Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 17, 2015

ဘန်ကောက်မြို့လယ်မှာ အင်အားပြင်း ဗုံး ပေါက်ကွဲ



လူ​စည်​ကား​ရာ ​ဧ​ရာ​ဝဏ် ​ဘု​ရား​အ​နီး​မှာ ​ဗုံး​ကွဲ​ခဲ့။ 
  ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်က ဧရာဝဏ် လေးမျက်နှာ ဘုရား အနီးမှာ ဒီကနေ့ တနင်္လာနေ့ ဒေသအချိန် ညဦးပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့တယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၂ ယောက် သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲရာ နေရာတဝိုက်မှာ အပျက်အစီးတွေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြန့်ကျဲနေတယ်လို့ အခင်းဖြစ်ရာကို ရောက်ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ဂျွန်နသန် ဟက်ဒ်က ဆိုပါတယ်။

လူစည်ကားတဲ့ ဧရာဝဏ် ဘုရားအနီး တဝိုက်မှာ ရှိတဲ့ လူတွေဟာ ဗုံးပေါက်တဲ့ စက်ကွင်းထဲမှာ ရှိနေခဲ့တယ်လို့ သူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

မြန်မာပြည်သားတစ်ယောက်ဖုန်းနဲ့ မှတ်တမ်းတင်ထားတဲ့ဘန်ကောက်ဗုံးကွဲမှု https://www.youtube.com/watch?v=glPy2mTif5c
Posted by The Melting Pot 4 U on Monday, 17 August 2015

No comments:

Post a Comment