Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 16, 2015

ဟိုတယ်တွင် သေဆုံးသူ၏ ကိုယ်တွင်းအင်္ဂါများကို ဒုတိယအကြိမ် စစ်ဆေး

 စင်ထရယ်ဟိုတယ်၌ သေဆုံးသူ အမျိုးသမီး၏ ကိုယ်တွင်းအင်္ဂါကို စစ်ဆေးနိုင်ရန် ဒုတိယအကြိမ် သက်ဆိုင်ရာဌာနများသို့ ပေးပို့ထားကြောင်း ပန်းဘဲတန်းမြို့မှ ရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ပြောသည်။

      “ရင်ခွဲပြီး ဗိုက်ထဲမှာရှိတဲ့ ကလီစာတွေကို သက်ဆိုင်ရာ ဌာနတွေကို ပို့ထားတယ်။ ဓာတ်ခွဲ စစ်ဆေးပြီးမှ ဘာကြောင့် သေတယ်ဆိုတာ သိရမှာပါ ပထမရတဲ့ ဆေးစာမှာတော့ ပြင်ပဒဏ်ရာ မရှိပါဆိုပြီး ဖော်ပြထားတယ်”ဟု ၎င်းက ပြောသည်။

      သေဆုံးသူ အမျိုးသမီးမှာ အသက် (၂၂) အရွယ် မ........ ဖြစ်ပြီး ၎င်းသည် ဂျေဂျေ ကေတီဗီ ၀ိုင်းထိုင် အဆိုတော် တစ်ဦးဖြစ်ကြောင်း၊ ဂျေဂျေ ကလပ် ကေတီဗီတွင် တွေ့ဆုံလာသော ထိုင်းနိုင်ငံသားနှင့် အတူ ယင်းဟိုတယ် စတုတ္ထထပ်ရှိ အခန်း အတွင်းသို့ လိုက်လာခဲ့ကြောင်း သိရသည်။

      ထို့နောက် ယင်းအခန်းအတွင်းရှိ ရေချိုးခန်းအတွင်း ၀င်ရောက်ရေချိုးရာမှ တစ်နာရီနီပါး ကြာသည်အထိ ထွက်မလာသဖြင့် ၎င်းထိုင်းနိုင်ငံသားမှ ဟိုတယ် ၀န်ထမ်းများထံသို့ အကူအညီတောင်း၍ ရေချိုးခန်း တံခါး ဖွင့်ကြည့်ရာ ၎င်းအမျိုးသမီးမှာ ရေချိုးကြွေဇလုံ အတွင်း၌ သေဆုံးနေကြောင်း သိရသည်။

      အထက်ပါ အကြောင်းအရာအား ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးနိုင်ရန် ဒုရဲအုပ် မြင့်ဦးမှ တရားလို ပြုလုပ်တိုင်တန်း၍ ပန်းဘဲတန်းမြို့မ ရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

The Messenger Media
http://messengernewsjournal.com

No comments:

Post a Comment