ဘဂ္ဂဒက် သြဂုတ် ၁၆
ရာမာဒီရှိ အိုင်အက်စ်စစ်သွေး ကြွများကို တိုက်ခိုက်ချေမှုန်းသည့် စစ်ပွဲအတွင်း တပ်စခန်းများကို စွန့်ခွာထွက်ပြေးသွားသော တပ်မှူး များအား စစ်ခုံရုံးဖြင့် စစ်ဆေးရန် ဆုံးဖြတ်ချက်အပေါ် အီရတ် ဝန်ကြီးချုပ် ဟိုက်ဒါအယ်လ်အဘက်ဒီ က သြဂုတ် ၁၆ ရက်တွင် သဘောတူ လိုက်သည်။
အမေရိကန် ကျူးကျော်သိမ်း ပိုက်မှုအပြီး အစိုးရအုပ်ချုပ်ရေး စနစ်အတွင်း အကျင့်ပျက်ခြစား မှုနှင့် စီမံခန့်ခွဲမှု လွဲချော်မှုများကို တည့်မတ်ပေးရန် ရည်ရွယ်၍ အောက်ခြေသိမ်း ပြုပြင်ပြောင်းလဲမှု များမလုပ်မီ အဘက်ဒီက တွန်းအား ပေးလိုက်စဉ် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရာမာဒီ သည် အန်ဘာပြည်နယ်၏ မြို့တော် ဖြစ်ပြီး မေလအတွင်းက အိုင်အက်စ် စစ်သွေးကြွများလက်သို့ ကျရောက် ခဲ့ရသည်။
ဘဂ္ဂဒက် အစိုးရအနေဖြင့် အရှေ့ပိုင်းပြည်နယ်များတွင် တိုက် ပွဲများ အောင်နိုင်ခဲ့ပြီး နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့ တွင်လည်း တိုက်ပွဲများ အနိုင်ရရှိ ရန် မျှော်လင့်ထားသည်။
(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:
Post a Comment