အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယား ပြည်နယ်က မြို့ငယ်လေး တစ်ခုမှာ ဖြစ်ပါတယ်။ မြေဧက ၄၅၀ ဝန်းကျင်ကျယ်တဲ့ ခြံဝိုင်းထဲမှာ အိမ်ကြီး တစ်လုံး ရှိပါတယ်။ ယင်းအိမ်မှာ နေထိုင်သူကတော့ စုစုပေါင်း ၁၀၅ ဦး ရှိပြီး လူကြီးက ၉၂ ဦး ဖြစ်ပြီး ၁၃ ဦးက ကလေးငယ်များ ဖြစ်ပါတယ်။
ယင်း အသိုက်အဝန်းကို တည်ထောင်တာ ၂၀၀၇ ခုနှစ်တုန်းက ဆိုင် နှစ် ၄၀ ပြည့်သွားပါပြီ။ မတူညီတဲ့ မိသားစုများက တစ်နေရာတည်းမှာ စုစည်း နေထိုင်ကြခြင်း ဖြစ်ပြီး အတူလုပ်၊ အတူစားကြ ပါတယ်။ လူကြီးတိုင်း တစ်ပတ်ကို ၄၂ နာရီ အလုပ် လုပ်ရ ပါတယ်။ ခြံဝိုင်းမှာ သီးပင်များ စိုက်ထားပြီး နီးစပ်ရာမှာ ပြန်လည် ရောင်းချ ပါတယ်။ ကားကို အတူမျှသုံးကြ ပါတယ်။ ကလေးယူတာကို အဖွဲ့အစည်းရဲ့ ခွင့်ပြုချက် မရပဲ လုပ်လို့ မရ ပါဘူး။ ခွင့်ပြုချက် ရမှာသာ ကလေးယူ လုပ်လို့ရ ပါတယ်။ အကြောင်းကတော့ ကလေး ပိုလာတိုင်း ပြုစု ကျွေးမွေးရမှု ပိုလာလိုပါ။ ကလေးများကိုလည်း မိခင်၊ ဖခင်များ မအားလပ်တဲ့အခါ အားလပ်သူက အလှည့်ကျ ထိန်းကျောင်းပေးရ ပါတယ်။ ပညာရေးလည်း ထောက်ပံ့ပေးထား ပါတယ်။
ယင်းနေရာဟာ ၂၀၀၇ ခုနှစ်ကနေ စလို့ လူသိများလာပြီး ရုပ်သံလိုင်းများမှလည်း သွားရောက်ရိုက်ကူးကြ ပါတယ်။ ဆင်းရဲသော သူများ အနေဖြင့် ဘဝကို ဘယ်လို အေးချမ်း စည်းလုံးစွာ ရှင်သန် ဖြတ်သန်းကြတယ်ဆိုတာကို သိသာ ထင်သာ မြင်သာ ရှိစေပါတယ်။ ယင်း အိမ်မှာ အားလုံး အလုပ် လုပ်ကြပြီး ကလေးငယ်တွေကိုတောင် အလုပ် လုပ်တဲ့ အလေ့အထ ရှိအောင် တစ်ပတ်ကို တစ်နာရီလောက် စိုက်ခင်းမှာ အလုပ် လုပ်စေသတဲ့။ လူဦးရေ ၁၀၀ ကျော်လေး ရှိတဲ့ သူတို့ အသိုက်အဝန်းလေးဟာ အတူ အလုပ်လုပ်၊ အတူတူ မျှစားကြ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, August 29, 2015
မရှိအတူ မျှစား နေထိုင်ကြတဲ့ လူမှု အသိုက်အဝန်းငယ်လေး
မရှိအတူ မျှစား နေထိုင်ကြတဲ့ လူမှု အသိုက်အဝန်းငယ်လေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 29, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment