Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 15, 2015

စအိုလမ်းကြောင်းထဲ ဆယ်လက်မအရွယ် လက်နှိပ်ဓာတ်မီး ရောက်နေပုံကို ခွဲစိတ်ဆရာဝန်တွေကို ပြောပြဖို့ ငြင်းဆန်ခဲ့တဲ့ အမျိုးသား


တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ က အမျိုးသားတစ်ယောက်ဟာ ဆယ်လက်မ အရွယ်ရှိတဲ့ လက်နှိပ်ဓာတ်မီး စအိုထဲ စိုက်ဝင်နေမှုကြောင့် ဆေးရုံရောက်လာခဲ့ပါတယ်။“ ဆယ်နှစ်အတွင်း ကျွန်တော် ဒီလိုဖြစ်ရပ်မျိုးတွေကို ခွဲစိတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီထက်ပိုကြီးတာဆိုလို့ စားဖိုမှူးတစ်ယောက်ရဲ့ စအိုထဲ ညှပ်ဝင်နေတဲ့ သခွားသီးတစ်လုံး ကိုပဲ တွေ့ ဖူးပါတယ်” လို့ ခွဲစိတ်ဆရာဝန် ဒေါက်တာ Sun က ပြောပါတယ်။

သင် ထင်နေတာနဲ့ ဆန့် ကျင်ဘက်ပါပဲ။ ဒီ လက်နှိပ်ဓာတ်မီးဟာ ကာရာအိုကေဘား တစ်ခုများ စကားများရင်းနဲ့ ထိုလူရဲ့ စအိုထဲ အတင်းထည့်ခံခဲ့ရတာဖြစ်နိုင်ကြောင်း ဒေသခံသတင်းတွေက ဆိုပါတယ်။ တရုတ်ဆေးဝါး ဆိုင်ရာ ကွမ်ကျိုးတက္ကသိုလ်နဲ့ တွဲဘက်ဆေးရုံက ဒေါက်တာ Sun က ဆရာဝန်တွေဟာ ဓာတ်မီးကို ဖယ်ရှားဖို့ ဆရာဝန်တွေဟာ နှစ်နာရီကြာ ခွဲစိတ်ခဲ့ ရတယ်လို့ ဆိုပါတယ်။

“ လူနာက ပုံမှန်အခြေအနေမှာရှိနေပါပြီ၊ နောက်ထပ်နှစ်ရက်လောက်တော့ အူတွင်းသွေးယိုစိမ့်မှုကို စစ်ဆေးဖို့ အတွက် ဆေးရုံမှာ နေရမှာပါ” လို့ ဒေါက်တာ Sun က ပြောကြားခဲ့ပါတယ်။
TrendMyanmar

No comments:

Post a Comment