CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, August 15, 2015
မီတာ ၁၀၀၀ အကွာမှ ကျည်ဆန်သုံးတောင့်နှင့် စစ်သွေးကြွသုံးယောက်ကို ဇီဝိန်ခြွေ၍ သားအဖနှစ်ယောက်ကို ကယ်တင်နိုင်ခဲ့
ဖခင်တဦးနှင့်ရှစ်နှစ်အရွယ် သားလေးတယောက်တို့ကို အိုင်အက်စ်စစ်သွေးကြွတွေက ယုံကြည်မှု ဘာသာမကူးပြောင်းတဲ့အတွက် လူမြင်ကွင်းမှာ ခေါင်းဖြတ်သုတ်သင်ဖို့ ဆွဲထုတ်လာခဲ့တယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ခေါင်းဖြတ်ကာနီးမှာ ကိုက် ၁၀၀၀ အဝေးက လက်ဖြောင့်တပ်သားတွေရဲ့လက်ချက်ကြောင့် ခေါင်းဖြတ်စီရင်မယ့်သူ ထိမှန်သေဆုံးသွားပြီး သားအဖနှစ်ယောက် ခေါင်းဖြတ်ခံရမယ့်ဘေးက လွတ်မြောက်သွားခဲ့ပါတယ်။
သတင်းရင်းမြစ်များအရ စစ်သွေးကြွတွေဟာ ဆီးရီးယားတူရကီနယ်စပ်မှာရှိတဲ့ မြို့တမြို့ကိုဝင်လာကြပြီး သူတို့ နဲ့ဆန့်ကျင်ဘက် ရှီယိုက်ဘာသာဝင်တွေကို ဖမ်းဆီးခဲ့တယ်။ ဆွန်နီဘာသာကို မကူးပြောင်းတဲ့သူမှန်သမျှ ခေါင်း ဖြတ်ပြီး ကွပ်မျက်ခဲ့ကြပါတယ်။ ဒီနည်းနဲ့ရှီယိုက်ဘာသာဝင် သားအဖနှစ်ယောက်ကို လူမြင်ကွင်းမှာ ခေါင်းဖြတ် အပြစ်ပေးဖို့ပြင်ဆင်နေချိန်မှာ အီရတ်စပိုင်တဦးက ယင်းဒေသမှာရှိနေတဲ့ ဗြိတိသျှအထူးလေကြောင်းတပ်ဖွဲ့ကို လှမ်းပြီး အကြောင်းကြားခဲ့တယ်။
အထူးတပ်ဖွဲ့ လက်ဖြောင့်သမားတွေက မှန်ပြောင်းနဲ့ မြင်တွေ့နေရတာ ကတော့ ဓားရှည်ကိုင်ထားတဲ့ လက်မရွံ့လူသတ်သမားနဲ့ အေကေ ၄၇ သေနတ်ကိုင်ထားတဲ့ စစ်သွေးကြွ နှစ်ယောက်ဟာ သားအဖနှစ်ယောက်ကိုသတ်ဖြတ်ဖို့ ပြင်ဆင်နေတာတွေ့ရတယ်။ အရပ်ရှည်ရှည် မုတ်ဆိတ် မွေးနဲ့ အကြမ်းဖက်လူသတ်သမားက သူ့ရဲ့ဓားရှည်ကို ဆွဲထုတ်တယ်။ သားအဖနှစ်ယောက်ကို ရိုက်ပုတ်ပြီး ခြေထောက်နဲ့ကန်တယ်။
ဒီအချိန်မှာ မီတာ ၁၀၀၀ အကွာကနေပြီး ဗြိတိသျှလက်ဖြောင့်သေနတ်သမားက လူသတ်ကောင်ရဲ့ဦးခေါင်းတည့်တည့်ကိုချိန်ပြီး ပစ်ထည့်လိုက်တယ်။ ဒသမ ၅၀ ကျည်ဆန်ဟာ လူသတ်သမား ရဲ့ခေါင်းကို ဖောက်ထွင်းသွားခဲ့တယ်။ အဲဒီနောက်မှာတော့ သေနတ်ကိုင်ထားတဲ့ အိုင်အက်စ်စစ်သွေးကြွနှစ်ဦး ကိုလည်း ကျည်ဆန်တချက်စီနဲ့ချိန်ပြီး ပစ်ထည့်လိုက်တယ်။ ကျည်ဆန်သုံးတောင့်နဲ့ စစ်သွေးကြွသုံးဦးကို အဆုံးစီရင်နိုင်ခဲ့ပါတယ်။
ဒါကတော့ လက်ဖြောင့်စစ်သည်တွေရဲ့ ကျွမ်းကျင်မှုနဲ့ အပြစ်ကင်းမဲ့တဲ့ လူသားတွေကို ကယ်တင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တခုပဲ ဖြစ်ပါတယ်။
ထွဋ်ဝင်းထွဋ်
Ref : Conservative Tribune
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မီတာ ၁၀၀၀ အကွာမှ ကျည်ဆန်သုံးတောင့်နှင့် စစ်သွေးကြွသုံးယောက်ကို ဇီဝိန်ခြွေ၍ သားအဖနှစ်ယောက်ကို ကယ်တင်နိုင်ခဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 15, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment