CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, August 12, 2015
ရေဘေးသင့် ဒေသတွင် အရွယ်မရောက်သေးသည့် ကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်
12 August 2015
ရေဘေးသင့်ခဲ့ရသည့် လက်ပံတောင်း ဒေသရှိ ပလောင်ကျေးရွာတွင် ယခုလ(၉) ရက်နေ့၌ အရွယ် မရောက်သေးသည့် ကလေးငယ် တစ်ဦးအား ခိုးယူကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သက်ဆိုင်ရာ ညောင်ပင်ကြီး ရဲခစန်းမှ သိရသည်။
အဆိုပါ အဓမ္မပြုကျင့် ခံခဲ့ရသည့် အသက်မပြည့်သေးသူ မ........(၁၅) နှစ် (၁၀) တန်းကျောင်းသူသည် ဘုန်းကြီးကျောင်းဝင်း အတွင်း၌ တစ်ဦးတည်း ခရေပန်း ကောက်နေစဉ် အမည်မသိ လူတစ်ဦးမှ ရောက်ရှိလာခဲ့ပြီး ၎င်းနောက်တွင် ဖြိုးထက်ဦး ( ၁၉) နှစ်တို့ရောက်ရှိလာပြီး ဘုန်းကြီးကျောင်း တောင်ဘက် ထန်ရိုင်း တောထဲသို့ ဆွဲခေါ်သွားခဲ့ကြောင်း ထန်းရိုင်းတော အရောက်တွင် အမည်မသိသူတစ်ဦးမှ ပြန်လည် ထွက်ခွာသွားပြီး ဖြိုးထက်ဦး (၁၉)နှစ်မှ လက်ထဲတွင် အသင့်ပါလာ သည့် ကြွပ်ကြွပ်အိတ် အနက်ရောင်အိတ် အတွင်းမှ ပုဆိုးအားခင်းကာ အရွယ်မရောက်သေးသည့် (၁၀) တန်းကျောင်းသူအား သားမယားအဖြစ် လေးကြိမ်တိုင်တိုင် ပြုကျင့်ခဲ့ကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။
ယင်းသို့ အရွယ်မရောက်သေးသည့် (၁၀) တန်းကျောင်းသူရဲ့ အကိုဖြစ်သူများမှ မ......(၁၅)နှစ် ပြန်ရောက် မလာသေးသည့်အတွက် နောက်မှ လိုက်၍ ရှာဖွေရာမှ ထန်းရိုင်းတောအတွင်းမှ ပြန်လည် ရှာဖွေတွေ့ရှိသဖြင့် အိမ်သို့ ခေါ်ဆောင်လာခဲ့ကြောင်း၊ ၎င်းနောက် မ.....(၁၅) နှစ်အား မေးမြန်းရာမှ ဖြိုးထက်ဦး (၁၉) နှစ်မှ အတင်းဆွဲခေါ်ကာ သားမယား ပြုကျင့်ခဲ့ကြောင်း သိရှိသဖြင့် ညောင်ပင်ကြီး ရဲစခန်းသို့ တိုင်းကြားခဲ့ခြင်း ဖြစ်ကြောင်း မှူခင်းမှတ်တမ်များ အရ သိရသည်။
ယင်းသို့ အရွယ် မရောက်သေးသည့် (၁၀)တန်း ကျောင်းသူအား သားမယား ပြုကျင့်ခဲ့သူအား သက်ဆိုင်ရာမှ ဖမ်းဆီးထားခဲ့ပြီး ဆားလင်းကြီး မြို့မရဲခစန်းတွင် (ပ) ၁၅၀/၂၀၁၅ ပြစ်မှူပုဒ်မ ၃ရ၆/ ၃၆၃ အရ အမှုဖွင့် အရေးယူထားကြောင်း သက်ဆိုင်ရာ ညောင်ပင်ကြီး နယ်မြေရဲခစန်းမှ ထပ်မံ သိရသည်။
The Messenger Media
ရေဘေးသင့် ဒေသတွင် အရွယ်မရောက်သေးသည့် ကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 12, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment