သည်။

အစီရင်ခံစာများအရ  ကိုယ်ဝန်၈လလွယ်ထားသူ အမျိုးသမီး Najma သည် ဆန္ဒပြနေသောနေရာသို့ ရောက်ရှိခဲ့ပြီး ဆန္ဒပြနေသောနေရာမှ ပစ်လွှတ်လိုက်သော ကျည်ဆန်မှာ သူမ၏၀မ်းဗိုက်အတွင်းရှိ ကလေးငယ် ၏ ပခုံးနှင့်မျက်လုံး အားထိမှန်ခဲ့ခြင်းဖြစ်သည်။

ရုတ်တရက်တတော်ဆမှုဖြစ်ပေါ်ပြီးနောက် Najma အားအရေးပေါ်ခွဲစိတ် ခဲ့ရပြီး ကလေးငယ်အားလည်း ရက်မစေ့မီမွေးဖွားပေးခဲ့ရပြီး သမီးလေး၏ အမည်မှာ Suraiya ဖြစ်သည်ဟုလည်းသိရှိရသည်။

မိခင်၏၀မ်းကြာသိုက်အတွင်း ဒဏ်ရာရရှိထားသော Suraiyaလေးသည် ကံကောင်းထောက်မစွာဖြင့် နာတာရှည်ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပေ။ ၁၆ရက်နေ့ မွေးဖွားပြီးနောက်ပိုင်း Suraiyaကို ကလေးအထူးကြပ်မတ် ကုသဆောင်တွင် ထားရှိပြီး ယခုအခါတွင် သူမ၏ မိခင်ရင်ခွင်ထဲသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

china.com Myanmar
http://myanmar.china.com

No comments:

Post a Comment