Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 20, 2015

ညအချိန် အင်းယားကန်ပေါင်က လုယက်မှု

 ညအချိန် အင်းယားကန်ပေါင်တွင် လုယက်မှု ကျူးလွန်သူများကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးအရေးယူ
ရန်ကုန်၊ သြဂုတ် ၂၀

၁၉.၈.၂၀၁၅ ရက်နေ့ ၂၂၁၀ အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းယားကန်ပေါင်အဆင်းလမ်းတွင် အမျိုးသားနှင့် အမျိုးသမီးတို့ ထိုင်၍ စကားပြောနေစဉ် အမည်မသိအမျိုးသား(၂)ဦးရောက်ရှိလာပြီး ဖုန်းဆက်လို၍ ဖုန်းခဏပေးရန်ပြောဆိုရာ မရှိကြောင်းပြန်လည် ပြောဆိုစဉ် ၎င်းအမျိုးသား (၂)ဦးမှ ဆင်းကတ်ပါလက်ကိုင်ဖုန်း(၁)လုံးနှင့် ငွေကျပ်(၇၁၀၀)တို့ထည့်ထား သည့် ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားခဲ့ပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သဖြင့် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခံခဲ့၍ အင်းယားကန်ပေါင်တွင် လုံခြုံရေးတာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်များမှသိရှိပြီး လိုက်လံဖမ်းဆီးခဲ့ရာ လုယူထွက်ပြေးသွားသူ များဖြစ်သည့် လှိုင်မြို့နယ်နေ စိုးကြီး(ခ)စိုးလင်းထွေး၊ (၂၂)နှစ်အား ရိုးမရိပ်သာလမ်းတွင် လည်းကောင်း၊ လှိုင်သာယာမြို့နယ်နေ အောင်အောင်၊ (၂၅)နှစ်အား လှည်းတန်းဂုံးတံတား အနီးတွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ စိုးလင်းထွေးနှင့် အောင်အောင်တို့(၂)ဦးထံမှ ၎င်းတို့လုယူ ခဲ့သော ဟန်းဆက်နှင့် ပိုက်ဆံအိတ်တို့အား ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့(၂)ဦးကို ကမာရွတ်မြို့မရဲစခန်း (ပ)၃၅၉/ ၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၈၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment