![]() |
| A Sabreliner Jet And A Cessna 172 Collided In Mid-Air Near San Diego |
လော့စ်အိန်ဂျလိစ် ၊ ၁၈-၈-၂၀၁၅
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းတွင် လေယာဉ်နှစ်စင်း တိုက်မိခဲ့ရာ အနည်းဆုံး လူငါးဦးသေဆုံး ခဲ့ကြောင်း အမေရိကန် သတင်းဌာန တစ်ခုက ထုတ်ပြန် ထားသည်။
အင်ဂျင် နှစ်လုံးတပ် Sabreliner အမျိုးအစား လေယာဉ် တစ်စင်းသည် အခြား အင်ဂျင်တစ်လုံးတပ် Cessna 172 အမျိုးအစား လေယာဉ်ငယ် တစ်စင်းနှင့် မက္ကဆီကို နယ်စပ် ဆန်ဒီယေဂိုမြို့ အနီးရှိ ဘရောင်းဖီးလ် လေဆိပ် အနီးတွင် သြဂုတ် ၁၆ ရက်က တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းစာ က ဖော်ပြခဲ့သည်။
အဆိုပါ မတော်တဆ ဖြစ်ပွားမှု အတွင်း အနည်းဆုံး လူငါးဦး သေဆုံးပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် မတော်တဆ ဖြစ်ရသည့် အကြောင်းရင်းကို မသိရ သေးကြောင်း ဆန်ဒီယေဂို ယူနီယံ သံတော်ဆင့် သတင်းစာ၏ ဖော်ပြချက် အရ သိရသည်
#PyiChitThar

No comments:
Post a Comment